အစိမ်းရောင်လမ်းမှဆရာများခဗျာ ပဲတိစိမ်းကအပင်ကအနေတော်ပါခမျ ပန်းပွင့်နဲနေလို့ပါ ပန်းပွင့်ဝေဝေဆါဆာပွင့်အောင်ဆေး...
အစိမ်းရောင်လမ်းမှဆရာများခဗျာ ပဲတိစိမ်းကအပင်ကအနေတော်ပါခမျ ပန်းပွင့်နဲနေလို့ပါ ပန်းပွင့်ဝေဝေဆါဆာပွင့်အောင်ဆေးနည်းပြောပြပေးပါခမျ
အစိမ်းရောင်လမ်းမှဆရာများခဗျာ ပဲတိစိမ်းကအပင်ကအနေတော်ပါခမျ ပန်းပွင့်နဲနေလို့ပါ ပန်းပွင့်ဝေဝေဆါဆာပွင့်အောင်ဆေးနည်းပြောပြပေးပါခမျ
ပုလဲ လက်ချား အရော ဖျန်းပါရှင့် ပန်းစပွင့်ချိန်ကနေ စဖျန်းလို့ရပါတယ် သီးတောင့်ဝင်ချိန်အထိ ဖျန်းပေးပါ ဘိုရွန်လက်ချားက ပန်းပွင့်ခြင်းနဲ့ သီးတောင့်တင်ဖို့အတွက် အထောက်အပံ့ပေးလို့ ဖျန်းပေးသင့်ပါတယ် ဆေးစပ်နည်းက ရေ၄ဂါလံဝင် ဆေးဖျန်းပုံးတစ်ပုံးကို ပုလဲ ၁၆ ဇွန်း လက်ချားဘိုရွန် ၄ ဇွန်းနှုန်းနဲ့ ရောစပ်ပြီး တစ်ပတ်တစ်ကြိမ် ဒါမှမဟုတ် ၅ရက်တစ်ကြိမ် နှုန်းနဲ့ ဖျန်းပေးနိုင်ပါတယ်
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
ဆက်စပ်မေးခွန်းများ
ငါးအမိုင်နိုကိုမြေပြင်ချိန်မှာဖြန်းလို့ရပါသလားဆရာ။ဆေးတဗုံးကိုဘယ်လောက်ထည့်ဖြန်းရမလဲဖြေပေးပါအုန်းကျေးဇူးပါ
ဖြေကြားချက် 4 ခု
ကောက်ရိုး အဆွေးမြန်အောင်လုပ်တာ EM နဲ့ ငါးအမိုင်နိုအက်ဆစ် ဘယ်ဟာပိုမြန်လဲ ခမျာ
ဖြေကြားချက် 4 ခု
ကြက်သွန်နီ အတွက် ငါးအမိုင်နို ကို ဘယ်လိုအရွယ်/အချိန် မှာ ဘယ်လို သုံးစွဲရမှာလဲ ဆိုတာသိရအောင် ဖြေကြား ပေးစေခြင်...
ဖြေကြားချက် 1 ခု
ပဲပင်တွေက၂လသားအရွယ်ပါအပင်တွေကတအားကောင်းတယ်အပွင့် ပွင့်တာနည်းနေလို့ဘာဆေးလေးတွေအသုံးပြုရမလဲကျေးဇူးပြု၍အကြံလေးတွေ...
ဖြေကြားချက် 1 ခု
ငါးအမိုင်နိုအက်ဆစ်ကိုစပါးခင်းမှာဖြန်းလို့ရပါသလား NPK ပါဝင်နုန်းနဲ့ဖြန်းရမယ့်အချိန်လေးရောမသိလို့ပါ သိရင်မျှဝေ...
ဖြေကြားချက် 1 ခု
ကြိုဆိုပါသည်
ဆက်လက်အသုံးပြုရန် ဝင်ရောက်ပါ
မတင်ဘဲ ထွက်မှာ သေချာပါသလား။
သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။