ဖြေကြားချက် ၂ ခု
"အလွယ်ဆုံး သဘာဝမြေသြဇာအရည်ပြုလုပ်နည်း" ဒီနည်းလမ်းအတိုင်းလည်း အသုံးပြုနိုင်ပါတယ်။ ဒါမဟုတ် လင်းနို့ချေးက ဆွေးပြီးသားဆိုရင်တော့ စိုက်ခင်းထဲတန်းသုံးလို့ရပါတယ်။ အညာဖက်တောင် တောင်သူတစ်ယောက်က ဆိတ်ချေးသိုလှောင်နည်းလေး သဘောကျလို့ ပြန်ပြောပြချင်ပါတယ်။ လင်းနို့လည်း သုံးနိုင်ပါတယ်။ အဲဒီတောင်သူက မြေကျင်းတူးပြီး ဆိတ်ချေးတွေကို ကျင်းထဲထည့်ပါတယ်။ ပြီးရင် အခြားသစ်ရွက်တွေလည်း ထည့်ပေးပါတယ်။သစ်ရွက်အစား စပါးခွံတို့ နွားချေးတို့ ကောက်ရိုးတို့ ထည့်လို့ရါပတယ်။ မြန်မြန်ဆွေးအောင် ပုလဲတစ်ပြည်လောက်လည်း ထည့်ပါတယ်။ ပေါ်ကနေ အစိုဓာတ်ရအောင် ရေလောင်းပေးပြီး မြေကျင်းကို ပြန်ဖုံးထားလိုက်ပါတယ်။ ၃ လောက်ကြာမှ စိုက်ခင်းအတွက် ကျင်းထဲက သဘာဝမြေသြဇာဖြစ်သွားတာတွေကို ပြန်တူးယူပြီး စိုက်ခင်းထဲထည့်ပါတယ်။ ဒါကတော့ စနစ်တကျသိုလှောင်နည်းတစ်ခုဖြစ်ပါတယ်။ ရေကြာကြာဝင်တတ်တဲ့ အရပ်ဆိုရင်တော့ လုပ်ဖို့မသင့်တော်ပါ။
ဆက်စပ်မေးခွန်းများ
နွားချီးနှင့်ပုလဲနှင့်ဘယ်လ်ု့ယှော်ရမလဲဗျ့ စိုတ်ပီး ကျဲရင့်ကောင်တယ်လို့သိရလို ဘယ်လို့ယော်ရမလဲဗျ့
ဖြေကြားချက် 1 ခု
ဆားခါး,ကျောက်မှုန့် နှင့် ကွန်ပေါင်း၁၅ပတ်လည် ကို မြေခံအနေဖြင့်ရောထည့်လို့ အပင်အတွက်ထိခိုက်တာရှိနိုင်လားခင်ဗျ။
ဖြေကြားချက် 4 ခု
ကြက်သွန်နီအတွက် ဘာဆေးသုံးသင့်လဲ ဘလိုမြေသြဇာတွေ သုံးသင့်လဲ သိချင်ပါတယ် ကျေးဇူးပြု၍ ဖြေကြာပေးပါ
ဖြေကြားချက် 3 ခု
ဈေးကွက်ထဲမှာလေ npk မြေဩဇာတွေက ဘယ်တံဆိပ်က တောင်သူတွေအတွက် အကောင်းဆုံးဖြစ်မလဲ နဲ့ တကယ်အရည်အသွေးစံနဲ့ ကိုက်ညီတဲ့...
ဖြေကြားချက် 2 ခု
နွားချေးကိုဒီတိုင်းသုံးတာနဲ့မီးရို့ှပြီးသုံးတာဘယ်ဟာပိုကောင်းလဲအပင်အားကောင်းအောင်အပင်ပေါက်ရင်အပင်ခြေမှာပုံလို့ရ...
ဖြေကြားချက် 2 ခု