အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
LinLin
LinLin 4
လွန်ခဲ့သော ၅ နှစ် က · ဝမ်းတွင်း

စုပ်စားပိုးကြတာဘာဆေးသုံးရမလဲဗျ

ပိုးမွှားရောဂါ ခရမ်းသီး
Post image
Post image

ဖြေကြားချက် ၄ ခု

ကိုအံ့ထက်ကျော်
ကိုအံ့ထက်ကျော် အတည်ပြုပြီး 185,097 လွန်ခဲ့သော ၅ နှစ် က

စုတ်စားပိုး ဆေး အနေ နဲ့ကတော့ အဆီတာမီပရစ် အေမီဒါကလိုပရစ် သိုင်ရာမီသောက်ဇင် ဒိုင်နိုတီဖြူရန် စတာတွေကို သုံးလို့ရပါတယ်

ကိုအံ့ထက်ကျော်
ကိုအံ့ထက်ကျော် အတည်ပြုပြီး 185,097 လွန်ခဲ့သော ၅ နှစ် က

နောက်တစ်ကြိမ် ခရမ်းစိုက်ရင် အောက်ပါ အချက်တွေကို ဂရုစိုက်ပါ ၁. မျိုးကောင်းမျိုးသန့် ရောဂါဒဏ်ခံနိုင်ရည်ရှိသော မျိုးစေ့များကိုသာ အသုံးပြုပါ ၂. ရောဂါရ ပင်ကြွင်းပင်ကျန်များကို ဖျက်ဆီး မြေမြုပ်ပစ်ပါ ၃.အပင်ငယ်စဥ်မှစ၍ အပင်သက်တမ်း တစ်လျှောက် စုတ်စားပိုး အထူးသတိပြုပါ ၄.သဘာဝ​မြေဩဇာ များများ သုံးပါ ၅.စုတ်စားပိုး ခိုအောင်းနိုင်သော နေရာများ စိုက်ခင်းအဟောင်းများကို ဖျက်ဆီးပါ ၆. အပင်တွင် မလိုအပ်သော အစိတ်အပိုင်းသို့ ပိုးခိုအောင်နိုင်သော နေရာများကို ဖယ်ရှားရှင်းလင်းပါ

ကိုအံ့ထက်ကျော်
ကိုအံ့ထက်ကျော် အတည်ပြုပြီး 185,097 လွန်ခဲ့သော ၅ နှစ် က

ဘာဆေး မှသုံးမရပါဘူး စုတ်စားပိုးကြောင့်ဖြစ်တဲ့ ဗိုင်းရပ် ရောဂါပါ ခုလောလောဆယ်တော့ စုတ်စားပိုး သတိပြုပါ ကွန်ပေါင်းနဲ့ သဘာဝမြေဩဇာ ကို ရောပြီး ကျွေးပါ အနဲလိုအဟာရ ရွက်ဖြန်းလေးသုံးပေးပါ သီးတော့သီးပါတယ် ခရမ်းက ဒေသမျိုး ဖြစ်ဖို့တော့ များတယ်

အောင်အောင်
အောင်အောင် 523 လွန်ခဲ့သော ၅ နှစ် က

အဆီတာမီပရစ်ဆေးအုပ်စုသုံးပါ

You
Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။