အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်

ဖြေကြားချက် ၁ ခု

အတည်ပြုပြီး 180,397 လွန်ခဲ့သော ၅ နှစ် က

အပင်ကြီးထွားဖြစ်ထွန်းချိန်ရယ်..ပန်းပွင့်ချိန်ရယ်..သီးတောင့်ဖြစ်တည်ချိန်တွေဟာ အစိုဓာတ်အလိုအပ်ဆုံးအချိန်တွေဘဲဖြစ်ပါတယ်။မြေအစိုဓာ်ကလည်းမရှိ..မိုးကလည်းမရွာဆိုရင်တော့ ပန်းပွင့်မှုလည်းမကောင်း..အသီးတင်မှုလည်းနည်း..အစေ့အဆံလည်းမပြည့်ဝနိုင်တော့ပါ။၂နှစ်ဆက်တိုက်မိုးနည်းလာတာတွေ့ရပါတယ်။ဒါကြောင့်အဆင်ပြေအောင်လုပ်နိုင်တာကတော့ အစိုဓာတ်ထိန်းနိုင်တဲ့မြေဖြစ်အောင်ပြုပြင်ပေးသင့်ပါတယ်။နွားချေးဆွေး..ကြက်ချေးဆွေး..စပါးခွံ/ စပါးခွံဖွဲပြာ..သစ်ရွက်ဆွေး..သစ်စိမ်းမြေသြဇာများပိုမိုအသုံးပြုသင့်ပါတယ်။ရိုးပြတ်တွေကိုမီးမရှို့ဘဲ ထယ်မှောက်ပြီးသစ်ဆွေးမြေသြဇာအဖြစ်အသုံးပြုပါ။ပန်းမပွင့်ခင်မှာ ငါးအမိုင်နိုအက်စစ် ၂..၃ကြိမ်ဖျန်းပေးပါ။ပန်းပွင့်ချိန်မှသီးတောင့်ဖြစ်တည်ချိန်ထိ ပုလဲ +လက် ချား ရွက်ချန်းအားဆေးဖျန်းပေးပါ။အနည်းဆုံး၃ကြိမ်ခန့်ဖျန်းပေးပါ။နောက်တစ်ချက်က စိုက်ချိန်ကို အစိုဓာတ်မိအောင် စောစောစိုက်ပါ။မိုးခေါင်ဒါဏ်ခံနိုင်တဲ့/ဒေသနဲ့သင့်လျော်တဲ့သက်တမ်းတိုအထွက်ကောင်းမျိုးတွေရွေးချယ်စိုက်ပါ(ဥပမာ..ဆင်းရတနာ ၃,ဆင်းရတနာ ၁၄)

You

ဆက်စပ်မေးခွန်းများ

အောက်ပြည်မှာ နွေနှမ်းကိုဘယ်အချိန်စိုက်သင့်ပါသလံ စိုက်နည်ရှင်းပျပေးပါ ဘယ်ချိန်ရေတင်ရသလဲ

ဖြေကြားချက် 1 ခု

ရက်၅၀နှမ်းပါ မိုးမရွာလို့ အပွင့်တိပ်ပြီး အသီး အောင်ဖို့လိုနေပြီ ရေက ကန်ရေကိုပုံးနဲ့သယ်ပြီး ဖျန်းရမလိုဖြစ်​နေ...

ဖြေကြားချက် 1 ခု

ဒီနှစ်မိုးနည်းနေတယ် နှမ်းသီးနှံ စိုက်ပြီး ရေ ဝအောင် မရတေးပါ နောက်မိုးရွာနိုင်ခြေ ရှိ မရှိ သိလိုပါတယ် ကျနော် နေ...

ဖြေကြားချက် 3 ခု

ကျွန်တော်က ကောလင်းနယ်ထဲကပါဗျ ။ စပါးသိမ်းပြီးတဲ့လယ်ကွင်းထဲကို နွေနှမ်းကြဲခင်းလုပ်ကြည့်ချင်လို့ပါ။ ဘယ်လ ဘယ်အ...

ဖြေကြားချက် 3 ခု

မကွေးတိုင်း မြိုင်မြို့နယ် ကပါ အခုချိန် စမုံနက် နှမ်းမျိုးကို ရေသွင်းစိုက်ချင်တာ အဆင်ပြေနိုင်/မပြေနိုင် အကြံ...

ဖြေကြားချက် 6 ခု

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။