ဖြေကြားချက် ၂ ခု
၁၀။ ဓာတ်မြေသြဇာ အသုံးပြုပုံ အောက်ပါထောက်ခံနှုန်းထားများကို ကျယ်ကျယ်ပြန့်ပြန့်အသုံးပြုနိုင်ပါသည်။ ကြီးထွားမှုအဆင့် အမျိုးအစားနှင့် ဓာတ်မြေသြဇာပေါင်းစပ်ပုံ ၁။ ပန်းမပွင့်မီ NPK 8 : 24:24 (or) 10:52:17 (or)15:30:15 ၂။ ပန်းပွင့်ချိန် NPK ca 12:12:17:2+လိုအပ်လျှင် အနည်းလို အာဟာရထည့်ရန် ၃။ အသီးတင်ပြီး NPK 1:1:1+အနည်းလို အာဟာရများနှင့် သဘာဝမြေသြဇာ ၄။ အသီးတင်ပြီး NPK ca 12:12:17-2 (or) 8:24:24:24 ၉ ပတ်အကြာ ၅။ ရိတ်သိမ်းပြီးချိန် (NPK 15:15:15+ယူရီးယား သို့မဟုတ် NH2SO4 နှင့် သဘာဝမြေသြဇာ) သုံးနှစ်သားရှိအပင်မှ အသီးသီးချိန်တွင် NPK တစ်နှစ်လျှင် ၀.၅ ကီလိုနှုန်း (၃၀ ကျပ်သား) လိုအပ်ပါသည်။ အသီးအများ ဆုံးထွက်သည့်အချိန်တွင် အပင်တစ်ပင်တစ်နှစ်လျှင် ဓာတ်မြေသြဇာ ၅ ကီလိုနှုန်း (၈ ပိဿာ) ထည့်ပေးရန်ဖြစ်သည်။ ဓာတ်မြေသြဇာကို အပင်ခြေနှင့်ကပ်မထည့်ဘဲ Drip cycle (အပင်၏အနားစွန်းမှ ရေစက်ချသည့်အဝိုင်း = canopy) အတိုင်း ဓာတ်မြေသြဇာများ ကို ထည့်ပေးရန်ဖြစ်သည်။ အနည်းလို အာဟာရချို့တဲ့မှုများ ဖြစ်ပေါ်လေ့ရှိသည်။ မဂ္ဂနီစီယမ်ချို့တဲ့မှု (အရွက်မွှားများ အရွယ်အစားသေးငယ်လာခြင်း၊ ရွက်ကြောစိမ်းများကြား အရောင်ပျက်ခြင်း၊ အရွက်ကြွေခြင်း၊ ပန်းပွင့်နည်းခြင်း၊ အမြစ်ဖွံ့ဖြိုးမှုနည်းခြင်း) အတွက် MgSo4 ၁-၂% ကို အရွက်ပေါ်ဖျန်းပေးခြင်း၊ ဒိုလိုမိုဒ်ကျောက်မှုန့်ကို အပင်ခြေတွင် ထည့်ပေးခြင်းများပြုလုပ်ပါ။ ကယ်ဆီယမ်ချို့တဲ့မှု (အပင်ခြောက်လာခြင်း၊ အရွက်ကြီးထွားမှုလျော့သွားခြင်း၊ အပင်ကြီးထွားပိုင်းများ ရပ်တန့်ခြင်း၊ ထိခိုက်ခြင်း) အတွက် မဖောက်ထုံး သို့မဟုတ် ဒိုလိုမိုဒ် ကျောက်မှုန့်ကို အပင်မစိုက်ပျိုးမီကတည်းက ထည့်ပေးပါက ပိုမိုထိရောက်မှုရှိပါသည်။ သို့ရာတွင် ထုံးပါသောပစ္စည်းများကို အပင်ငယ်များသို့ ထည့်ပေးရာတွင် အနည်းဆုံးအရေအတွက်သာ ထည့်ပေးရန်ဖြစ်သည်။ သွပ်ဓာတ်ချို့တဲ့မှုကို တွေ့ရခဲသည်။ သို့ရာတွင် ဇင့်ဆာလဖိတ် ၂ ရာခိုင်နှုန်း ပြင်းအားဖြင့် တစ်နှစ်လေးကြိမ် ဖျန်းပေးပါ။ အသေးစိတ်ဖတ်ရန် - ကြက်မောက်သီး စိုက်ပျိုးနည်း
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
ဆက်စပ်မေးခွန်းများ
ကြက်မောက်ပင်က အရွက်တွေခြောက်နေတာဘာဖြစ်လို့ပါလဲရှင့် အပင်ကလည်းထွားမလာဘူး ဒီလိုမျိုးဖြစ်နေတာ ခြောက်လလောက်ရှိပီ...
ဖြေကြားချက် 2 ခု
ကိုင်းကူးကြက်မောက်ပန်းပွင့်ချိန်ရေလောင်းနည်းသိခြင်လိူ့ပါ
ဖြေကြားချက် 1 ခု
စိုက်ပျိုးနည်း
ဖြေကြားချက် 1 ခု
ကြက်မောက်ပင် က မျိုးစေ့ကို ပျိုးထောင်ပြီးစိုက်ရင် ဘယ်နှစ် နှစ်လောက်ကြာမှ စသီးပါသလဲ သိချင်ပါတယ်
ဖြေကြားချက် 2 ခု
ကြက်မောက်စပျိုးတဲ့နည်းလေးပြောပြပေးပါလား
ဖြေကြားချက် 1 ခု