ဖြေကြားချက် ၂ ခု
ရွှေအပ်မှိုစိုက်ပျိုးရန်အတွက် ရောစပ်စာပြုလုပ်နည်းမှာ အခြားမှိုမျိုးများအတိုင်းဖြစ်ပြီး အသုံးပြု သည့် လွှစာတွင် ဝက်သစ်ချလွှစာထက်ဝက်ခန့် ရောနှပ်စပ်ပေး၍ ဖွဲနုကို ၅-၇% အထိထည့်မှသာ မှိုမျှင်ဆင်း အားကောင်းမွန်ကြောင်း စမ်းသပ်ချက်များအရ တွေ့ရှိရပါသည်။ မှိုမျိုးထည့်ပြီးသော စိုက်ထုပ်/စိုက်ဗူးကို မှိုမျှင်ရင့်ကျက်စေသောကာလအတွင်း အပူချိန်ကို၂၀-၂၃ ဒီဂရီစင်တီဂရိတ်နှင့် လေထုစိုထိုင်းဆ ၈၀-၉၀%အတွင်း ထိန်းထားပေးရန် လိုအပ်ပါသည်။ မှိုမျိုးထည့်ပြီး ၂၀ ရက်မှ ၃၀ရက်အတွင်း မှိုမျှင်ပြည့်လာနိုင်ပါသည်။ မှိုမျှင်များပြည့်လာပါက စိုက်ခန်းချစိုက်ပျိုးနိုင်ပါပီ။ ရွှေအပ်မှိုကို အပူချိန် ၁၀ ဒီဂရီစင်တီဂရိတ်မှ ၁၈ ဒီဂရီစင်တီဂရိတ်အတွင်း စိုက်ပျိုးနိုင်သော်လည်း အသင့်တော်ဆုံးအပူချိန်မှာ ၁၃ ဒီဂရီစင်တီဂရိတ်မှ ၁၅ ဒီဂရီစင်တီဂရိတ်အတွင်းဖြစ်ပြီး လေထုစိုထိုင်းဆ ၈၀-၉၀% အတွင်း ထိန်းထားပေးရပါသည်။ ထို့ကြောင့်မြန်မာနိုင်ငံ၏ ရာသီဥတုနှင့်ဆိုလျှင် လေအေးပေးစက်အသုံးပြုပြီး စိုက်ပျိုးမှသာလျှင် ဖြစ်ထွန်းအောင်မြင်နိုင်ပါမည်။ အသေးစိတ်ကို ဒီ ဈေးကွက်ထဲသို့ ထိုးဖောက်ဝင်ရောက်လာသည့် ရွှေအပ်မှို လင့်မှာဖတ်ပါ။ စာတန်းကိုနှိပ်ပြီးလေ့လာနိုင်ပါတယ်။
ဆက်စပ်မေးခွန်းများ
ကျောက်ပွင့်စိုက်ပျိုးလေးသိခြင်ပါ..
ဖြေကြားချက် 1 ခု
မှိုအကြောင်းသိချင်လို့
ဖြေကြားချက် 1 ခု
ကြွက်နားရွက်မှိ ုစိက်ပျိ ုးနည်းသိချင်ပါတယ်ရှင့်
ဖြေကြားချက် 1 ခု
ကြွက်နားရွက်မျိုကို ပြင်ဦးလွင်တွင် စီးပွားဖြစ် စိုက်ပျိုးနိုင်ပါသလားခင်ဗျာ အစိုဈေးကွက် နှင့် အခြောက် စျေးကွက်...
ဖြေကြားချက် 0 ခု
ကြွက်နားရွက်မှို phamphlet ရှိရင် link ပဲဖြစ်ဖြစ် ရချင်ပါတယ်။
ဖြေကြားချက် 2 ခု