အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
2,245
လွန်ခဲ့သော ၆ နှစ် က · ကျောက်တံခါး

စိုက်ပျိုးရေးပညာရှင်များ ကျေးဇူးပြုပီးဖြေကြားပေးပါဗျပဲတီးစိမ်းအတွက်မြေခံအဖစ်မြေသြဇာအသုံးပြုပုံစံလေးသိချင်လို့...

စိုက်ပျိုးရေးပညာရှင်များ ကျေးဇူးပြုပီးဖြေကြားပေးပါဗျပဲတီးစိမ်းအတွက်မြေခံအဖစ်မြေသြဇာအသုံးပြုပုံစံလေးသိချင်လို့ပါဗျ ပဲတီစိမ်းအထွက် နှုန်ူးးမြင့်မာစေဖို့ ရာသီသကိတမ်းတလျှောက် ဆောင်ရွက်ချက်များမျှဝေပေးပါပဲတီစိမ်းအတွက် ဂျပ်ဆင် ကြောက်မှုန့် ကဘလိုလုပ်ဆောင်ချက်များအဓိကပေးပါသလဲ ပိုတတ်ကိုမြေခံမှာ ထည့်သုံးရင်ကောအကျိုးသက်ရောက်မှုဘာတွေရှိနိုင်မလဲဗျ

ဖြေကြားချက် ၁ ခု

100,154 လွန်ခဲ့သော ၆ နှစ် က

မြေခံအဖြစ် နွားချေး တင်း၁၀၀ကနေ၁၅၀ထိ အသုံးပြုနိုင်ပါတယ် ပုလဲ ၈ ပြည် တီစူပါ ၂၄ပြည် ပိုတက်ရှ် ၁၂ပြည် သုံးပေးပါ အပင်စိုက်ပြီဆိုရင်တော့ ဂျစ်ပဆန်ကို ပြည်၂၀ သုံးပေးပါ ဒါတွေ အားလုံးက ၁ဧကစာပါရှင့် အထွက်နှုန်းမြင့်မားဖို့အတွက်ကတော့ ပေါင်းရှင်းပေးဖို့အဓိက လိုအပ်ပါတယ် ပန်းမပွင့်ခင်အချိန်ထိ ပေါင်းရှင်းနေဖို့ အဓိက လိုအပ်ပါတယ် ပန်းပွင့်ချိန်မှာတော့ ပုလဲ လက်ချား အရောကို ဖျန်းနိုင်ပါတယ် ၄:၁ နှုန်းနဲ့ ၅ပုံး ကနေ ၆ပုံးထိ အသုံးပြုပေးရပါမယ်ရှင့် အခြားကတော့ ရောဂါတွေကျတတ်လို့ အထူးဂရုပြုသင့်ပါတယ် yellow mosaic virus အကျများလို့ ရောဂါဒဏ်ခံနိုင်တဲ့ ရေဆင်း ၁၁လိုမျိုးကို ရွေးချယ်စိုက်ပေးပါ ပြီးတော့ ကျောက်မှုန့်ထည့်ရခြင်းရည်ရွယ်ချက်က အစေ့အဆံအတွက် အထောက်အပံ့ဖြစ်အောင်ပါ နောက်တစ်ခု ပိုတက်ချ်ကို မြေခံမှာထည့်တာက ပိုတက်ဆီယမ်ဓာတ်ချို့တဲ့မှုမဖြစ်အောင်ရည်ရွယ်ပါတယ် ပဲတီစိမ်းမှာက ပိုတက်ဆီယမ်ဓာတ်က အဓိက လိုအပ်တဲ့ ဓာတ်တစ်ခု အနေနဲ့ ရှိနေပါတယ် သူချို့တဲ့ခဲ့ရင် ပင်စည်တွေပျော့မယ် ယိုင်လဲမယ် အစေ့အဆံတွေရှုံ့တာတွေ သေးတာတွေ ဖြစ်မယ် အပင်ကြီးထွားဖွံ့ဖြိုးမှုတွေ နှေးမယ် ရောဂါဒဏ် ခံနိုင်မှု ပိုနည်းမယ် ဘာလို့ဆို ဆဲလ်တွေက မကြံ့ခိုင်တော့လို့ပါ

You
Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

ဆက်စပ်မေးခွန်းများ

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။