အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
မဆုမြတ်ခင်

မဆုမြတ်ခင်

စိုက်ပျိုးရေးပညာရှင် · ဇမ္ဗူသီရိ

100,154
လွန်ခဲ့သော ၄ နှစ် က

နည်းနည်းပါးပါးအကူညီဖြစ်စေလိုတဲ့ရည်ရွယ်ချက်နဲ့ သိထားတာကို ဝင်ပြီးဖြေပေးလိုက်ပါတယ်ရှင် ဒီထက်ပိုပြည့်ပြည့်စုံစုံကိုတော့ ဆရာတွေဖြေပေးပါလိမ့်မယ်ရှင့်

ရွှေခရုကာကွယ်နိမ့်နင်းနည်းခြင်းနဲ့သုံးစွဲသည့်ဆေးအမျိုးအစားသိချင်ပါတယ်

ရွှေခရု
လွန်ခဲ့သော ၄ နှစ် က

ရွှေခရုတွေကို နှိမ်နင်းဖို့ဆိုရင် အရင်ဆုံးလုပ်သင့်တာက ဥတွေကို ထောင်ပြီးဖျက်ဆီးပစ်တာပါ ခရုရဲ့ သဘာဝအရဆိုရင် ဥတွေကို အမြင့်တွေ တိုင်တွေမှာဥတတ်ပါတယ် အဲ့ဒါကြောင့် လယ်ကွက်ထဲမှာ ကျပမ်းအနေနဲ့ ဝါးတိုင် သစ်သားတိုင်တွေ လိုက်ထောင်လိုက်ပါ ဥတွေလာဥတဲ့အခါကျရင် ဖျက်ဆီးပစ်ပါ သူတို့က ဥနှုန်းရော ပေါက်နှုန်းရော အတော်ကောင်းလို့ ဥတွေကိုတော့ မဖြစ်မနေဖျက်ဆီးဖို့လိုပါတယ် ပြီးတော့ ဘဲမွေးထားတယ်ဆိုရင် ဘဲတွေလွှတ်ကျောင်းပေးပါ နောက်တစ်ခုက လယ်ကွင်းထောင့်တွေမှာ ကျင်းတူးပြီး အရည်ရွှမ်းတဲ့အသီးအနှံတွေကို ချထားပါ ချတဲ့အခါမှာ မနက်စောစောနဲ့ ညနေပိုင်းမတိုင်ခင် ကြိုပြီးထည့်ပါ သူတို့က အဲ့အချိန်တွေဆိုရင် ကျက်စားကြလို့ အဲ့အချိန်မတိုင်ခင်ထောင်ဖမ်းမှ တစ်စုတစ်စည်းတည်းဖမ်းနိုင်မှာပါ နောက်တစ်ခုလုပ်နိုင်တာကတော့ နိုင်သလောက် လက်နဲ့ကောက်တာပါ ဒီကောင်တွေက တစ်ကောင်တွေ့ရင်တောင် နည်းသေးတယ်ဆိုပြီး ချန်မထားသင့်တဲ့အကောင်တွေပါ တွေ့တာနဲ့ ဖျက်ဆီးပစ်ပါ နောက်ဆုံးအဆိုးဆုံးအဆင့်ရောက်ပြီဆိုရင်တော့ ခရုသတ်ဆေး သုံးပါ

ရွှေခရုကာကွယ်နိမ့်နင်းနည်းခြင်းနဲ့သုံးစွဲသည့်ဆေးအမျိုးအစားသိချင်ပါတယ်

ရွှေခရု
လွန်ခဲ့သော ၄ နှစ် က

ကျောပေါ်မှာ အစက်၂၈ စက်ပါတဲ့ လိပ်ခုံးကျိုင်းပါ ပုံမှန်ဆိုရင် လိပ်ခုံးကျိုင်းဆိုတာက တောင်သူအကျိုးပြုပိုးပါ ဒါပေမယ့် အခုမြင်ရတဲ့ လိပ်ခုံးကျိုင်းကတော့ ၁၀၀ ရာခိုင်နှုန်း ဖျက်ပိုးပါ ကိုယ့်စိုက်ခင်းထဲ ကျောပေါ်မှာ အစက် ၂၈ စက်ပါတဲ့ လိပ်ခုံးကျိုင်းတွေ့ပြီဆိုရင်တော့ ကောက်ပြီးတော့သာ ရှင်းပစ်ပါ အခုပုံထဲက ဝါဝါကောင်လေးတွေက အဲ့ဖျက်ပိုးကနေ မွေးထားတဲ့ သားလောင်းအဆင့်တွေပါ အစားအသောက်အရမ်းကြမ်းပါတယ် တွေ့တာနဲ့ အရွက်ကိုချွေပြီးသာ လွှတ်ပစ်ပါ ဥတွေတွေ့ရင်လည်းလွှတ်ပစ်ပါ ဥကနေ အကောင်ပေါက်ဖို့ကလည်း အရမ်းမြန်ပါတယ် ဆေးမသုံးချင်ဘူးဆိုရင်တော့ အပေါ်ကပြောခဲ့သလို ကောက်ပြီးဖျက်ဆီးပစ်ပါ ချွေပြီး သတ်ပစ်ပါ ဥတွေကိုဖျက်ဆီးပစ်ပါ ပြာရှိရင် ပြာဖြူးလို့ရပါတယ် အရမ်းဆိုးလာပြီဆိုရင်တော့ ကလိုပိုင်ရီဖော့၊ ဒိုင်မီသိုအိတ် နဲ့ Flubendiamide (Diamide ဆေးအုပ်စုဝင် စျေးကွက်မှာတော့ ဝိစာရကုမ္ပဏီမှာ တွေ့မိ) အဲ့ထဲက ဆေးတစ်မျိုးမျိုးကို ဆေးညွှန်းအတိုင်း သုံးနိုင်ပါတယ်

ကြက်ဟင်းခါးသီးပင်မှာ ပိုးကျနေလို့ပါ။ ဘာပိုးလဲခင်ဗျ။ သိတဲ့ဆရာများရှိရင်ပြောပြပေးပါနော်။ ဘယ်လိုနည်းလမ်းတွေနဲ့ ကာကွယ်ရမလဲပာ ပြောပြပေးစေလိုပါတယ်။ ဆရာတို့ခင်ဗျာ

လွန်ခဲ့သော ၄ နှစ် က

ပုံထဲက အဲ့ဖြူဖြူလေးတွေက သိပ်မပြတ်သားပေမယ့် ပိုးစေနဲဖြစ်ဖို့များပါတယ် အပင်နည်းနည်းပဲ စိုက်ထားသေးတာဆိုရင် ဂွမ်းမှာ အရက်ပျံ ဒါမှမဟုတ် Dettol ဆွတ်ပြီး ပိုးရှိတဲ့ အရွက်ကို သုတ်ပေးပါ

ဂွေးချိုပင် အပင်ပေါက်က အဲ့လိုအရွက်တွေ လိပ်နေလို့ ဘာလုပ်ပေးရမလဲ ဆရာတို့ ဖြေပေးကြပါဦးဗျာ

လွန်ခဲ့သော ၅ နှစ် က

နောက်တစ်ချက်က အလုပ်တော့ရှုပ်တယ်ဆိုပေမယ့် ဆေးမဖျန်းခင် စမ်းလုပ်ကြည့်သင့်ပါတယ် စပါးခင်းကို Alternative wet and dry method လို့ ခေါ်တဲ့ စိုတစ်ခါ ခြောက်တစ်လှည့်ထားတာပါ ရေသွင်းလိုက်ပြီး အကောင်တွေကို ရိုက်ချကြည့်ပါ အကောင်တွေရေထဲကျလာပြီဆိုရင် ရေပြန်ထုတ်ပါ အဲ့လိုနည်းနဲ့ စိုတစ်ခါခြောက်တစ်လှည့်လုပ်ကြည့်ပါ လုပ်ဖို့ခက်ခဲရင်တော့ အခြားနည်းလမ်းတွေ ရွေးချယ်နိုင်ပါတယ်

ဆရာများခင်ဗျာ ဒါဘာပိုးကျတာလဲခင်ဗျာ ဘာဆေးသုံးကာကွယ်ရမလဲ အကြံပေးပါဦးခင်ဗျာ

စပါးရွက်လိပ်ပိုး/စပါးရွက်ခေါက်ပိုး
လွန်ခဲ့သော ၅ နှစ် က

ပြီးတော့ မြေသြဇာကို ကျွေးတဲ့အခါ သက်တမ်းအလိုက် ကျွေးရမယ့်အချိန်မှာ ကွက်တိရောက်အောင်ကျွေးပေးပါ နိုက်ထရိုဂျင် (ပုလဲ) ကို ကျွေးတဲ့အခါမှာလည်း သတိထားပြီး ချိန်ကျွေးပါ အရွက်ရဲ့ Green Tissue (အစိမ်းရောင် တစ်ရှူး) တွေကို စားတဲ့ ဖျက်ပိုးမလို့ နိုက်ထရိုဂျင်များများကျွေးတာက သူတို့ကို ဖိတ်ခေါ်သလိုဖြစ်နေမှာပါ

ဆရာများခင်ဗျာ ဒါဘာပိုးကျတာလဲခင်ဗျာ ဘာဆေးသုံးကာကွယ်ရမလဲ အကြံပေးပါဦးခင်ဗျာ

စပါးရွက်လိပ်ပိုး/စပါးရွက်ခေါက်ပိုး
လွန်ခဲ့သော ၅ နှစ် က

Rice leaf folder လို့ခေါ်တဲ့ စပါးရွက်လိပ်ပိုးပါ ပြောင်းရွှေ့စိုက်ပြီး တစ်လသားကနေ နှစ်လသားလောက်မှာ အထိက ကျပါတယ် ဆိုဆိုရွားရွားကျပြီဆိုရင်တော့ အထွက်နှုန်းထိခိုက်နိုင်ပါတယ် Alternative host (လက်ခံလွှဲပင်) ဖြစ်တဲ့ စိုက်ခင်းအနီးတစ်ဝိုက်က မြက်ပင်တွေကို ရှင်းလင်းပေးပါ အဲ့ဒီအကောင်တွေတွေ့ရင်လည်း တွေ့သလောက်ဖယ်ရှားပေးပါ ဥတွေကိုလည်းဖယ်ရှားပေးပါ ဥတွေကတော့ အရွက်ရဲ့ ထိပ်ဖျားပိုင်းတွေမှာ ရှိတတ်ပါတယ် အခြေအနေဆိုးလာပြီဆိုရင်တော့ ကလိုပိုင်ရီဖော့ (Chloropyrifos) ကာတက်ဟိုက်ထရိုကလိုရိုက် (Cartap hydrochloride) ပရိုဖီနိုဖော့ (Profenofos) အဇာဒီရက်တင် (Azadiractin) စတဲ့ ဆေးတစ်မျိုးမျိုးကို ဗူးပါအညွှန်းအတိုင်းဖြန်းပေးနိုင်ပါတယ်

ဆရာများခင်ဗျာ ဒါဘာပိုးကျတာလဲခင်ဗျာ ဘာဆေးသုံးကာကွယ်ရမလဲ အကြံပေးပါဦးခင်ဗျာ

စပါးရွက်လိပ်ပိုး/စပါးရွက်ခေါက်ပိုး
လွန်ခဲ့သော ၅ နှစ် က

Rice skipper လို့ခေါ်တဲ့ ဖျက်ပိုးပါ သူက စပါးမှာဆိုရင် Minor insect ဖြစ်ပေမယ့် အခု စိုက်ခင်းရဲ့အခြေအနေအရဆို ဆိုးရွားတဲ့အဆင့်ရောက်နေပါပြီ ဒါကြောင့် ကလိုပိုင်ရီဖော့ (Chloropyrifos) အဇာဒီရက်တင် (Azadirachtin) လမ်ဒါဆိုင်ဟေလိုသရင် (Lamda Cyhalothrin) ဆေးတစ်မျိုးမျိုးဖျန်းပေးရပါမယ် ပြီးတော့ အဘာမက်တင် (Abamectin 2% ) ပါတဲ့ ဆေးကိုလည်း သုံးပေးနိုင်ပါတယ် ဆေးအညွှန်းကတော့ ဗူးပါအတိုင်း ဖျန်းပေးရပါမယ် သူက အရမ်းမပွားတဲ့အတွက် ထိန်းချုပ်ရတာတော့ အရမ်းမခက်ခဲပါဘူး ဥအစုလေးတွေတွေ့ရင်လည်းဖယ်ရှားပေးပါ သူ့ရဲ့ဥတွေကို အရွက်ထိပ်ဖျားတွေမှာရှာကြည့်ပါရှင့်

ဘာဆေးသုံးရမလဲ

လွန်ခဲ့သော ၅ နှစ် က

Red Pumpkin Beetle လို့ခေါ်တဲ့ ဗူးဖရုံကျိုင်းပါ သူက အရေအတွက်နည်းနေသေးရင်တော့ ET (စီးပွားရေးကျော်လွန်စည်း) မကျော်သေးတဲ့အတွက် နှိမ်နင်းစရာမလိုပါဘူး တစ်ပင်မှာ တွေ့ရတဲ့အရေအတွက်က များလာပြီ ဒါမှမဟုတ် မိတ်လိုက်နေတာတွေ့ပြီဆိုရင်တော့ နှိမ်နင်းသင့်ပါပြီ နှိမ်နင်းဖို့ဆိုရင်တော့ အရွက်တွေပေါ်မှာ နေတတ်တဲ့အကောင်ဖြစ်တာကြောင့် ထိသေစားသေတစ်မျိုးမျိုးသုံးစွဲနိုင်ပါတယ် ပမာဏနည်းသေးတဲ့အချိန်ဆိုရင်တော့ ကာကွယ်တဲ့အနေနဲ့ သဘာပိုးသတ်ဆေး တမာပိုးသတ်ဆေး သုံးပေးနိုင်ပါတယ်

ဘာပိုးလဲ ဘယ်လိုနှိမ်းနင်းရမလဲ

လွန်ခဲ့သော ၅ နှစ် က

အစိုဓာတ်များရင်တော့ ကွမ်းရိုးမဲ ဆစ်ပြုတ်တွေ ကျတတ်ပါတယ် ဒါပေမယ့် အဲ့ဒါတွေကလည်း မိုးတွင်းမှာ အကျများတာပါ

ဆရာတို့ ကျွန်တော်တို့ဘက်မှာမိုးရွာလို့ ကွမ်းပင်အတွက် ကွမ်းကျမ်းမာရေးဘာဖြစ်တက်လဲ မိူသက်ဆေးဖျန်းရင် အဆင်ပြေလား

ကွမ်းပင်တွင်ဖြစ်ပေါ်တတ်သောရောဂါများ

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။