ဖြေကြားချက် ၃ ခု
၁။ မျိုးအရင်ရွေးရပါမယ် ၂။ နိုက်ထရိုဂျင် အလွန်အကျွံကျွေးတာ ရှောင်ရပါမယ် ၃။ ပိုတက်ဆီယမ် မြေသြဇာ ပိုကျွေးရပါမယ် (သူက အရွက်ရဲ့ဖယောင်းလွှာတွေကို ထူစေလို့ စုပ်စားပိုးအုပ်စုတွေ မဖောက်နိုင်ပါ) ၄။ တမာပိုးသတ်ဆေး၊ ဆေးရွက်ကြီးပိုးသတ်ဆေးတွေ သုံးပြီး ကြိုတင်ကာကွယ်နိုင်ပါတယ် ၅။ ပတ်ဝန်းကျင်က လက်ခံလွှဲပင်တွေကို ရှင်းပေးပါ ( မျိုးနွယ်တူအပင်တွေတို့၊ အဲ့အင်းဆက် ကျလေ့ရှိတဲ့ အပင်တို့၊ မြက်ပင်တို့ပါ) အဲ့လောက်ကာကွယ်ထားရင် ရပါတယ်။ ယင်ဖြူအတွက်ဆိုရင်တော့ စေးကပ်ထောင်ချောက်တွေပါ လုပ်နိုင်ပါတယ်
ပိုးမွှား ရောဂါဒဏ်ခံနိုင်သော စျေးကွက်ဝင် အထွက်ကောင်းမျိုးကို ရွေးချယ်ပါ။ (ဉပမာ-ရေဆင်း-၉၊ ရေဆင်း -၁၁၊ ရေဆင်း-၁၄)၂။ အပင်ပေါက်ရာခိုင်နှုန်း (၇၅-၈၅) ရှိသည့် မျိုးကို စိုက်ပျိုးပါ။ မြေအောင်းပိုးကာကွယ်ရန် တစ်ဧက လျှင် ဖျူရာဒါန် (၅-၆) ထုပ်ကို စိုက်ကြောင်းတွင် ထည့်ပါ။ အပင်နှစ်ပတ်သားမှ ပန်းပွင့်ချိန်အထိ ပေါင်းမြက်ကင်းစင်အောင် ဆောင်ရွက်ပါ။ ယင်ဖြူ၊ ပျ၊ လှေးတို့ကိုကာကွယ်ရန် အပ်ုနှစ်ပတ်သားကစပြီး ပင်လုံးပျံ့ကိုးသတ်ဆေးတစ်မျိုးမျိုး ဖြန်းထားပေးပါ။ အသေးစိတ်ကို အခုပေးထားတဲ့ ဆောင်းပါး link ထဲ ဝင်ရောက်လေ့လာနိုင်ပါပြီရှင့်။ ပဲတီစိမ်း စိုက်ပျိုးနည်းဆိုင်ရာ အလေ့အကျင့်ကောင်းများ
ဆက်စပ်မေးခွန်းများ
ပဲတီစိမ်းအပင်ငယ်မှာပျကျနေလို့ဘာဆေးသုံးရမလဲ😊
ဖြေကြားချက် 1 ခု
ပဲတီးစိမ်းကို ပွင့်ထွေးပိုး နဲ့လှေပိုးကြနေတာနဲသီးတောင့်ထွက်ခါစမှာအသီးခြောက်နေတာဗျာ ဆေးနာမည် ဘာဖျန်းရမလဲ
ဖြေကြားချက် 1 ခု
ပဲတီစိမ်းအပွင့်ခိုင်ရင်းမာအမြှပ်တွေထနေပါတယ်စေးကပ်ကပ်နဲပါဘာရောဂါဖြစ်နေတာပါလည်း
ဖြေကြားချက် 6 ခု
ပဲတီစိမ်းပျကျလျှင်ဘာဆေးသုံးရမလဲ
ဖြေကြားချက် 3 ခု
ကျွန်တော် ပဲတီစိမ်းခင်းမှာ ပျပိုး ကျနေလို့ ဘာဆေးဖျန်း ရမလဲဗျာ
ဖြေကြားချက် 3 ခု