မြေပဲတွင် ကျရောက် ဖျက်ဆီးတတ်သော ဖျက်ပိုးနှင့် ကာကွယ်နှိမ်နင်းနည်းများ (၂)

07/02/2018 13:51 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား

(၁) ရွက်ထွင်းပိုး (Groundnut Leaf Miner)

လိပ်ပြာ ဖလံ မျိုးနွယ်ဝင် ဖျက်ပိုးဖြစ်ပြီး အရွယ်ရောက် အမကောင်သည် ဥ များကိုမြေပဲအရွက်၏အောက်မျက်နှာပြင်တွင် တစ်လုံးခြင်း ဥလေ့ ရှိပါသည်။ ပျမ်းမျှ ဥ ၁၅၀မှ၂၀၀ထိ ဥ ဥတတ်ပြီး၂-၃ရက် အတွင်း အကောင်ပေါက် ပါသည်။ ပေါက်ကာစ သားလောင်းငယ်သည် အစိမ်းရောင်ဖြစ်ပြီးကြီးလာသည်နှင့်အမျှ အညိုဖျော့ရောင် ဖြစ်လာသည်။ သားလောင်း အဆင့်တွင် ၄-၁၇ရက် အထိ ကြာတတ်သည်။ ထို့နောက် ရုပ်ဖုံးအဆင့်သို့ ကူးပြောင်း ပါသည်။ ရုပ်ဖုံးသည် အညိုရောင်ရှိပြီး အဖြူရောင် ပိုးချည် အိမ်အတွင်း၌ တည်ရှိပါသည်။
ရုပ်ဖုံး အဆင့်တွင် ၅-၇ရက်အထိ ကြာတတ်ပြီးနောက် အကောင်ကြီး အဆင့်သို့ ကူးပြောင်း ပါသည်။ အရွယ်ရောက် အကောင်သည် ၅-၆ရက်ထိ အသက်ရှင်နိုင် ပါသည်။ ထို့ကြောင့် ရွက်ထွင်းပိုး၏ ဘဝ စက်ဝန်း တပတ်ပြည့်ရန်၂၀-၂၅ရက်ခန့် ကြာ တတ် ပါသည်။

ဖျက်စီးမှု့လက္ခဏာ

ပေါက်ကာစ သားလောင်းကောင်ငယ်သည် အရွက်သား အတွင်းသို့ ထွင်းဖေါက် ဝင်ရောက်ပြီး အစိမ်းရောင် အရွက်သားများကို စားသောက် ပါသည်။ ၎င်းတို့ ထွင်းစား သွားသည့် လမ်းကြောင်းအတိုင်း အရွက်သား များခြောက်နေသည်ကို ထင်ရှားစွာတွေ့မြင် နိုင်ပါသည်။ သားလောင်းများ အရွယ်ရောက်လာသောအခါ အရွက်များကို ချည်ဖြင့် လိပ်ထွေးပြီး ထိုအထွေးတွင်း၌နေ၍ အရွက်များကို စားသောက် ပါသည်။ ပိုး ကျရောက်မှု့များသောအခါ ရွက်ထွေး ရွက်လိပ်များခြောက်နေသည် ကိုတွေ့မြင်နိုင်ပြီး ထိုရွက်ထွေးများ အတွင်း၌ သာလောင်းကောင်များ သို့မဟုတ် အဖြူရောင်ရုပ်ဖုံး ပိုးချည် လုံးငယ်များ ကိုတွေ့မြင် နိုင်ပါသည်။ ရွက်ထွင်းပိုး ကျရောက်မှု့ ပြင်းထန်ပါကမြေပဲ အထွက်နှုန်း ၄၉-၅၆%ထိ ကျဆင်းနိုင် ပါသည်။

ကာကွယ်နှိမ်နှင်းနည်းများ

  • ခံနိုင်ရည်ရှိသော မျိုးများ ကိုရွေးချယ် စိုက်ပျိုးပါ။
  • ပဲမျိုးရင်းဝင် မဟုတ်သော သီးနှံများဖြင့် သီးလှည့် စိုက်ပျိုးပါ။
  • ထောင်ချောက် သီးနှံအဖြစ်အခင်းဝန်းကျင်တွင်ပဲစဉ်းငုံနှင့်စားတော်ပဲပင်များကိုစိုက်ပျိုးပေးပါ။
  • ဥများနှင့်ပေါက်ကာစ သားလောင်းများ ကျရောက်နေသော အပင် အစိတ် အပိုင်းများကို ရှာဖွေ ဖျက်စီး ပစ်ပါ။
  • ဓာတု ပိုးသတ်ဆေးများ သုံးစွဲရန် လိုအပ်ပါက ကာဘရိုင်း/ပရိုဖီနိုဖေါ့/ထွိုင်ရာဇိုဖောေ့ဆးများ သုံးစွဲနိုင် ပါသည်။

ဓာတ္ပံု-www.plantwise.org

 

ဓာတ်ပုံ- ရွက်ထွင်းပိုး(www.plantwise.org)

(၂)ဆေးရွက်ကြီးဖလံ(TobaccoCaterpillar)

သီးနှံစုံတွင် ကျရောက်လေ့ရှိသော ဖျက်ပိုး ဖြစ်ပါသည်။ လိပ်ပြာ ဖလံ မျိုးနွယ်ဝင်ဖြစ်ပြီးမြေပဲတွင်လည်း အန္တရာယ်များသော ဖျက်ပိုး ဖြစ်ပါသည်။ အရွယ်ရောက် ဖလံ အမသည်မြေပဲရွက်ပေါ်တွင် ဥများကို အစုလိုက် ဥလေ့ရှိပြီး ဥ အစုအဝေးပေါ်တွင် အမွှေးအမျှင်များဖြင့် ဖုံးအုပ် ကာကွယ် ထားလေ့ရှိပါသည်။ ဥ ဥ ပြီး (၄-၅) ရက် အတွင်း အကောင်ပေါက်လေ့ ရှိသည်။ သားလောင်း အဆင့်တွင် (၁၄-၂၁)ရက် အထိ ကြာတတ်ပြီးနောက်မြေထဲတွင် အခန်းငယ် ကလေးများအတွင်း၌ ရုပ်ဖုံး အဖြစ်သို့ပြောင်းလဲ သွားသည်။ ရုပ်ဖုံး အဆင့်တွင် (၁၅)ရက်ခန့် ကြာတတ်ပြီးနောက် အကောင်ကြီး ဖလံအဆင့်သို့ ကူးပြောင်းသွား ပါသည်။ ၎င်း၏ ဘဝစက်ဝန်း တပတ်ပြည့်ရန်(၃၀-၄၀)ရက်ခန့် ကြာတတ် ပါသည်။

ဖျက်ဆီးမှုလက္ခဏာများ

အကောင်ပေါက်ကာစ သားလောင်းငယ်များသည် အစုအဝေးလိုက်နေထိုင်ပြီး အရွက် အစိမ်းသားများကို ခြစ်စားပါသည်။ သားလောင်းများ အရွယ်ကြီးလာသော အခါမြေပဲရွက်များကို ကျွဲနွားများ စားသကဲ့သို့ ကိုက်ဖြတ် စားလေ့ရှိသည်။ ၎င်းတို့၏ စား
သောက်မှု့ကြောင့် ဖျက်ပိုး အကောင် အရေအတွက် များများ ကျသောမြေပဲခင်းများတွင် ရွက်ညှာနှင့်အကိုင်းများသာ ကျန်ရှိပြီး အရိုးပြိုင်းပြိုင်း ကျနေတတ်သည်။ သားလောင်းကောင်ကြီးများသည်ညအချိန်တွင် အပင်များကို စားသောက် ဖျက်စီးပြီးနေ့အခါတွင် ထယ်စာခဲကြား အပင်အောက်ခြေ၌ ပုန်းအောင်းနေလေ့ ရှိပါသည်။ သဲမြေနှင့်မြေပွများတွင်မြေပဲတောင့် အနုများကိုပါ စားသောက်ဖျက်စီးတတ် ပါသည်။ ဤပိုးကျရောက်နေသော စိုက်ခင်းများရှိ အပင်များပေါ်နှင့် အပင်အောက်မြေပေါ်တွင် ပိုးမစင်များကို ပါတွေ့ရလေ့ ရှိပါသည်။

ကာကွယ်နှိမ်နှင်းနည်းများ

  • နွေ ထယ်ရေး သို့မဟုတ် ရှေ့သီးနှံ ရိတ်သိမ်းပြီးချိန်တွင် ထယ်ရေး နက်နက် ထိုး၍မြေလှပ် ထားပေးပါ။
  • ထောင်ချောက် သီးနှံအဖြစ်နေကြာနှင့် ကြက်ဆူ မျိုးနွယ် အပင်များ အခင်းဝန်းကျင်တွင် စိုက်ပေးပါ။
  • မြေပဲစိုက်ပြီး (၁၅-၂၀)ရက် အတွင်း စိုက်ခင်းပေါင်းရှင်းနေစေရန် ဂရုစိုက်ပါ။
  • ဥ အစု အဝေးများပေါက်ကာစ အကောင်ငယ် အစုအဝေးများကို ရှာဖွေ ဖျက်စီးပါ။
  • စိုက်ခင်း တခုမှ တခုသို ပိုးကူးစက်မှု့ကို တားဆီးနိုင်ရန် အခင်း ပတ်လည်တွင် တပေနီးပါး အနက်ရှိသော ပတ်မြောင်းငယ်များ တူးပေးပါ။
  • ရာသီ အလယ်တွင်မြေပဲပင်များရေငတ်မှု့ မဖြစ်စေ ရန်ရေတစ်ကြိမ်သွင်းပေးနိုင်လျှင် ပိုကောင်း ပါသည်။
  • ဖွဲနုနှင့် ကာဘရိုင်းဆေးကိုရောနယ်ပြီး အလုံးလုံးကာ အစာအဆိပ် ချနိုင်သည်။
  • သုံးပေပတ်လည်တွင် ဥအစုအဝေး(၂)ခုနှစ်ခုနှုံးတွေ့ပါကဆေးဖြန်းရန်လိုအပ်ပါသည်။
  • ပိုးများကို ဓာတုဆေးဖြင့် နှိမ်နင်းရန်အောက်ဖော်ပြပါ ပရိုဖီနိုဖေါ့/ကလိုပိုင်ရီဖေါ့/ဒိုင်ကလိုဗော့/ထွိုင်ဇိုဖေါ့/အင်ဒိုဇာကပ်/ကာဘရိုင်း စသောဆေးများ သုံးနိုင်ပါသည်။

 

 

ဓာတ်ပုံ- ဆေးရွက်ကြီးဖလံ (Institute of advaned chemistry of catalonia )

 

(၃)ခူမွှေးရှည် (Hairy Caterpillars)

သီးနှံစုံတွင် ကျရောက်တတ်ပြီးမြေပဲတွင်လည်း ဆိုးဝါးစွာ ကျရောက် ဖျက်စီးလေ့ ရှိပါသည်။ ၎င်း ဖျက်ပိုး ဆိုးဝါးစွာ ကျရောက်ပါကမြေပဲ အထွက်နှုန်း(၂၆-၇၅)%ထိ ကျဆင်းနိုင်ပါသည်။ ဖလံ အမသည် ဥများကို တစ်မြုံ တစ်စုလျှင် အလုံးရေ (၅၀-၁၀၀)ခန့် အစုလိုက် ဥလေ့ရှိပြီး အကောင် တစ်ကောင်မှ စုစုပေါင်း ဥ (၆၀၀-၇၀၀)ခန့်  ဥ နိုင်ပါသည်။ အရွက်အောက်ဖက်တွင် ဥလေ့ရှိပြီး (၅-၇)ရက် အတွင်း အကောင်ပေါက် ပါသည်။ အကောင်ငယ် များသည် အညိုဖျော့ရောင်မှ တဖြည်းဖြည်း ကြီးလာသော အခါ နီညိုရောင် ဖြစ်လာသည်။ သားလောင်းကောင်ကြီးများ၏ ကိုယ်ပေါ်တွင် အမွှေးများကို ထင်ရှားစွာတွေ့နိုင် ပါသည်။ သားလောင်း အဆင့်တွင် (၄၀-၄၅) ရက်ခန့် ကြာတတ် ပါသည်။ ကန်သင်း တလျှေက် နှင့် အပင်အောက် စိုစွတ် အရိပ်ရသောနေရာများ ရှိမြေထဲ၌ အခန်းငယ်များ ပြုလုပ်ပြီး ပိုးရုပ်ဖုံး အဆင့်သို့ ကူးပြောင်း ပါသည်။ ရုပ်ဖုံး သက်တမ်း အလွန် ရှည်တတ် ပါသည်။ တနှစ်ခန့် ကြာတတ်သည်။ ထို့နောက် အကောင်ကြီးဖြစ်လာသည်။

ဖျက်စီးမှု့လက္ခဏာများ

ပေါက်ကာစ သားလောင်းငယ်များသည်မြေပဲရွက်၏အောက် မျက်နှာပြင်ကို ခြစ်စားသောကြောင့် အရွက်များ အကွက်လိုက်ခြောက်နေသည် ကိုတွေ့ရနိုင် ပါသည်။ သားလောင်းကောင်များ ကြီထွားလာသော အဆင့် (အမွှေးများနှင့် မြင်ရချိန်) တွင်မြေပဲပင်၏ အဖူး၊ အညွန့်၊ အရွက်နှင့် အပွင့်များကို စားလေ့ရှိပြီး စိုက်ခင်းကို ကျွဲ နွားများ ဝင်စား သွားသကဲ့သို့ အရိုးသာကျန်သည် အထိ စားလေ့ရှိသည်။၄ င်းတို့ သည်မြေပဲခင်း တခင်း ကုန်အောင် စားသောက် ဖျက်စီးပြီးလျှင်နောက် အခင်းသစ်တစ်ခုသို့ ကူးပြောင်း စားသောက်လေ့ ရှိပါသည်။ 

ကာကွယ်နှိမ်နင်းနည်း

  • ထယ်ရေးနက်နက်ထိုးပြီးမြေလှပ်ထားပေးပါ။
  • ပြောင်းမျိုးနွယ်များဖြင့် သီးလှည့် စိုက်ပါ။
  • အချိန်စောစော စိုက်ပါ။
  • သီးနှံရာသီ အလယ်တွင် အပင်များရေမငတ်စေရန် ဂရုစိုက်ပါ။
  • အခြေနေပေးပါ ကမြေပဲစိုက်တန်း (၅) တန်းပြီးလျှင် အခြားသီးနှံ တစ်တန်းနှုန်း ကြားညှပ် စိုက်ပါ။
  • ဥ အစုအဝေးများနှင့် သားလောင်းကောင်များကို ရှာဖွေ ဖျက်စီးပါ။
  • ဆိုက်ပါမီသရင်/ပရိုဖီနိုဖေါ့/ကလိုပိုင်ရီဖေါ့/ဒိုင်ကလိုဖော့/ကာဘရိုင်းဆေးများ အသုံးပြု၍လည်းဓာတု နည်းဖြင့်နှိမ်နှင်းနိုင် ပါသည်။

ဓာတ်ပုံ- ခူမွှေးရှည် (insect pests)


Farm Link Co.,Ltd ကြော်ငြာ
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်