ဖြေကြားချက် ၂ ခု
အသေးစိတ်ကို ခရုအန္တရာယ် ဘယ်လိုကာကွယ်မလဲ ဒီခေါင်းစဉ်ကို နှိပ်ပြီး ဖတ်နိုင်ပါတယ်ဗျ။
စပါးပျိုးခင်းလား ကြဲခင်းလားဗျ။ ခရုသတ်ဆေးရှိပေမယ့် စိုက်ခင်းကို သေချာမပြင်ထားရင် ဖျန်းတုန်းခဏပဲ သက်သာမှာပါ။ စိုက်ခင်းကို သေချာလေး ပြင်ဆင်စေချင်ပါတယ်။ ၁။ ကန်သင်းလုံအောင် ပြင်ပါ။ ခရုတွေက ရေစီးကြောင်းနဲ့လာတာမို့ ကန်သင်းတွေက မလုံရင် ဝင်စရာပေါက်တွေ များပါတယ်။ ၂။ ရေဝင်ပေါက်ကို ပိုက်စိပ်နဲ့ စစ်ထားပါတယ်။ ဒါမှ ခရုတွေ ကွင်းထဲ မဝင်နိုင်တော့မှာပါ။ ၃။ စိုက်ခင်းထဲ ဘဲလွတ်ကျောင်းပါ။ ဘဲတွေကို ခရုငယ်တွေကို စားသောက်ပစ်ပါတယ်။ ၄။ စိုက်ခင်းထဲမှာ ဝါးခြမ်းတိုင်လေးတွေ လိုက်စိုက်ထားပါ။ ခရုတွေက ဝါးခြမ်းတိုင်ပေါ်တက်ဥပါတယ်။ သူတို့ဥပြီးတာနဲ့ တိုင်တွေကို ကောက်ယူပြီး မီးရှို့ဖျက်ဆီးပါ။ ဥတစ်မြုံကနေ ခရုကောင်ရေ ထောင်ချီပြီး ဥပါတယ်။ ဒါကြောင့် တိုင်တစ်ချောင်းကို မီးရှို့လိုက်တာက ဆေးပုလင်းအများကြီး ကုန်တာကို သက်သာစေပါလိမ့်မယ်။ ၅။ မျှားစာလုပ်နိုင်ပါတယ်။ ခရုတွေက သင်္ဘောရွက်၊ ပိလောပီနံရွက်တွေကို ပိုကြိုက်ပါတယ်။ဒီအရွက်တွေချထားပြီး လာစားတဲ့ ခရုတွေကို လက်နဲ့ကောက်ပစ်ပါ။ ခရုအမိုင်နိုအက်စစ်လုပ်ရင် အပင်အားဆေးတောင် ထပ်ရဦးမှာပါ။ ၆။ ဆေးရွက်ကြီးထည့်ရင် ခရုမလာဘူးလို့ ပြောပေမယ့် ကုန်ကျစရိတ်နဲ့ ထိရောက်မှုနဲ့ မကာနိုင်တဲ့အတွက် သိပ်တော့ အားမပေးချင်ပါဘူး။ ချထားတဲ့နေရာမှာ မရှိဘဲ အာနိသင်မရောက်နေတဲ့ နေရာတွေကို ရှောင်နေနိုင်ပါသေးတယ်။ ပျိုးခင်းဆိုရင်တော့ အားပေးပါတယ်။ ၇။ ဒါတွေကို စုပေါင်းလုပ်ဆောင်နိုင်ရင်တော့ ပိုကောင်းပါတယ်။ မဟုတ်ရင် အခြားခင်းတွေကနေ ကန်သင်ကျော်ပြီးလာတာ၊ အကောင်ငယ်လေးတွေက ရေစီးထဲမျောလာပြီး ကိုယ့်အခင်းထဲ ရောက်လာတာတွေလည်း ဖြစ်နိုင်သေးတယ်။ ၈။ ရွေ့ပြောင်းစိုက်ပါ။ အပင်ကြီးလာရင် ခရုခံကို ပိုပြီး ခံနိုင်လာပါတယ်။ ၉။ ခရုသတ်ဆေးတွေက အခုဆို ကုမ္ပဏီအများစုက ထုတ်နေတာကြောင့် မိမိကြိုက်နှစ်သက်ရာ ကုမ္ပဏီက ဆေးကို ဝယ်ယူသုံးစွဲနိုင်ပါတယ်။ အစပိုင်းမှာတုန်းက ပြောခဲ့သလိုပါပဲ။ စိုက်ခင်းကို သေချာပြင်မထားပဲ ခရုသတ်ဆေးတစ်ခုပဲ အားကိုးနေရင် ထမင်းမစားပဲ အားဆေးပဲ သောက်နေတဲ့လူလိုပဲ ဖြစ်နေမှာပါ။လုံးလည်ချာလည်လိုက်ပြီး ကိုယ့်ရဲ့ စိုက်ပျိုးစီးပွားရေးလုပ်ငန်းက အရင်းနှီးကြီးပြီး အမြတ်ရတာနည်းသွားပါလိမ့်မယ်။ ဒါကြောင့် အပေါ်က ပြောခဲ့တဲ့ နည်းလမ်းတွေကို ကိုယ်တိုင်စဉ်းစားပြီး လုပ်စေချင်ပါတယ်။
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
ဆက်စပ်မေးခွန်းများ
ရွှေခရုကျနေလို့ စပါးပင်တွေပျက်လို့ ဘာဆေးသုံးရမှာလဲညွှန်ပေးပါဗျ
ဖြေကြားချက် 2 ခု
ရွှေခရုကိုဘယ်လို့နိမ်နှင်းရမလဲအလင်ပြပေးပါခင်ဗျာ
ဖြေကြားချက် 2 ခု
နွေစပါးစိုက်ပျိုးရာ ခရုစားရင်ဘယ်လိုလုပ်ရမလည်း
ဖြေကြားချက် 6 ခု
ရွှေခရု စပါးဖျက်ပိုးရဲ့ Life cycle လေး မျှဝေးကြပါအုံးရှင့်
ဖြေကြားချက် 1 ခု
ရွှေခရု အားဘယ်အရာများဖစ်နှိပ်နင်းနိုင်ပါသနည်း
ဖြေကြားချက် 2 ခု