အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
kyawthya
kyawthya 2,051
လွန်ခဲ့သော ၅ နှစ် က · ရသေ့တောင်

ခရမ်းနဲ့ ငရုပ်ကို မိုးရာသီမှာ ဘယ်လို စီးပွားဖြစ်စိုက်ပျိုးမလဲဗျာ

စိုက်ပျိုးနည်း ခရမ်းသီး

ဖြေကြားချက် ၂ ခု

kyawthya
kyawthya 2,051 လွန်ခဲ့သော ၅ နှစ် က

ကျေးဇူးပါဗျာ

Ko Bo Bo
Ko Bo Bo 22,373 လွန်ခဲ့သော ၅ နှစ် က

ကျွန်တော့်အမြင်ပြောရရင် ရာသီမဟုတ်တဲ့အချိန်မှာ ပေါ်ဖို့ အားထုတ်ရတာ ကုန်ကျစရိတ်များပါတယ်။ ဈေးကွက်က မသေချာရင် ရင်းရတာနဲ့ မတန်ပါဘူး။ ရခိုင်လို မိုးများပြီး အချိန်ပြည့်ရွာနေတဲ့နေရာမှာ စိုက်မယ်ဆိုရင် မှိုရောဂါလိုမျိုးက တော်တော်ဆိုးဆိုးရွားရွားဖြစ်နိုင်ပါတယ်။ ဒါကြောင့် ခရမ်း၊ ငရုတ်ကို မိုးရာသီမှာ မိုးနည်းတဲ့ အလယ်ပိုင်ဒေသလိုမျိုးတွေက စိုက်ကြပါတယ်။ နောက်တစ်နေရာကတော့ မိုးများပေမယ့် အေးတဲ့ အင်းလေးလိုမျိုးမှာစိုက်ပါတယ်။​အင်းလေးမှာတောင် မိုးရာသီမှာ မှိုကို ထိန်းနိုင်ဖို့အတွက် မှိုသတ်ဆေးသုံးရတဲ့အတွက်ကြောင့် အညာခရမ်းချဉ်တောင်သူလောက် တွက်ချေမကိုက်ပါဘူးဗျ။

You

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။