အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
Thant Zin
Thant Zin 1,566
လွန်ခဲ့သော ၆ နှစ် က · ရေနံချောင်း

စံပါယ်ပင်က ပန်းက အစိမ်းရောင်အဖူးထွက်ပြီး အပွင့်လေးတွေ သေးသေးလေးဖြစ်နေတယ်ဆရာတို့

အပင်အာဟာရ စံပယ်ပန်း
12

ဖြေကြားချက် ၁၂ ခု

ထွန်းရာဇာ
ထွန်းရာဇာ 80,438 လွန်ခဲ့သော ၆ နှစ် က

အရွက်တွေပုံသဏ္ဍာန် ပျက်နေပုံအရတော့ စုပ်စားပိုးသယ်ဆောင်ခြင်းကြောင့်ဖြစ်တဲ့ ဗိုင်းရပ်လက္ခဏာလို့ယူဆရပါတယ်ဗျ။ ဗိုင်းရပ်ကြောင့် အပွင့်တွေကြီးမလာတာလို့ထင်ပါတယ်။ များသောအားဖြင့် ဗိုင်းရပ်ရောဂါတွေက ကုသလို့မရပါဘူးဗျ။ကြိုတင်ကာကွယ်လို့သာ ရပြီး ဗိုင်းရပ်ကို သယ်ဆောင်လာတဲ့ စုပ်စားပိုးတွေကို တွေ့ရင် ကောက်ပစ်တာတို့ ၊တမာပိုးသတ်ဆေးဖျန်းပေးတာတို့ လုပ်ပေးပါဗျ။

Thant Zin
Thant Zin 1,566 လွန်ခဲ့သော ၆ နှစ် က

ပုံပြထားပါတယ်ခင်ဗျာ တတ်နိုင်ရင်ကူညီပေးပါအုံး 15 ပတ်လည်လည်း စမ်းသုံးပါတယ်အဆင်မပြေလို့ ကြက်ဥခွံ ငှက်ပျောခွံလည်း ဖျန်းပါတယ်ဗျ

Thant Zin
Thant Zin 1,566 လွန်ခဲ့သော ၆ နှစ် က

ဒီလိုဖြစ်နေပါတယ်ခင်ဗျ

Thant Zin
Thant Zin 1,566 လွန်ခဲ့သော ၆ နှစ် က
Thant Zin
Thant Zin 1,566 လွန်ခဲ့သော ၆ နှစ် က

ကျေးဇူးပါဗျ ရုံးပြန်ပုံရိုက်တင်ပေးပါ့မယ် ကူညီတာ ကျေးဇူးပါ

ကျော့နန္ဒာစိုး
ကျော့နန္ဒာစိုး 270,769 လွန်ခဲ့သော ၆ နှစ် က

အပွင့်ကြီးနေတဲ့အပင်တွေရော သေးနေတဲ့အပင်ရော ဓာတ်ပုံလေးရိုက်ပြီးတင်ပေးမလားရှင့်။ပျိုးပင်ဝယ်ပြီးစိုက်ပျိုးထားတာလား သီးပွင့်မှုကောင်းပြီး အပွင့်လေးပဲသေးနေတာဆိုရင်တော့ ဖြစ်နိုင်တာက မျိုးကြောင့်ရာယ်၊ ပိုးမွှားတေကြောင့်လည်း အပွင့်လိုချင်သလောက်မရတာမျိုးလည်းဖြစ်တတ်တယ် ဒါပေမဲ့အပင်မှာပိုးမွှားကျရောက်ထားတဲ့လက္ခဏာမျိုးမရှိဘူးဆိုရင်တော့ မဟုတ်နိုင်ပါဘူး။ မျိုးတူပြီး ပိုးမွှားကျရောက်မှုလည်းမဟုတ်ဘူးဆိုရင်တော့ ပုလဲထည့်ကျွေးကြည့်ပါလားရှင့်။

ညီညီ
ညီညီ 111,325 လွန်ခဲ့သော ၆ နှစ် က

အမေးကတစ်နေရာ အဖြေတနေရာဖြစ်နေလို့ပါ။

Thant Zin
Thant Zin 1,566 လွန်ခဲ့သော ၆ နှစ် က

နားလည်အောင်ဖြေပေးပါခင်ဗျာ ကူညီမယ်ဆိုရင်လဲ

ညီညီ
ညီညီ 111,325 လွန်ခဲ့သော ၆ နှစ် က

ဘာကြောင့် လွဲချော်မှုတွေဖြစ်နေလဲ

Thant Zin
Thant Zin 1,566 လွန်ခဲ့သော ၆ နှစ် က

မျိုးတူပေမဲ့ တခြားအပင်တွေက အပွင့်ကြီးပြီး 4 ၊5ပင် လောက်က အဲလိုဖြစ်နေလို့ပါ

Thant Zin
Thant Zin 1,566 လွန်ခဲ့သော ၆ နှစ် က

မျိုးက အပွင့်ကြီးမျိုးပါခင်ဗျ

ကျော့နန္ဒာစိုး
ကျော့နန္ဒာစိုး 270,769 လွန်ခဲ့သော ၆ နှစ် က

မျိုးက အပွင့်ကြီးမျိုးလား။ ဖူးပွင့်နှုန်းရောကောင်းနေလားရှင့်။ မျိုးနဲ့လည်းဆိုင်မှာစိုးလို့ပါ။

You
Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။