ခရမ်းချဉ်ပင်တွင်အလိုအပ်ဆုံး မြေဆီအမျိုးအစားကိုသိလိုပါသည်
ခရမ်းချဥ်ပင်က နိုက်ထရိုဂျင် (N) ပိုတက်ချ်ဓာတ်(K) ကို ပိုလိုအပ်တာပါ ဒါကြောင့် မြေခံမှာဆို NK အချိုးများတဲ့ မြေဆီနဲ့ နွားချေးမြေသြဇာကို ထည့်ပေးရပါမယ် တစ်ခု ရှိတာက ခရမ်းချဥ်ပင်ကို ကယ်လ်ဆီယမ်ဓာတ် ကြွယ်အောင် ထိန်းပေးဖို့လည်းလိုပါတယ် ဘာလို့ဆို blossom end rot လို့ခေါ်တဲ့ ခရမ်းချဥ်ဖင်ပုပ်တဲ့ရောဂါ ကြောင့်ပါ ဒါ့ကြောင့် cal ဓာတ် မချို့တဲ့အောင်လည်း cal ဓာတ်ကြွယ်ဝတဲ့ မြေဆီသြဇာတွေ ထည့်ပေးဖို့ လိုပါတယ် ခရမ်းချဥ်က အာဟာရဓာတ်တွေ အရမ်းစားသုံးတဲ့ heavy feeder အပင်ဖြစ်တာကြောင့် ကိုယ်စိုက်တဲ့ မြေကလည်း မြေဆီသြဇာထက်သန်ဖို့ လိုပါတယ်ရှင့်
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
ဆက်စပ်မေးခွန်းများ
အကိုအမ တို့ခမျာ မင်္ဂလာပါ ကျနော့ခရမ်းချဉ် ဘာဖြစ်တာမှန်းမသိလို့ပါ။ ဘယ်လိုပြုပြင်ရမလဲ လမ်းပြပေးစေပါသည်ခမျာ၊ ကျေး...
ဖြေကြားချက် 5 ခု
ခရမ်းချဉ်အခုမှစစိုက်မှာပါတခါမှမစိုက်ဖူးပါဘူး အခုရာသီဥတုနဲ့ခရမ်းချဉ်စိုက်လို့ဖြစ်နိုင်ပါလားရှင် နောက်ပီးဘယ်...
ဖြေကြားချက် 2 ခု
ဘာကြောင့်လဲဆရာတို ၁လသာနဲအပင်အနိမ့်လေးတေအပွင့်တေနဲဖြစ်နေတယ် အသီးလိုက်နေတယ် ဘာလုပ်ပေးရမလဲ
ဖြေကြားချက် 7 ခု
အသီးကြီးထွားနည်း
ဖြေကြားချက် 2 ခု
ငါးအမိုင်နို ခရမ်းချဉ်ဖြန်းရင်ဘာဖြစ်မလဲဗျအဆင်ပြေလား
ဖြေကြားချက် 5 ခု
ကြိုဆိုပါသည်
ဆက်လက်အသုံးပြုရန် ဝင်ရောက်ပါ
မတင်ဘဲ ထွက်မှာ သေချာပါသလား။
သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။