ဟင်းသီးဟင်းရွက်ပင်များကို ရေပေးရာတွင် သိထားရမည့်အချက် (၄) ချက်
ဟင်းသီးဟင်းရွက်ပင်ကို ရေပေးခြင်းသည် အရေးကြီးသောလုပ်ငန်းတစ်ခုဖြစ်သည်။ ရေပေးရာတွင် သစ်ပင်အမြစ်များရှိရာသို့ ရောက်ရှိအောင်ပေးရန်လိုအပ်သည်။ မစို့မပို့ဖြင့် အမြစ်ရှိရာမရောက်လျှင် အပင်ဖြစ်ထွန်းမှုအတွက် အထောက်အကူမဖြစ်သကဲ့သို့ အမြစ်အောက်အထိရေများ ရောက်သွားလျှင်လည်း ရေအပိုကုန်ခြင်းသာဖြစ်သည်။
ဟင်းသီးဟင်းရွက်ပင်များသည် သက်တမ်းတိုပြီး အမြစ်များလည်း မြေဆီလွှာအပေါ်ပိုင်း၌ ဖြစ်ထွန်းကြသည်။ ရေမလုံလောက်လျှင် အပင်ဖြစ်ထွန်းမှုနည်းပြီး အထွက်နှုန်းနည်းခြင်းနှင့် အရည်အသွေးမမီခြင်းများဖြစ်နိုင်သည်။ မြေဆီလွှာ၊ ရာသီဥတုနှင့် သီးနှံအမျိုးအစားတို့သည် ရေမည်မျှလိုအပ်သည်၊ မည်သည့်အခါ ရေပေးရသည်တို့ကို အဆုံးအဖြတ်ပေးသည်။ မိုးများသောဒေသ၌ပင် မိုးရေသည် သစ်ပင်ကလိုအပ်သောရေကို လုံလောက်စွာရမရနှင့် လိုအပ်သောအချိန်ဟုတ်မဟုတ် သတိထားရသည်။ စိုက်ပျိုးပြီးစအပင်များသည် အမြစ်သစ်များထွက်နိုင်စေရန် ရေကို မကြာမကြာလိုအပ်သည်။ ရေလိုအပ်မှုပမာဏနှင့် လိုအပ်သောအချိန်တို့ကို မြေဆီလွှာဖွဲစည်းမှု၊ အပင်ဖြစ်မြန်ဆန်မှု၊ ရာသီဥတုနှင့် ရေပေးနည်းတို့ဖြင့် ဆုံးဖြတ်ရသည်။
၁) မြေဆီလွှာဖွဲ့စည်းမှု
ရေကို မည်မျှများများနှင့် မြန်မြန်စုပ်ယူသည်ဆိုသည်မှာ မြေဆီလွှာဖွဲ့စည်းမှုအပေါ်တွင် မူတည်သည်။ ရွှံ့စေးမြေ (Clay soil) သည် ရေကို နှေးနှေးသာစုပ်ယူပြီး များများစုပ်ယူထားနိုင်သည်။ ထို့ကြောင့် မိုးရေဖြစ်စေ၊ သွင်းရေဖြစ်စေ၊ မြေကွက်မှ အမြန်စီးဆင်းသွားသဖြင့် မြေကြီးကအစိုဓာတ်ကိုကောင်းစွာမရရှိချေ။ ရွှံ့စေးမြေတွင် ရေကို များများနှင့်ကြာကြာပေးရပြီး ခဏခဏပေးရန်မလိုချေ။ သို့ရာတွင် သဲမြေ (Sandy soil) ၌မူ ရေကို နည်းနည်းနှင့် မြန်မြန်ပေးရသည်။ မကြာမကြာထပ်မံပေးရသည်။ ရွှံ့စေးမြေရော၊ သဲမြေပါ သဘာဝမြေသြဇာ ( Organic matter) ထည့်ပေးခြင်းဖြင့် ဖော်ပြပါအားနည်းချက်များကို ပြုပြင်ပေးရသည်။
၂) အပင်ဖြစ်မြန်ဆန်မှု
နှစ်ချင်းစိုက် (ရာသီသီးနှံ) သီးနှံများသည် အပင်ဖြစ်မြန်သဖြင့် မြေဆီလွှာသည် အမြဲအစိုဓာတ်ရှိနေရန် လိုအပ်သည်။ အလားတူပင် နှစ်ရှည်ပင်ဖြစ်သော်လည်း အပင်ပေါက်ကလေးများ (Yong plants) သည် ၎င်းတို့မျိုး အပင်ကြီးများ (အမြစ်စွဲပြီးဖြစ်သော အပင်ကြီး)နှင့် နှိုင်းစာလျှင် ရေကိုမကြာမကြာလိုအပ်သည်။ အလားတူပင် စားသုံးသီးပင်အကြီး (အရွယ်ရောက်ပြီး အပင်)သည် ရေကို များစွာလိုအပ်သည်။ မိုးရေနှင့် မလုံလောက်လျှင် သွင်းရေပေးရသည်။ ပုသောအပင်ကြီးသည် မြင့်သောအပင်ကြီးကဲ့သို့ ရေများစွာမလိုအပ်သော်လည်း အမြစ်များ ၂ ပေပတ်လည်ခန့် ဖြာထွက်နေပါက တစ်ပတ်လျှင် ၂-၄ ဂါလံအနည်းဆုံးလိုအပ်သည်။ မိုးရေချိန်၊ အပူချိန်နှင့် မြေဆီလွှာဖွဲ့စည်းမှုတို့ကိုချင့်ချိန်၍ ရေသွင်းရသည်။
နောက်နှစ်ချက်ဖြစ်တဲ့ ရာသီဥတုနှင့် ရေပေးနည်း အခြေအနေများကို နောက်ဆောင်းပါးတွင် ဆက်လက်ဖော်ပြပါမည်။
ဒေါက်တာချစ်၏ “စားဖို့ စိုက်စို့ ဈေးကွက်တိုးချဲ့ဗျို့ အတွဲ (၁)” စာအုပ်မှကောက်နုတ်ဖော်ပြပါသည်။
U Aye
လွန်ခဲ့သော ၈ လ ကခရမ်းချဉ်ကိုဇန်နဝါရီလစိုက်လျှင်သင့်လျှော်ပါသလားဗျ။
ဆက်စပ်မေးခွန်းများ
ငရုပ်သီး စိုက်ရင်( ရေ အစက်ပေးတဲ့ စနစ်နဲ့ ။ ရေပန်း ပေးတဲ့ စနစ် )နှစ်ခုအားသာ ချက် အားနည်းချက်ပြောပြပေးလို့ရမလား
ကိုရှား • ဖြေကြားချက် 2 ခု
အပင်မတက်လိုဝါလဲဝါနေတယ်ဘာလုပ်ရမလဲ ာ
pupu • ဖြေကြားချက် 5 ခု
တောင်ငူထန်တပင်ဘက်မိုးရှိသေးလာဗျပဲကျဲချင်တာမိုးကြောက်လိုပါမိုးရှိမရှိသိတဲ့ဆရာများဖြေကြားပေးပါအုံ
ko phyo • ဖြေကြားချက် 2 ခု
ဒီစပါး ၃ မျိုးက ဘာ ဖြစ်တာလဲ ရောဂါးကြောင့်လား ပိုးလား ဘယ်တီးရီးယားကြောင့်လား 1 စပါးက စပါးမိုးသီး လား 2က အဖျစ် များပြီး မဲကပ် လိုက်တယ် ဘာကြောင့်လဲ 3က အရွက်ထိပ်ဖျားခြောက်ပြီး ထွက်လားတဲ့စပါး မဲကပ်များပြီး အဖျစ်များပါတယ် သိချင်ပါတယ်
ကျော်ထွေး • ဖြေကြားချက် 5 ခု
ဆောင်မှာစိုက်မှာမိုး ဘယ်နှမ်းမျိုတွေစိုက်ရင်ကောင်မလည်ခင်များ ပြောပေပါအုံးခင်များ
မင်းမင်း • ဖြေကြားချက် 3 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
တစ်ပတ်စာ သီးနှံဈေးကွက် သုံးသပ်ချက် (၅ - ၉.၉.၂၀၂၆)
09/10/2026
ဂေဟစနစ်ကို ကောင်းကျိုးပြုသော ဘီလုံးငှက်များ
09/10/2026
ကြံတစ်တန်လျှင် စက်ရုံအရောက်ဈေး ၁၃၉,၀၀၀ ကျပ်ဖြင့် ဈေးဖွင့်ရန် စီစဉ်နေသည့်အတွက် ပဲခူးတိုင်းရှိတောင်သူများ အခက်ကြုံ
09/10/2026
ငါးမွေးမြူးရေးအတွက် မရှိမဖြစ်အဓိကအကျဆုံး အစာကုန်ကြမ်းဖွဲနု
08/10/2026
အယ်လ်နီညိုကြောင့် ကမ္ဘောဒီးယားနိုင်ငံ ဆိုးရွားစွာ မိုးခေါင်ရေရှားနိုင်ကြောင်း FAO သတိပေးထုတ်ပြန်
08/10/2026
More from Green Way
အားလုံး
အစိမ်းရောင်လမ်းရဲ့ website အသစ်ထဲမှာ ဈေးတန်းကြီးရှိနေပြီဆိုတာ သိထားပြီးကြပြီလား?
07/10/2026
အစိမ်းရောင်လမ်း Viber (09-5053570) ကို ဆက်သွယ်ထားသော မိတ်ဆွေများသို့
30/09/2026
အသံ
ဩစတြေးလျ ပဲတီစိမ်း ကွန်တိန်နာ ၁၀ လုံးကို တရုတ် ငြင်းပယ်လိုက်သဖြင့် တောင်သူများ ပေါင်းသတ်ဆေး အသုံးမပြုရန် စဉ်းစားလာကြ
27/09/2026
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
25/09/2026
ဗီဒီယို
ကျန်းမာကောင်းမွန်သော မြေဆီလွှာရရှိရန်အတွက် ဒေသရင်း အဏုဇီဝသက်ရှိများ (IMO) ကို အသုံးချခြင်း (▶️ ဗွီဒီယို)
07/09/2026