အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်

ဖြေကြားချက် ၂ ခု

Daw Swe Swe Thin
Daw Swe Swe Thin 233 လွန်ခဲ့သော ၅ နှစ် က

ကောက်ယူဖျက်ဆီးခြင်း ရေသွင်းရေထုတ်ပြုလုပ်ခြင်း

Thein Soe Min
Thein Soe Min အတည်ပြုပြီး 324,019 လွန်ခဲ့သော ၅ နှစ် က

ခရုအန္တရာယ် ဘယ်လိုကာကွယ်မလဲ Golden apple snail (မြန်မာအခေါ်တော့ မသိပါ) ယခင်က ထိုင်ဝမ်ခရု အကြောင်းတင်ထားတဲ့ပိုစ်လေးတွေ့လို့ ထိုင်ဝမ်ခရုနဲတူလို့ပါရေးတင်လိုက်တာပါ။ Golden apple ခရုအမျိုးအစားပေါင်း ၁၀၀ရှိပါတယ်။ သူတို့ဟာ ၁၉၈၀ လောက်မှာ အာရှကို စတင် ပြန့်နှံလာပါတယ်။ အစကတော့ လူစားသုံးဖို့ရည်ရွယ်ထားတာပါ နောက်ပိုင်း မှာ စပါးအတွက်အဓိက ဖျက်ပိုး ဖြစ်လာပါတယ်။ မျိုးကွဲ နှစ်မျိုးရှိပါတယ် Pomacea canaliculata နှင့်Pomacea maculata တိုဖြစ်ပါတယ်။ Golden apple snail ကဘာလဲ သူတို့ဟာ အဓိကအားဖြင့် အပင်ငယ် နှင့် အညောင့်ထွက်စာပြုနေတော့ စပါးပင်လေးများကို စားသုံးပါတယ်။ အပင်အောက်ခြေ ကို ကိုက်ဖြတ်ပြီး အပင် တစ်ခုလုံးကိုဖျက်ဆီးပါတယ်။ ဘယ်လိုပြန်နှံသလဲ၊ ဘယ်မှာတွေနိုင်မှာလဲ ခရုများက ဆည်ရေသွင်းမြောင်းမှ တဆင့်သော် လည်းကောင်း၊ သဘာဝ ရေသွင်းမြောင်းမှ သော်လည်းကောင်း၊ ရေလျှံရေမြုပ်ခြင်းမှ သော်လည်းကောင်း ပြန့်နှံနိုင်ပါတယ်။ လယ်ကွင်းထဲရေ မရှိတော့ရင် သူတို့ဟာ ရွံ့နွံများဖြင့် ဖုံးလွမ်းပြီး ၆ လအထိ မြေကြီးထဲတွင်ခိုအောင်းနိုင်ပါတယ်။ ရေပြန်ရလာရင်တော့ သူတို့ဟာ မြေကြီးထဲက ပြန်လည်ထွက်ပေါ်လာမှာဖြစ်ပါတယ်။ သူတို့ဟာ တိုက်ရိုက်ချ စိုက်တော့ စပါးစေ့များ နှင့် ပျိုးစိုက်သော အပင်များ(၁လသားအရွက်) ထိ တိုက်ရိုက် ဖျက်ဆီးနိုင်ပါတယ်။ အပင်အသက် တစ်လကျော်သွား လျှင်တော့ အပင်ဟာ ခရုဒဏ်ကိုခံနိုင်သွားပါပြီ။ ကိုယ်လယ်ထဲရောက်နေပြီဆိုတာဘယ်လိုသိရှိနိုင်မှာလဲ Golden apple snail လား ဒေသခရုလား အဓိကတော့ အရောင်၊ အရွယ်အစား ဖြင့် ခွဲခြားနိုင်ပါတယ်။ Golden apple snail အခွံအရောင်ကတော့ ရွှံအရောင်ရှိပါတယ်။ ဥအရောင်ကတော့ အပန်းရောင်ပါ။ သူတို့ဟာ ဒေသခရုများထက် ဘာလို့ Golden apple ခရုများဟာအရေးကြီးပါသလဲ Golden apple snail များဟာ စပါးပင်ရဲ့အဓိက ဖျက်ပိုးလို့ ဆုံးဖြတ်နိုင်ပါတယ်။ ထိရောက်စွာ မနိုမ်နှင်းရင် တစ်ညလျှင် ၁ မီတာပတ်လည်အထိဖျက်ဆီးနိုင်ပါတယ်။ ထွက်နှုံး ၅၀ရာခိုင်နှုန်း အထိ ဖျက်ဆီးနိုင်ပါတယ်။ ဘယ်လိုကာကွယ်နှိမ်နင်းမလဲ မြေပြင်ချိန် နှင့် အပင်စစိုက်ချိန်ဟာ အရေးကြီးပါတယ်။ အသေးစိတ်ဖြင့်ဆိုသော် ပျိုးဖြင့်စိုက်လျှင် ရွှေပြောင်းပြီး ၁၀ ရက် အစေ့ချ စိုက်လျှင် စိုက်ပြီး ၃ပတ်အတွင်း ဖြစ်ပါတယ်။ တစ်လကျော် သွားလျှင်တော့ အပင်ဟာ ခရုဒဏ်ကိုခံနိုင်ရည်ရှိသွားပါပြီ။ အတူတကွပူးပေါင်းကာကွယ်ခြင်း အကောင်းဆုံးနည်းလမ်းကတော့ အသင်းအဖွဲ့ဖြင့် ခရုအရေအတွက် နည်းအောင် လုပ်ဆောင်ခြင်းဖြစ်ပါတယ်။ · မြေပြင်ချိန်အတွင်း သို့ အပင်ရွှေ့ပြောင်းစိုက်ပျိုးပြီးစအချိန်အတွင်း အသင်းအဖွဲဖြင့် ခရုများ၊ ခရုဥများကို လိုက်လံဖယ်ရှားခြင်း · စိုက်ပျိုးပြီး အပင်ရက်သား ၃၀မပြည်အချိန်အထိ ရေသွင်းခြင်း နည်းနိုင်သမျှ နည်းအောင် ပြုလုပ်ပေးခြင်း · သဘာဝမိတ်ဆွေပိုးများ များပြားလာအောင်ထိန်းသိန်းခြင်း ဇီဝအားဖြင့် နှိမ်နင်းခြင်း · ပုရွက်ဆိတ်အနီများဟာ ခရုဥများကို စားသောက်နိုင်ပါတယ်။ ဘဲများဟာ ခရုငယ်များ ကို စားသောက်နိုင်ပါတယ်။ အခြား ငှက်မျိုးများလည်း ခရုများကို စားသောက်နိုင်ကြပါတယ်။ မြေပြင်ပြီးချိန် သို့ အပင်စပျိုးပြီး ၁လနောက်ပိုင်းအချိန် ဘဲများကို လယ်အတွင်း ထားရှိခြင်းဖြင့် နှိမ်နင်းနိုင်ပါတယ်။ · Golden apple snail များဟာ ချက်ပြုတ် စားနိုင်သလို့ တိရစ္ဆာန် အစားအစာအဖြင့်လည်း အသုံးပြု နိုင်ပါတယ်။ ချက်ပြုတ်စားမယ်ဆို ဂရုတစိုက် ချက်ပြုတ်ဖို့တော့ လိုအပ်မှာဖြစ်ပါတယ်။ ဘာလို့လည်း ဆိုတော့ သူတို့ဟာ rat lungworm ကိုသယ်ဆောင်သူများဖြစ်ပါတယ်။ ရိုးရာနည်း · ခရုများကိုကောက်ယူခြင်း။ ခရုများဟာ မနက်ပိုင်း နှင့် ညနေနောင်ပိုင်းများဆို လှုပ်ရှားမှုက ပိုအားကောင်းလေ့ ရှိပါတယ်။ ဝါးချောင်းလေးများကို ထောင်ထားပြီး ဥဥဖို့နေရာဖန်တီးပြီး ဥများကို ဖျက်ဆီးခြင်းလည်း ပြုလုပ်နိုင်ပါတယ်။ ခရုများကို သဘောင်္သီးရွက်၊ ပီလောပီနံရွက်ဖြင့် မျှားခေါ်ကာလက်ဖြင့် ကောက်ယူဖမ်းဆီးခြင်း ပြုလုပ်နိုင်ပါတယ်။ · ရေပမာဏထိန်းချုပ်ခြင်း ခရုများဟာ ရေအနက် ၂စင်တီမီတာ (တစ်လက်မရဲ့ လေးပုံသုံးပုံခန့်)ထက် လျှော့နည်းလျှင် သွားလာရ ခက်ခဲပါတယ်။ အပင်ငယ် ရွယ်စဉ်တွင် ရေ ကို ၂စင်တီမီတာအောက် ထိန်းသိမ်းထားခြင်းဖြင့် ကာကွယ်နိုင်ပါတယ်။ လယ်ကွင်းပတ်ပတ်လည် တစ်ပေအကျယ် ၂လက်မအနက်တူးမြောင်းလေးများဖော်ပြီး ရေသွင်းက ခရုများခိုအောင်းရာအဖြစ်ဖန်တီးပြီး အလွယ်တကူ ကောက်ယူ ဖျက်ဆီးနိုင်ပါတယ်။ · အဆိပ်ဖြစ်စေသော အပင်များ အသုံးပြုခြင်း ဆေးရွက်ကြီးအရွက်များ၊ ရှောက်ရွက်များကို လယ်ကွင်းထားရှိခြင်း သို့ တူးမြောင်း လေးများတွင် ထားရှိခြင်း။ · ရေဝင်ရာက်မူကိုထိန်းချုပ်ခြင်း ခရုများဟာ ရေမှတစ်ဆင့် ဝင်ရောက်နိုင်ပါတယ်။ ဇကာ သို့ ဇကာပေါက်ပါသောခြင်းများကို ရေဝင်ရောက်သည့် နေရာတွင် ထားရှိခြင်းဖြင့် ဟန့်တားနိုင်ပါတယ်။ · အပင်ရွှေ့ပြောင်းစိုက်ပျိုးခြင်း အပင်ရွှေပြောင်း စိုက်ပျိုးခြင်းဟာ အစေ့စိုက်ခြင်းထက် ခရုဒဏ်ပိုခံနိုင်ရည်ရှိပါတယ်။ တစ်ကျင်းလျှင် တစ်ပင်နူံးထက် တစ်ကျင်းလျှင် ၃၊ ၄ပင် စိုက်ခြင်းဖြင့်လည်း ကာကွယ်နိုင်ပါတယ်။ ပျိုးရက်သား ၂၅-၃၀ ရက်သားရောက်မှ ရွှေပြောင်းခြင်းဖြင့်လည်း ကာကွယ်နိုင်ပါတယ်။ ဓာတုနည်းဖြင့်နိုမ်နင်းခြင်း အခြားနည်းဖြင့် နိုမ်နင်းလို့ မရတော့ပါက ဓာတုနည်းဖြင့် နှိမ်နင်းနိုင်ပါတယ်။ · နိုက်ထရိုဂျင်ဓာတ်မြေသြဇာကို ရေအနက် ၂စင်တီမီတာအောက် အနက်ရှိ လယ်ကွင်းများတွင် အသုံးပြုခြင်းဖြင့် ခရုများကို နှိမ်နင်းနိုင်ပါတယ်။ · Molluscicides (ခရုသတ်ဆေး) ကိုအပင်ရွှေပြောင်းပြီးချိန် သို့ အစေ့ချစိုက်ပျိုးပြီးချိန်တွင် အသုံးပြုခြင်းဖြင့်လည်း နိုမ်နင်းနိုင်ပါတယ်။ ငွားဆီရှယ် Ref: IRRI Rice Knowledge Bank

You

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။