"အလွယ်ဆုံး သဘာဝမြေသြဇာအရည်ပြုလုပ်နည်း"
စိုက်ပျိုးရေးက မည်သူမဆို ငွေကုန်ခံနိုင်ရင် အောင်မြင်အောင်လုပ်နိုင်ပါတယ်။ သွင်းအားစုများများ ကောင်းကောင်းသုံးရင်ပေါ့။ ဒါပေမယ့် ကိုက်အောင်၊ အကျိုးရှိ အမြတ်ရအောင်လုပ်ဖို့ကတော့ တော်တော်ခက်လှပါတယ်။ ဒါကြောင့် ကုန်ကျစရိတ်နည်းနည်းနဲ့ အကျိုးရှိမယ့် မြေသြဇာလုပ်နည်းတွေ ရှိထား သိထားသင့်လှပါတယ်။
"အလွယ်ဆုံး သဘာဝမြေသြဇာအရည်ပြုလုပ်နည်း"
- နွားချေး တစ်ပိဿာနဲ့ ကြက်ချေးတစ်ပိဿာ (လင်းနို့ချေးပိုကောင်း)ကို အဝတ်ပါးပါး (သို့) ငါးဖမ်းတဲ့ ဇန်ပိုက်စိပ်ထဲကိုထည့်ပြီး ထုပ်ပါ။
- အဲဒီအထုပ်ကို စဉ့်အိုး၊ မြေအိုး၊ ပလက်စတစ်ပုံးထဲသို့ ရေ(၈)ဂါလံဖြင့် ထည့်စိမ်ပါ။
- (၃) ရက်ကြာစိမ်ပြီးတဲ့အခါ နွားချေး၊ ကြက်ချေးအထုပ်ကို ဆယ်ယူလိုက်ပါ။ ကျန်နေတဲ့အရည်ဟာ သဘာဝမြေသြဇာတွေဖြစ်ပါတယ်။ စိုက်ခင်းထဲတွင် အပင်များလောင်းပေးပါ။
အရွက်စားအပင်များ (ဥပမာ - ဆလပ်ရွက်၊ မုံလာရွက်)တွင် သုံးမယ်ဆိုရင် နွားချေးတစ်မျိုးတည်းအသုံးပြု၍ မြေသြဇာအရည်ပြုလုပ်ပါ။
စိုက်ပျိုးရေးဖြင့် အသက်မွေးဝမ်းကြောင်းပြုနေကြတဲ့ မိတ်ဆွေများအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်။
အဆင်ပြေအောင်မြင်နိုင်ပါစေ...
ရဲနိုင်ဝင်း
ဆက်စပ်အကြောင်းအရာ၊ မေးခွန်းများနှင့် ဆောင်းပါးများကို ဆက်လက်ဖတ်ရှုနိုင်ပါသည်။
အကြောင်းအရာ 1
ကိုယ်တိုင်လုပ် အပင်အားဆေးများ
နော်တာမလာသဂေါ်ဖော
လွန်ခဲ့သော ၃ နှစ် ကနွားချေးနဲ့ပြုလုပ်တဲ့မြေသြဇာအရည်ကို ရေနဲ့ဘယ်အချိုးအစားရောရပါလဲ။ ကျေးဇူးပါ
ဦးအေးမျိုးထက်
လွန်ခဲ့သော ၃ နှစ် ကဆေးရည် ဘယ်လောက်ကို ရေဘယ်နှဆနဲ့သုံးရမလဲသိချင်ပါတယ်ဗျ
zawmintun
လွန်ခဲ့သော ၄ နှစ် ကစပါးသုံးလို့ရလား
zin zin
လွန်ခဲ့သော ၄ နှစ် ကနွားချေးကြက်ချေး ရည် အပင်လောင်းဖို့တွက်ဆို ဆေးရည်တစ်ဆ ရေအဆနှစ်ဆယ် အပင်ဖြန်းဖို့တွက်ဆို နှစ်ဆယ်လီတာဆေးဖြန်းပုံးတစ်ပုံးကို ဆေးရည်ကထမင်းစားဇွန်းဆယ်ငါးဇွန်းပါရှင့် သိသလောက်မျှဝေပေးတာပါ
အမည်မသိ
လွန်ခဲ့သော ၄ နှစ် ကနွားချေး+ရေ အချိုး စား သိချင်ပါတယ်
နည်းပညာမိတ်ဖက်အဖွဲ့
Greenovator
ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။
နည်းပညာမိတ်ဖက်အဖွဲ့ အားလုံးဆက်စပ်မေးခွန်းများ
နှမ်းအတွက် အပွင်းအသီးအာဆေးဘယ်တွေသုံရင်ကောင်မလည် ပြောပြပါအုံးခင်မျာ ဆောင်နှမ်းပါခင်များ
မင်းမင်း • ဖြေကြားချက် 0 ခု
နွားချေးအစို+ဖွဲ့နု+ကျောက်မှုန့်(ဂျစ်ပဆမ်) +ပဲမှုန့်+တင်လဲရည်+တဆေးတို့နဲ့ အချည်ဖောက်အရည် ပြုလုပ်လို့ရပါသလား ရခဲ့ရင် အသုံးပြုရမယ့်ပစ္စည်းပါဝင်မှုအချိုးအစားသိပါရစေ
Khing Hein • ဖြေကြားချက် 2 ခု
ကျောက်စိမ်းပဒေသာပါ ဘာဖစ်နေတာလည်းမသိဘူး နွားသေး ဖြန်းရမလား ဘယ်လောက်ထည့်ရမလည်း
နံပတ်2 • ဖြေကြားချက် 1 ခု
မြေပဲ ရက်၂၀ရှိပီ နွားသေး ဆေးဖြန်းပုံး တပုံးကို နှစ်လီတာ ထည့်ဖြန်းလို့ရပါသလား ဘယ်လောက်ထည့်ရမလည်း ဘာတေနဲ့ရောဖြန်းရင် ပိုကောင်းပါသလည်း ဆရာ
နံပတ်2 • ဖြေကြားချက် 4 ခု
Photosynthetic Bacteria (PSB) - အလင်းဖြင့်အစာချက် ဘက်တီးရီးယား ကိုယ်တိုင်လုပ်လို့ရနိုင်သလား
Khing Hein • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၅)
29/09/2026
မုန်တိုင်းငယ်၏ တိုက်ရိုက် သက်ရောက်မှုကြောင့် ၇ ရက်အတွင်းဖြစ်ပေါ်မည့် မိုးလေဝသအခြေအနေ
29/09/2026
ရခိုင်၊ ကရင်၊ ပဲခူး၊ ဧရာဝတီနှင့် ရန်ကုန်တို့တွင် စက်တင်ဘာ ၂၈ မှ ၃၀အတွင်း မိုးသည်းထန်စွာ ရွာသွန်းနိုင်
28/09/2026
အသံ
ကျွန်တော်တို့မီးဖိုချောင်ထဲက သစ်ကြံပိုးခေါက်က အစစ်လား... အတုလား?
28/09/2026
အသံ
ဩစတြေးလျ ပဲတီစိမ်း ကွန်တိန်နာ ၁၀ လုံးကို တရုတ် ငြင်းပယ်လိုက်သဖြင့် တောင်သူများ ပေါင်းသတ်ဆေး အသုံးမပြုရန် စဉ်းစားလာကြ
27/09/2026
More from Ye Naing Win
အားလုံး