အပင်ကြီးထွားမှုအဆင့်အလိုက် ရေလိုအပ်ချက်
သီးနှံပင်ကိုလိုက်၍ အပင်ကြီးထွားမှုအဆင့်ဆင့်ပေါ်တွင် ရေလိုအပ်ချက် မတူညီကြပါ။
သီးနှံပင် သက်တမ်းတစ်လျှောက်တွင်
- အပင်ကြီးထွားမှုအဆင့်(Vegetative stage)
- သီးပွင့်မှုအဆင့် (Reproductive stage)၊
- ရင့်မှည့်မှုအဆင့်(Ripening stage) ဟူ၍ရှိရာ
သီးနှံပင်အများစုအတွက် ရေအများဆုံးလိုအပ်သောအချိန်မှာ သီးပွင့်မှုအဆင့်ဖြစ်ပါသည်။
သီးနှံပင်များ၏ ရေလိုအပ်ချက်သည် ၎င်းသီးနှံပင်၏ ရေသုံးစွဲမှုနှင့် ပင်ရည်ပျံခြင်းပေါ်တွင် မူတည်ပါသည်။ သီးနှံပင်များ၏ ရေသုံးစွဲမှု တွက်ချက်ရာတွင် အောက်ပါ အချက်များကိုသတိပြုရန်လိုအပ်ပါသည်။
- (က) မြေပြင်မှ ရေငွေ့ပျံနှုန်း
- (ခ) စိုထိုင်းဆ
- (ဂ) အပူချိန်
- (ဃ) သီးနှံစိုက်ပျိုးချိန်
- (င) သီးနှံစိုက်ပျိုးမှုပုံစံ
- (စ) မိုးရွာသွန်းမှု
- (ဆ) သွင်းရေ ထည့်သွင်းအသုံးပြုခြင်း
- (ဇ) မြေအမျိုးအစားနှင့် မြေမျက်နှာသွင်ပြင် အနေအထား
- (စျ) အရွက်၏သဘာဝ
- (ည)နေ့တာအတိုအရှည်
- (ဋ) အပူရှိန်ပြင်းထန်မှု
- (ဌ) သီးနှံသက်တမ်း
- (ဍ) သီးနှံကြီးထွားသည့်အဆင့်
- (ဎ) အရွက်အရေအတွက်
- (ဏ) လေတိုက်နှုန်းနှင့်
- (တ) မြေအောက်ရေအနိမ့်အမြင့်
စိုက်ပျိုးသီးနှံပင်များ ရှင်သန်ကြီးထွားရန် သဘာဝမိုးရေဖြင့် မလုံလောက်ပါက ရေသွင်း၍ စိုက်ပျိုးနိုင်ပါသည်။ သီးနှံများ၏ ရေစုပ်ယူနိုင်မှုမှာ သီးနှံ၏အမြစ်စဉ်အင်အားနှင့်ဖွံ့ဖြိုးမှု၊ မြေဆီလွှာအမျိုးအစားနှင့် အတိမ်အနက်ပေါ်မူတည်သည်။ အပင်တို့၏ ရေစုပ်ယူနိုင်စွမ်း ကွာခြားပုံကို အောက်ပါပုံဖြင့် လေ့လာနိုင်ပါသည်။

မြေဆီလွှာရေအစိုဓာတ်အခြေအနေအမျိုးမျိုး၌ အပင်မြစ်များ ကြီးထွားမှု မတူညီပုံ

crd#ရေဆင်းစိုက်ပျိုးရေးတက္ကိသိုလ်
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
Thet Mon
လွန်ခဲ့သော ၁ နှစ် ကသင်္ဘောအတွက်ဆို ကြီးထွားမှု အဆင့်အဆင့်အလိုက် ဘယ်လောက်ရှိမလဲဆရာရှ
အမည်မသိ
လွန်ခဲ့သော ၂ နှစ် ကဍ ပင်
ဇော်မြင့်ဦး
လွန်ခဲ့သော ၂ နှစ် ကခရမ်းပင်စိုက်နည်း
ဇော်မြင့်ဦး
လွန်ခဲ့သော ၂ နှစ် ကဈ
ဇော်မြင့်ဦး
လွန်ခဲ့သော ၂ နှစ် ကဃ
ဆက်စပ်မေးခွန်းများ
ငရုပ်သီး စိုက်ရင်( ရေ အစက်ပေးတဲ့ စနစ်နဲ့ ။ ရေပန်း ပေးတဲ့ စနစ် )နှစ်ခုအားသာ ချက် အားနည်းချက်ပြောပြပေးလို့ရမလား
ကိုရှား • ဖြေကြားချက် 2 ခု
အပင်မတက်လိုဝါလဲဝါနေတယ်ဘာလုပ်ရမလဲ ာ
pupu • ဖြေကြားချက် 5 ခု
တောင်ငူထန်တပင်ဘက်မိုးရှိသေးလာဗျပဲကျဲချင်တာမိုးကြောက်လိုပါမိုးရှိမရှိသိတဲ့ဆရာများဖြေကြားပေးပါအုံ
ko phyo • ဖြေကြားချက် 2 ခု
ဒီစပါး ၃ မျိုးက ဘာ ဖြစ်တာလဲ ရောဂါးကြောင့်လား ပိုးလား ဘယ်တီးရီးယားကြောင့်လား 1 စပါးက စပါးမိုးသီး လား 2က အဖျစ် များပြီး မဲကပ် လိုက်တယ် ဘာကြောင့်လဲ 3က အရွက်ထိပ်ဖျားခြောက်ပြီး ထွက်လားတဲ့စပါး မဲကပ်များပြီး အဖျစ်များပါတယ် သိချင်ပါတယ်
ကျော်ထွေး • ဖြေကြားချက် 5 ခု
ဆောင်မှာစိုက်မှာမိုး ဘယ်နှမ်းမျိုတွေစိုက်ရင်ကောင်မလည်ခင်များ ပြောပေပါအုံးခင်များ
မင်းမင်း • ဖြေကြားချက် 3 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
တစ်ပတ်စာ သီးနှံဈေးကွက် သုံးသပ်ချက် (၅ - ၉.၉.၂၀၂၆)
09/10/2026
ဂေဟစနစ်ကို ကောင်းကျိုးပြုသော ဘီလုံးငှက်များ
09/10/2026
ကြံတစ်တန်လျှင် စက်ရုံအရောက်ဈေး ၁၃၉,၀၀၀ ကျပ်ဖြင့် ဈေးဖွင့်ရန် စီစဉ်နေသည့်အတွက် ပဲခူးတိုင်းရှိတောင်သူများ အခက်ကြုံ
09/10/2026
ငါးမွေးမြူးရေးအတွက် မရှိမဖြစ်အဓိကအကျဆုံး အစာကုန်ကြမ်းဖွဲနု
08/10/2026
အယ်လ်နီညိုကြောင့် ကမ္ဘောဒီးယားနိုင်ငံ ဆိုးရွားစွာ မိုးခေါင်ရေရှားနိုင်ကြောင်း FAO သတိပေးထုတ်ပြန်
08/10/2026
More from Green Way
အားလုံး
အစိမ်းရောင်လမ်းရဲ့ website အသစ်ထဲမှာ ဈေးတန်းကြီးရှိနေပြီဆိုတာ သိထားပြီးကြပြီလား?
07/10/2026
အစိမ်းရောင်လမ်း Viber (09-5053570) ကို ဆက်သွယ်ထားသော မိတ်ဆွေများသို့
30/09/2026
အသံ
ဩစတြေးလျ ပဲတီစိမ်း ကွန်တိန်နာ ၁၀ လုံးကို တရုတ် ငြင်းပယ်လိုက်သဖြင့် တောင်သူများ ပေါင်းသတ်ဆေး အသုံးမပြုရန် စဉ်းစားလာကြ
27/09/2026
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
25/09/2026
ဗီဒီယို
ကျန်းမာကောင်းမွန်သော မြေဆီလွှာရရှိရန်အတွက် ဒေသရင်း အဏုဇီဝသက်ရှိများ (IMO) ကို အသုံးချခြင်း (▶️ ဗွီဒီယို)
07/09/2026