နှမ်းပင်အဲဒီလိုဖြစ်နေတာ ဘာဆေးသုံးရမလဲဗျ
စုပ်စားပိုးများကျရောက်နေတဲ့ လက္ခဏာပါ။စုပ်စားပိုးအတွက် သိုင်ယာမီသောက်ဇင်၊ဖီပရိုနေးလ်၊ကာတက်ဟိုက်ဒရိုကလိုရိုက်၊(အဆီတာမီပရစ်+လန်ပဒါဆိုင်ဟေလိုသရင်) ပါဝင်သော ဆေးအုပ်စုဝင်တစ်မျိုးမျိုးကို ဆေးညွှန်းအတိုင်းအသုံးပြုပေးပါ။စျေးကွက်ထဲမှာ ရရှိနိုင်တာကတော့ ကေလာ၊အာမိုမက်ဒယ်၊တော်ပီတို၊ဖစ်ပရို၊ဇွန်ဘီ၊ကပ္ပတိန်၊ဘတ်တား၊ဆိုင်လာ စသည်ဖြင့်ပါ။ဆေးဖျန်းမယ်ဆိုရင် အရွက်အောက်မျက်နှာပြင်ကို ဦးစားပေး ထိထိမိမိဖျန်းပေးပါ။မိုးရာသီဖြစ်တာကြောင့် မဖြစ်မနေ ကပ်ဆေးထည့်သုံးပေးပါ။ပိုးသတ်ဆေးများကို အလှည့်ကျသုံးစွဲပါ။ရောဂါကျရောက်နေစဥ် ပုလဲကျွေးခြင်း၊ရွက်ဖျန်းဆေးဖျန်းခြင်းများ ရှောင်ကြဥ်ပါ။
စုပ်ပိုးကျနေတဲ့လက္ခဏာပါ။ပင်လုံးပြန့်ဆေးတစ်မျိုးမျိုးပက်ဖျန်းပေးပါ။အရွက်အပေါ်/အောက်ရွှဲရွှဲဖျန်းပေးပါ။
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
ဆက်စပ်မေးခွန်းများ
စုပ်စားပိုးကြောင့်အရွက်များကုတ်နေသဖြင့်ပြန်လည်ကောင်းမွန်ရန်မည်သည့်ဆေးဝါးအသုံးပြုရမည်ကိုဖြေကြားပေးပါခင်ဗျာ
ဖြေကြားချက် 4 ခု
ဒီလိုမျိုဖစ်နေတယ်ဗျ ဆေးရှိနည်းလမ်းလေညွန်ပေကြပါအုန်
ဖြေကြားချက် 2 ခု
နှမ်းခင်း လှေးပိုးကျတဲ့ ရောဂါလက္ခဏာပြောပြပေးကြပါအုံး ဖျမ်းရမည့်ဆေး ပြောပြကြပါအုံး
ဖြေကြားချက် 2 ခု
ငရုတ်ပင်များကို နွားချေးကျွေးပြီး အရွက်များကုတ်နေသဖြင့် ဘာဆေးသုံးရမလဲ ဖြေကြားပေးပါဗျာ
ဖြေကြားချက် 3 ခု
နှမ်းမှာ အရွက်တွေ ကုတ်နေတာ မှိုလား၊ စုပ်စားပိုးလား အလင်းပြပါဗျ ဘာဆေးသုံးရမလဲ
ဖြေကြားချက် 4 ခု
ကြိုဆိုပါသည်
ဆက်လက်အသုံးပြုရန် ဝင်ရောက်ပါ
မတင်ဘဲ ထွက်မှာ သေချာပါသလား။
သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။