အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ကိုငယ်
လွန်ခဲ့သော ၆ နှစ် က · ပြည်

ကျနော်သင်္ဘောပင်တွေပုံထဲကလိုဖြစ်နေလိုပါ ပိုးကျတာလား မိူကျတာလားဖျာ

ပိုးမွှားရောဂါ သင်္ဘော
Post image
Post image
Post image

ဖြေကြားချက် ၃ ခု

ကိုငယ်
ကိုငယ် 1,160 လွန်ခဲ့သော ၆ နှစ် က

ဟုတ်ကဲပါကျေးဇူပါ

အိစက်ဝေ
အိစက်ဝေ 68,534 လွန်ခဲ့သော ၆ နှစ် က

papaya mosaic ဗိုင်းရပ်စ် ရောဂါလက္ခဏာနဲ့တူပါတယ်။ ဗိုင်းရပ်စ်ရောဂါမို့ ရောဂါကို ကုနိုင်တဲ့ဆေးတော့ မရှိပါဘူး။ စုပ်စားပိုးတွေက အဲ့ဒီဗိုင်းရပ်စ်ကို သယ်ဆောင်ပါတယ်။ ရောဂါသယ်ဆောင်ပြီး ပျံ့ပွားတဲ့နှုန်းက အရမ်းမြန်ပါတယ်။ တခြားအပင်တွေကိုပါ ကူးစက်စေနိုင်တာမို့ ရောဂါဖြစ်နေတဲ့ အပင်ကို နှုတ်ပြီး မီးရှို့ဖျက်ဆီးပစ်ပေးပါ။ ဘေးပတ်ဝန်းကျင်က ပေါင်းပင်၊ အမှိုက်တွေကိုလည်း ရှင်းပေးပါရှင့်။ စုပ်စားပိုးတွေဆက်မလှုပ်ရှားနိုင်တော့အောင် ရောဂါမဖြစ်သေးတဲ့ အခင်းတွေကို တမာပိုး‌သတ်ဆေးလိုမျိုး သဘာဝပိုးသတ်ဆေးတစ်မျိုးမျိုးနဲ့ တစ်ပတ်ကိုတစ်ကြိမ် ဖျန်းပေးပါ။ နောက်ရာသီကျ ခံနိုင်ရည်ရှိတဲ့မျိုးကို စိုက်ပေးပါရှင့်။

မဆုမြတ်ခင်
မဆုမြတ်ခင် 100,154 လွန်ခဲ့သော ၆ နှစ် က

virus ရောဂါ ဖြစ်နေတာပါ

You
Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။