အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
236
လွန်ခဲ့သော ၅ နှစ် က · ညောင်ဦး

မြေပဲပင်မှာပိုးတွေ့လို့ဘာပိုးလဲသိချင်ပါတယ်

ပိုးမွှားရောဂါ မြေပဲ မြေပဲဆေးရွက်ကြီးဖလံ
Post image
1

ဖြေကြားချက် ၁ ခု

270,769 လွန်ခဲ့သော ၅ နှစ် က

ဆေးရွက်ကြီးဖလံပါ။ ကာကွယ်နည်းကို အစိမ်းရောင်လမ်းမှာတင်ထားတဲ့ မြေပဲတွင် ကျရောက် ဖျက်ဆီးတတ်သော ဖျက်ပိုးနှင့် ကာကွယ်နှိမ်နင်းနည်းများ (၂) ဒီဆောင်းပါးကနေကောက်နုတ်ဖော်ပြလိုက်ပါတယ်။ အပြည့်အစုံဖတ်ဖို့ စာတန်းကိုနှိပ်ပါ။ ကာကွယ်နှိမ်နှင်းနည်းများ နွေ ထယ်ရေး သို့မဟုတ် ရှေ့သီးနှံ ရိတ်သိမ်းပြီးချိန်တွင် ထယ်ရေး နက်နက် ထိုး၍မြေလှပ် ထားပေးပါ။ ထောင်ချောက် သီးနှံအဖြစ်နေကြာနှင့် ကြက်ဆူ မျိုးနွယ် အပင်များ အခင်းဝန်းကျင်တွင် စိုက်ပေးပါ။ မြေပဲစိုက်ပြီး (၁၅-၂၀)ရက် အတွင်း စိုက်ခင်းပေါင်းရှင်းနေစေရန် ဂရုစိုက်ပါ။ ဥ အစု အဝေးများပေါက်ကာစ အကောင်ငယ် အစုအဝေးများကို ရှာဖွေ ဖျက်စီးပါ။ စိုက်ခင်း တခုမှ တခုသို ပိုးကူးစက်မှု့ကို တားဆီးနိုင်ရန် အခင်း ပတ်လည်တွင် တပေနီးပါး အနက်ရှိသော ပတ်မြောင်းငယ်များ တူးပေးပါ။ ရာသီ အလယ်တွင်မြေပဲပင်များရေငတ်မှု့ မဖြစ်စေ ရန်ရေတစ်ကြိမ်သွင်းပေးနိုင်လျှင် ပိုကောင်း ပါသည်။ ဖွဲနုနှင့် ကာဘရိုင်းဆေးကိုရောနယ်ပြီး အလုံးလုံးကာ အစာအဆိပ် ချနိုင်သည်။ သုံးပေပတ်လည်တွင် ဥအစုအဝေး(၂)ခုနှစ်ခုနှုံးတွေ့ပါကဆေးဖြန်းရန်လိုအပ်ပါသည်။ ပိုးများကို ဓာတုဆေးဖြင့် နှိမ်နင်းရန်အောက်ဖော်ပြပါ ပရိုဖီနိုဖေါ့/ကလိုပိုင်ရီဖေါ့/ဒိုင်ကလိုဗော့/ထွိုင်ဇိုဖေါ့/အင်ဒိုဇာကပ်/ကာဘရိုင်း စသောဆေးများ သုံးနိုင်ပါသည်။

You

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။