ကွမ်းသီးပင်များတွင် အသီးမတင်ပဲကြွေကျမှုများနေခြင်း၊ ကွမ်းသီးခိုင်တွင် မှိုရောဂါစွဲကပ်မှုကြောင့် အထွက်နှုန်းဆုံးရှုံးနေရမှုအား ဘယ်လိုကာကွယ်နှိမ်နင်းမှုမျိုး ပြုလုပ်လို့ရလဲ သိချင်ပါတယ် ။
ကွင်းသီးပင်ဟာ အဖူးပုပ်ရောဂါ(အသီးပုပ်)ကျရောက်နေတာပါ။ရောဂါကျအပင်၏ ထိပ်ပိုင်းရှိ ခြောက်သေနေသော အသီးမဲ့အခိုင်များ၊အပင်ပေါ်ရှိရောဂါရအသီးများနှင့် အပင်ခြေမှာကြွေကျနေတဲ့ အသီးများအားလုံးကို စိုက်ခင်းနှင့်ဝေးရာသို့သွားပြီး မီးရှို့ဖျက်ဆီးပါ။ကူးစက်ပျံ့ပွားနိုင်တာကြောင့်ပါ။ရောဂါကျရောက်ပါက ဖော့စတိုင်း အေအယ်လ်၊မယ်တယ်လဆီ ပါဝင်သောဆေးအုပ်စုဝင်တစ်မျိုးမျိုးကို ဆေးညွန်းအတိုင်း အသုံးပြု၍ ဖျန်းပေးပါ။ဖို့ကပ်၊ဧလိရတ်၊လောင်၊ပီလာဇီး စသည်ဖြင့် မိမိနှစ်သက်ရာ ရွေးချယ်ဝယ်ယူနိုင်ပါတယ်။ပူနွေးစိုစွတ်တဲ့ရာသီတုဥ မိုးရာသီမှာ ရောဂါကျရောက်လေ့ရှိပါတယ်။ရေသွင်းများခြင်း၊မကြာခဏမိုးရွာ၍မြေအစိုဓါတ်များခြင်း၊ပင်ခြေရေဝပ်ခြင်း တို့ကြောင့်ရောဂါကျရောက်တာပါ။အဖူးပုပ်ရောဂါကျရောက်ခြင်းမရှိစေရန် မိုးဦးကျချိန်မှစ၍ ကော့ပါးပါဝင်သောဆေးများကို ကွင်းသီးပင်ထိပ်ပိုင်းကို ဖျန်းပေးခြင်းဟာ အကောင်းဆုံးကြိုတင်ကာကွယ်ခြင်းပါ။
ဆက်စပ်မေးခွန်းများ
မင်္ဂလာပါ ကွမ်းသီးပင်မှအသစ်ထွက်တဲ့အမြစ်တွေခြောက်နေလို့ဘာဆေးဖြန်းရမလဲ
ဖြေကြားချက် 1 ခု
ကွမ်းသီးလမ်းဖိန်းကြွေတာဘာရောဂါလဲခင်ဗျား
ဖြေကြားချက် 2 ခု
ထိုင်ဝမ်ကွမ်းသီးအပုမျိုး ဝယ်ချင်လို့ပါဗျ ဈေးနှုန်းဘယ်လောက်ရှိမလဲသိချင်ပါတယ် ဧရာဝတီတိုင်း မအူပင်မြို့နယ်ကပါ ဈေး...
ဖြေကြားချက် 0 ခု
အစက်ချပိုက်တွေနဲ့ သွယ်တန်းပုံဈေးနှုန်းလေးများသိချင်ပါတယ်
ဖြေကြားချက် 0 ခု
ကွမ်းသီးအသီးများပြီးအလုံးကြီးအောင်ဘာမြေဩဇာကျွေးရမလဲခင်ဗျ
ဖြေကြားချက် 2 ခု
ကြိုဆိုပါသည်
ဆက်လက်အသုံးပြုရန် ဝင်ရောက်ပါ
မတင်ဘဲ ထွက်မှာ သေချာပါသလား။
သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။