အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
116
လွန်ခဲ့သော ၆ နှစ် က · ကျောက်ကြီး

ပဲတီစိမ်းကိုအခုမှစပြီလုပ်ဒါမို့လို့ပါ ပဲအပင်ထွက်ပြီးဘယ်နှရက်ကြာရင်ဆေးဖျန်းပေးရမလဲ ဘာဆေးတွေကိုဝယ်ဖျန်းရမလဲဖြေ...

ပဲတီစိမ်းကိုအခုမှစပြီလုပ်ဒါမို့လို့ပါ ပဲအပင်ထွက်ပြီးဘယ်နှရက်ကြာရင်ဆေးဖျန်းပေးရမလဲ ဘာဆေးတွေကိုဝယ်ဖျန်းရမလဲဖြေကြားပေးပါနော်

ပိုးမွှားရောဂါ ပဲတီစိမ်း ပဲတီစိမ်းစိုက်ပျိုးနည်း

ဖြေကြားချက် ၂ ခု

အတည်ပြုပြီး 93,756 လွန်ခဲ့သော ၆ နှစ် က

၁၅ရက်သားဆို အခြေအနေ ကြည့်ပြီးဆေးလိုက်လို့ရပြီ တချို့လယ်တွေက ပေါင်းပေါက်ရင် တချို့ တောင်သူတွေ ပေါင်းသတ်ဆေးလိုက်ကြတယ် မြေအစိုဓာတ်များပြီး ခါးရိအမြစ်ပုပ်ရောဂါမျိုးဖြစ်နေရင် ခါးရိရောဂါအတွက်မှိုဆေးသော်လည်းကောင်း ဖလံကွက်တွေကျနေရင်လည်း ထိသေစားသေ ပိုးသတ်ဆေး အပျော့လေးသော်လည်းကောင်း ပျပိုး စုပ်စားပိုး ပင်စည်ထိုးယင် ကျရင် ပင်လုံးပြန့်ဆေးတခုခု ဖျန်းကြတယ်

100,154 လွန်ခဲ့သော ၆ နှစ် က

ဘာပိုးအတွက် ဖျန်းချင်တာပါလဲရှင့် စစိုက်ကတည်းက အစေ့လူးနယ်ဆေးတွေ လူးထားရင်တော့ တော်ရုံ ဖျန်းစရာမလိုသေးပါဘူး အဝါရောင်မိုစိတ်ဖြစ်တာကို ကြိုတင်ကာကွယ်ဖို့အတွက်ဆိုရင်တော့ ကွင်းထဲပတ်ကြည့်လို့ စုပ်စားပိုးတွေ တွေ့တဲ့အချိန်ဖျန်းနိုင်ပါတယ်

You

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။