ဈေးကွက်ထဲသို့ ထိုးဖောက်ဝင်ရောက်လာသည့် ရွှေအပ်မှို

10/07/2020 15:00 PM တွင် Nyan Lynn Htet Nyan Lynn Htet မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

စိုက်ပျိုးခြင်းနှင့် အကျိုးကျေးဇူးများ

အင်္လိပ်အမည် - Enokitake Mushroom/ Golden Needle Mushroom

 ရွှေအပ်မှို(ခေါ်)ပဲပင်ပေါက်မှိုသည် ယခုအခါနိုင်ငံအနှံ့အပြားတွင် ဈေးကွက်ထဲသို့ စားသောက်ကုန် အဖြစ် ဝင်ရောက်လာခဲ့ခြင်း ဖြစ်ပါသည်။ ရွှေအပ်မှိုသည် ရိုးတံရှည်ပြီး သေးသွယ်သော မှိုတစ်မျိုးဖြစ်ပါသည်။ ၎င်း၏ ရူက္ခဗေဒအမည်ကတော့ Flammulinas ဖြစ်ပြီး မျိုးစိတ်ကတော့ F.velutipes ဖြစ်ပါသည်။ ရွှေအပ်မှိုသည် ကင်ဆာရောဂါများကို ကာကွယ်ပေးပြီး အရသာကောင်းမွန်သည့် ရောင်းအားအကောင်းဆုံးမှိုတစ်မျိုးဖြစ်သည်။ ဂျပန်နိုင်ငံ၊ တိုကျိုမြို့ရှိ Research Institute of the National Cancer Center မှ Dr.TetsuroIkekawa ၏ စမ်းသပ်တွေ့ရှိချက်အရ ရွှေအပ်မှိုသည် ကင်ဆာရောဂါကြောင့် သေဆုံးမှုနှုန်းကို အမျိုးသားများတွင် ၃၆.နှင့် အမျိုးသမီးများတွင် ၄၂.%အထိ လျှော့ချနိုင်ကြောင်း သိရှိရပါသည်။

 ရွှေအပ်မှိုတွင် ခန္ဓာကိုယ်အတွက် အရေးကြီးသောအာဟာရဓာတ်များ ကြွယ်ဝစွာပါဝင်ပြီး ဆိုဒီယမ် နှင့် ကိုလက်စထရော လုံးဝမပါဝင်သောသီးနှံဖြစ်ပါသည်။ ထို့အပြင် ဆေးဖက်ဝင်အာနိသင်များ ပါဝင်သောကြောင့် အရသာကောင်းမွန်ရုံသာမက ကျန်းမာရေးအတွက်ပါ အထောက်အကူပြုသည့် သီးနှံတခု ဖြစ်ပါသည်။ ၁၉၇၃ ခုနှစ်တွင် ပညာရှင်များ၏ လေ့လာချက်အရ ရွှေအပ်မှိုကို စွဲမြဲစွာစားသုံးပါက အစာအိမ်ကင်ဆာနှင့် အသည်းရောဂါများကို ကာကွယ်ပေးနိုင်သကဲ့သို့ ကုသပေးနိုင်စွမ်းလည်းရှိကြောင်း သိရှိရပါသည်။ သို့သော် ရွှေအပ်မှိုတွင် Flammutoxin ခေါ် cardiotoxic protein ပါဝင်သောကြောင့် မကြာခဏစားသုံးတတ်သူများအနေဖြင့် အစိမ်းချည်းဆက်တိုက်စားသုံးခြင်း မပြုသင့်ဘဲ အပူချိန် ၁၀၀ ဒီဂရီစင်တီဂရိတ်တွင် မိနစ် ၂၀ ခန့် အပူပေးချက်ပြုတ်ပြီးမှသာ စားသုံးသင့်ပါသည်။

 စားသောက်ပုံ နှင့် အကျိုးကျေးဇူး

 ရွှေအပ်မှိုဟာ ကျွန်တော်တို့မြန်မာနိုင်ငံမှာကော တစ်ကမ္ဘာလုံးမှာပါ အစားများတဲ့မှိုတစ်မျိုး ဖြစ်ပါသည်။ ရွှေအပ်မှိုကို ဟင်းရည်လုပ်သောက်တာ၊ ကြော်စားတာ၊ ဝက်သားလိပ်ထဲထည့်စားတာ စသည်ဖြင့် အမျိုုးမျိုးလည်း လုပ်စားကြပါသေးသည်။ မြန်မာနိုင်ငံမှာတော့ အများအားဖြင့် ဟော့ပေါ့၊ ခေါက်ဆွဲပြုတ် အစရှိသည်တို့တွင် ထည့်စားလေ့ရှိပါသည်။

 စားသုံးသူများပြားပြီး အကျိုးပြုဓာတ်တွေများစွာပါရှိနေတာကြောင့် ရွှေအပ်မှို၏ ကျန်းမာရေး ကောင်းကျိုးများကို မျှဝေပေးပါမယ်ခင်ဗျာ..

 • သွေးဖိအားကို လျော့ကျစေခြင်း

 • ကိုယ်တွင်းရှိ အဆီဓာတ်များကို လျော့ကျစေနိုင်ခြင်း

 • အူလမ်းကြောင်းကျန်းမာရေးကို အထောက်အကူပြုခြင်း

 • သွေးတွင်းသကြားဓာတ်ကို ထန်းညှိပေးခြင်း

 • ဦးနှောက်မှတ်ဉာဏ်ကို တိုးစေခြင်း

 • ဓာတ်မတည့်မှုဖြစ်ခြင်းများကို လျော့နည်းစေခြင်း

 • နှလုံးကျန်းမာရေးကိုူ အထောက်အကူဖြစ်စေခြင်း

 • သံဓာတ်ချို့တဲ့သွေးအားနည်းရောဂါဖြစ်နိုင်ချေကိူ လျော့ကျစေခြင်း အစရှိသည့်ကောင်းကျိုးများ ရှိပါသည်။

 စိုက်ပျိုးနည်း

 ရွှေအပ်မှိုစိုက်ပျိုးရန်အတွက် ရောစပ်စာပြုလုပ်နည်းမှာ အခြားမှိုမျိုးများအတိုင်းဖြစ်ပြီး အသုံးပြု သည့် လွှစာတွင် ဝက်သစ်ချလွှစာထက်ဝက်ခန့် ရောနှပ်စပ်ပေး၍ ဖွဲနုကို ၅-အထိထည့်မှသာ မှိုမျှင်ဆင်း အားကောင်းမွန်ကြောင်း စမ်းသပ်ချက်များအရ တွေ့ရှိရပါသည်။ မှိုမျိုးထည့်ပြီးသော စိုက်ထုပ်/စိုက်ဗူးကို မှိုမျှင်ရင့်ကျက်စေသောကာလအတွင်း အပူချိန်ကို၂၀-၂၃ ဒီဂရီစင်တီဂရိတ်နှင့် လေထုစိုထိုင်းဆ ၈၀-၉၀%အတွင်း ထိန်းထားပေးရန် လိုအပ်ပါသည်။ မှိုမျိုးထည့်ပြီး ၂၀ ရက်မှ ၃၀ရက်အတွင်း မှိုမျှင်ပြည့်လာနိုင်ပါသည်။ မှိုမျှင်များပြည့်လာပါက စိုက်ခန်းချစိုက်ပျိုးနိုင်ပါပီ။ ရွှေအပ်မှိုကို အပူချိန် ၁၀ ဒီဂရီစင်တီဂရိတ်မှ ၁၈ ဒီဂရီစင်တီဂရိတ်အတွင်း စိုက်ပျိုးနိုင်သော်လည်း အသင့်တော်ဆုံးအပူချိန်မှာ ၁၃ ဒီဂရီစင်တီဂရိတ်မှ ၁၅ ဒီဂရီစင်တီဂရိတ်အတွင်းဖြစ်ပြီး လေထုစိုထိုင်းဆ ၈၀-၉၀အတွင်း ထိန်းထားပေးရပါသည်။ ထို့ကြောင့်မြန်မာနိုင်ငံ၏ ရာသီဥတုနှင့်ဆိုလျှင် လေအေးပေးစက်အသုံးပြုပြီး စိုက်ပျိုးမှသာလျှင် ဖြစ်ထွန်းအောင်မြင်နိုင်ပါမည်။

 စိုက်ခန်းအတွင်း အလင်းရောင်များပြီး ကာဗွန်ဒိုင်အောက်ဆိုဒ်ပါဝင်မှု ၁၀၀၀ ppm ထက် နည်းပါက ရိုးတံတိုတုတ်ပြီးအပွင့်ပွင့်လာနိုင်သောကြောင့် အပွင့်သေးပြီးရိုးတံရှည်ကာ အရောင်ဖြူသည့် ဈေးကွက်ဝင်မှိုများရရှိစေရန်အတွက် အလင်းရောင်နည်းသည့် အခန်းတွင် စိုက်ပျိုးသင့်ပါသည်။ မှိုသန္ဓေခဲများ စတင်ထွက်ရှိလာလျှင် ကာဗွန်ဒိုင်အောက်ဆိုဒ်ပါဝင်မှု ပိုမိုများပြားလာစေရန်အတွက် ဗူးနှုတ်ခမ်းမှိုပွင့်ထွက်မည့် နေရာတွင် ဖလင်ပြားပတ်ထားပေးရန် လိုအပ်ပါသည်။ မှိုပွင့်၏ ရိုးတံအရှည် ၁၅ စင်တီမီတာခန့်ရှိလျှင် စတင်ခူးဆွတ်နိုင်ပါသည်။ ပထမအကြိမ်ခူးဆွတ်ပြီးလျှင် အစိုဓာတ်နည်းပါက ရေပါးပါးဖျန်းပေးသင့်ပြီး ရက်သတ္တပတ် ၂-၃ ပတ်အကြာချိန်တွင် ဒုတိယအကြိမ် ပြန်လည် ခူးဆွတ်နိုင်ပါသည်။ ရွှေအပ်မှိုသည် အရသာ၊ နူးညံ့မှု၊ အနံ့၊ အရောင် အစရှိသည့် စားသုံးမှုဆိုင်ရာ အရည်အသွေးများကောင်းရုံမျှမက ဆေးဘက်ဝင်အာနိသင်များစွာပါရှိသောကြောင့် စားသုံးသင့်သလို စိုက်ပျိုးသင့်သော မှိုတစ်မျိုးလည်း ဖြစ်ပါသည်။

ဥာဏ်လင်းထက်

 Reference: Department of Agriculture (DOA )

 (ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးရန် မေတ္တာရပ်ခံအပ်ပါသည်) 

 


ဗွေဆော်ဦး ကြော်ငြာ

ကိုယ်မွေးထားတဲ့ ငါး၊ ပုစွန်လေးတွေ မြန်မြန်ကြီး၊ များများရှင်စေချင်တယ်ဆိုရင်... အားဆေးကောင်းလေးတွေ ရှိနေပါတယ်ရှင့်... ငါး၊ ပုစွန်လေးတွေ အားရှိသန်မာထွားကျိုင်းသွားစေမဲ့ Aqua Calcium, Aqua Booster, Aqua Mix ဆိုတဲ့ ဆေးလေးတွေပါနော်.. Aqua Calcium ဆိုတာက.. နာမည်နဲ့လိုက်အောင်ပဲ ငါး၊ ပုစွန်တွေအတွက်လိုအပ်တဲ့ ကယ်လ်ဆီယမ်များ ခဲပျစ်ပါဝင်နေတဲ့ အရည်မျိုးဖြစ်ပြီး ဗီတာမင်စီလည်း ပါဝင်ပါတယ်ရှင့်..။ ဒါလေးထည့်ပေးလိုက်ရင် ငါး၊ ပုစွန်တွေရဲ့ ကြီးထွားနှုန်း၊ အရွယ်အစားနဲ့ အသက်ရှင်နှုန်းတို့ကို မြှင့်တင်ပေးပြီး ကန်ထဲမှာလည်း နိုက်ထရိတ်များလျော့ကျအောင် ဆောင်ရွက်ပေးမှာပါနော်..။ Aqua Booster ဆိုတာကတော့… ဘတ်တီးရီးယား၊ ဗိုင်းရပ်၊ ပရိုတိုဇိုအာတွေရဲ့ တိုက်ခိုက်မှုကို ခံနိုင်ရည်ပိုရှိစေမဲ့ အရေးပါတဲ့ ဇီဝကမ္မဆိုင်ရာ အာဟာရအားတိုးဆေးမျိုးပါ။ သူ့မှာက သြဂဲနစ်အက်စစ်အမျိုးမျိုး၊ glycan နဲ့ အမိုင်နိုအက်ဆစ်များ ပေါင်းစပ်ပါဝင်နေလို့ ငါး၊ ပုစွန်တွေရဲ့ ကျန်းမာရေးကော ဇီဝကမ္မဖြစ်စဉ်ကိုကော ကူညီထောက်ပံ့ပေးနိုင်ပါတယ်ရှင့်။ ဒါ့အပြင် အာဟာရစုပ်ယူနိုင်စွမ်းမြင့်စေပြီး အစာခြေအင်ဇိုင်းများကို လှုံ့ဆော်ပေးသလို ဘက်တီးရီးယားဒဏ်ကို လည်း ခံနိုင်ရည်ရှိစေလို့ ကြီးထွားနှုန်းနဲ့ ရှင်သန်နှုန်း မြင့်တက်စေမှာပါနော်။ နောက်တစ်ခု... Aqua Mix ကကောဆိုရင်တော့.. သူက ကယ်ဆီယမ်၊ မဂ္ဂနီဆီယမ်နှင့် ပိုတက်ဆီယမ် ပါဝင်တဲ့ အရောအ‌နှောဖြစ်လို့ ငါး၊ ပုစွန်လေးတွေရဲ့ အသက်ရှင် နှုန်းကို တိုးမြင့်စေပြီး အစာခြေစနစ်ကိုလည်း တိုးတက်စေပါတယ်။ ပြီးတော့ ကြွက်သားများ ကျုံ့ခြင်းတင်းခြင်းများကိုလျော့စေကာ အရေခွံလဲနှုန်းမြင့်စေပြီး အခွံများကို ပိုမာကြော လာစေနိုင်ပါတယ်။ ဒါတင်ပဲလားဆိုတော့...မဟုတ်သေးဘူး...ကြီးထွားနှုန်းလည်း ပိုကောင်းလာပြီး ဖမ်းဆီးချိန်မှာ အသွေးအရောင် လည်း ပိုလှနေစေမှာ ဖြစ်ပါတယ်ရှင့်။ ဆိုတော့ ဒါလေးတွေကို သုံးပေးမယ်ဆိုရင်... ငါး၊ ပုစွန်လေးတွေ ရှင်သန်ကြီးထွားနှုန်းမြင့်မားလာနိုင်တာဆိုတော့... ဝင်ငွေပိုတိုးလာမယ်ဆိုတာက ပြောနေစရာတောင် လိုမှာမဟုတ်ပါဘူးနော်.. ဒါလေးတွေလိုချင်တယ်ဆိုရင်တော့ ‘ဗွေဆော်ဦး’ မှာ ရနေပါပြီရှင့်...
Read more Facebook စာမျက်နှာသို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်