အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
118
လွန်ခဲ့သော ၅ နှစ် က · ကန့်ဘလူ

ကျွန်တော်က ကောလင်းနယ်ထဲကပါဗျ ။ စပါးသိမ်းပြီးတဲ့လယ်ကွင်းထဲကို နွေနှမ်းကြဲခင်းလုပ်ကြည့်ချင်လို့ပါ။ ဘယ်လ ဘယ်အ...

ကျွန်တော်က ကောလင်းနယ်ထဲကပါဗျ ။ စပါးသိမ်းပြီးတဲ့လယ်ကွင်းထဲကို နွေနှမ်းကြဲခင်းလုပ်ကြည့်ချင်လို့ပါ။ ဘယ်လ ဘယ်အချိန်မှာ ဘယ်လို နှမ်းမျိုးကြဲရင် အဆင်ပြေနိုင်မလဲဗျ။ ကျွန်တော်လယ်တွေက ချောင်းနံဘေးမှာဆိုတော့ လိုအပ်လို့ရေပေးရမယ်ဆို အလွယ်တကူပေးနိုင်ပါတယ်။ တခါမှ မလုပ်ဖူးလို့ အတွေ့အကြုံရှိတဲ့ မိတ်ဆွေများ ကူညီလို့မျှဝေပေးကြပါဦးဗျ။ ကျေးဇူးတင်လျှတ်ပါ။

ဖြေကြားချက် ၃ ခု

118 လွန်ခဲ့သော ၅ နှစ် က

ဟုတ်ကဲ့ပါ ဆရာ ကျေးဇူးတင်ပါတယ်ခင်ဗျာ

အတည်ပြုပြီး 180,397 လွန်ခဲ့သော ၅ နှစ် က

ပန်းပွင့်ပြီးနောက်ပိုင်း ပုလဲ+လက်ချား ပွင့်သီးအားကောင်းဆေးကို ၅ရက်တစ်ကြိမ်နှုန်းနဲ့ ၃ကြိမ်အနည်းဆုံးဖျန်းပေးပါ။

အတည်ပြုပြီး 180,397 လွန်ခဲ့သော ၅ နှစ် က

နွေနှမ်းကို ဖေဖော်ဝါရီလကုန်..မတ်လအတွင်းစိုက်နိုင်ပါတယ်။နှမ်းပင်ကရေဝပ်တာကိုမကြိုက်ပေမဲ့အစိုဓာတ်တော့လိုတယ်ဗျ။အစိုဓာတ်ဆိုတာကလည်းမြေကြီးစိုရုံ(မိုးဖွဲဖွဲရွာထားသလောက်)ပါဘဲ။ရေကလည်းအဆင် ပြေတာမို့ နွေနှမ်းစိုက်သင့်ပါတယ်။ရေလိုအပ်တဲ့အချိန်တွေကတော့ မစိုက်ခင် စိုက်ခင်းကိုရေအပြည့်လွှမ်းသွားအောင်သွင်းလိုက်ပြီးဖန့်သွားတဲ့အချိန်မှာစိုက်နိုင်ပါပြီ။အပင်ကြီးထွားချိန်ရယ်(၁လသားခန့်),ပန်းပွင့်ချိန်ရယ်, သီးတောင့်ဖြစ်ချိန်ရယ်တွေမှာမိုးမရွာခဲ့ရင်ရေသွင်းပေးရပါမယ်။အများကြီးသွင်းစရာမလိုပါ..နည်းနည်းနဲ့ဖြည်းဖြည်း မြေကြီးစိုရုံသာသွင်းရပါမယ်။များသွားရင်အပင်ခြေရိပြီးသေနိုင်ပါတယ်။မှိုရောဂါကျတတ်ပါတယ်။ဖြစ်နိုင်ရင်ဘောင်နဲ့စိုက်စေချင်ပါတယ်။ဘောင်နဲ့စိုက်ရင်ဘောင်နှုတ်ခမ်းထိရုံရေသွင်းရမှာပါ။ဘောင်နဲ့မစိုက်နိုင်ဘူးဆိုရင် စိုက်ခင်းမြေကိုညီညာပြန့်ပြူးအောင်ညှိပေးရပါမယ်(ရေသွင်းတဲ့အခါရေမဝပ်စေရန်)။မျိုးကတော့ ဆင်းရတနာ(၃),(၄),(၁၄) စတဲ့ ဆင်းရတနာမျိုးတွေစိုက်သင့်ပါတယ်။

You

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။