အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
Chogyi
Chogyi 58
လွန်ခဲ့သော ၅ နှစ် က · ကျိုက်လတ်

မိုးစပါးရိတ်သိမ်းပြီး နွေစပါးပြန်လုပ်တဲ့အခါ စပါးရိုးပြတ်များကို နင်းဘီးနဲ့ တမန်းထဲမြုပ်အောင်ထွန်ယက်ခဲ့ပါတယ် ဒါပေမဲ့ပြသနာက စပါးကြဲပီးနောက်ပိုင်းမှာ စပါးပင်က ဝါကျင့်ကျင့် နဲ့စပါးအထအကြွမကောင်းဘူးဖြစ်နေပါတယ် အဲ့တော့ မိုးစပါးတုန်းကကျန်တဲ့ရိုးပြတ်‌ေတွမပုပ်တာများလား အဲ့ဒီရိုးပြတ်များမြန်မြန်ပုပ်အောင်ဘယ်လို့လုပ်သင့်ပါသလဲခင်ဗျာ နောက်ပီး ဝါကျင့်ကျင့်ဖြစ်နေသောစပါးပင်တွေကိုဘယ်လိုမြေဩဇာမျိုးထည့်သွင်းသင့်ပါသလဲဆိုတာ စိုက်ပျိုးရေးပညာရှင်များနှင့်အတွေ့အကြုံရင့် လယ်သမားကြီးများဖြေကြားပေးစေချင်ပါတယ် လေးစားစွာဖြင့်

မြေဆီလွှာ စပါး စပါးစိုက်ပျိုးနည်း
3

ဖြေကြားချက် ၃ ခု

ညီညီ
ညီညီ 111,325 လွန်ခဲ့သော ၅ နှစ် က

မိုးနှောင်းလွန် စိုက်ပျိုးခြင်းဆိုတာ ရေသွင်းခြင်းနှင့် တမန်းနိုးခြင်း စတဲ့အချက်တွေဟာ စပါးပင်ရဲ့ အမြစ်တိုးဝင်နိုင်စွမ်းအတွက် လိုအပ်ပါတယ်။ ထည်ထိုးရေလောင်ပြီး ပုလဲအစရှိတဲ့ မြေဩဇာတို့ကို ကြိုတင်ထည့်သွင်းပြီး၊ ရေလှောင်ထားခြင်းကို ပြုလုပ်ဖို့ အချိန်ကြိုတင်ယူပြီပြုလုပ်ပေးသင့်ပါတယ်။ရိုးပြတ်များအဆွေးမြန်ဖို့ တချို့က မြက်သတ်ဆေးအပြင်းစားကို ရိပ်သိမ်းပြီးသည်နှင့် ရိုးပြတ်ကို ဆပ်ပြာရေရော၍ဖြန်းပေးခြင်ဟာလည်းဆွေးမြေ့မြန်ပြီး မြေဩဇာဖြစ်လွယ်စေပါတယ်။မိုးရေမရရှိလျင် ရေသွင်းပေးခြင်းဟာလည်း အကြောင်းအချက်တစ်ခုဖြစ်ပါတယ်။မြေကြီးများ ခြောက်သွေ့မာကြောခြင်းဟာ အပင်ဝါခြင်း၏ အဓိကအကြောင်းအချက်ဖြစ်ပါတယ်။ မိုနှေင်းလွန်စပါးကို ရာသီဥတုကို စနစ်တကျ သုံးသပ်ပိုင်းခြားကြည့်ပြီးပါမှ စိုက်သင့်ပါတယ်။ရာသီမကိုက်သော နှစ်များတွင် တခြားသောအပင်ကို စိုက်သင့်ပါတယ်။

Aung  Ko Ko
Aung Ko Ko 116 လွန်ခဲ့သော ၅ နှစ် က

သိချင်တယ် ဖြေကြားပေးဦး

kaung set hei
kaung set hei 406 လွန်ခဲ့သော ၅ နှစ် က

မြန်မြန်ဆွေးစေချင်ရင် ပုလဲ ၄ ပြည်ခန့် ကြဲပြီးရေလှောင်ထားပါ

You
Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။