အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
1
လွန်ခဲ့သော ၅ နှစ် က · မိုးကောင်း

စပါးကြက်သွန်မိတ်ပိုးကျရောက်မှုမရှိအောင် ဘယ်လိုကာကွယ်မလဲ

ပိုးမွှားရောဂါ စပါး စပါးကြက်သွန်မြိတ်ပိုး

ဖြေကြားချက် ၁ ခု

အတည်ပြုပြီး 323,968 လွန်ခဲ့သော ၅ နှစ် က

ကာကွယ်နှိမ်နင်းခြင်း • ကြက်သွန်မြိတ်ပိုး ခံနိုင်ရည်ရှိတဲ့ စပါးမျိုးများကို စိုက်ပါ။ ရနိုင်တဲ့ ခေတ်မီစပါးမျိုးများအတွက် ဒေသဆိုင်ရာ စိုက်ပျိုးရေးရုံးတွေနဲ့ ဆက်သွယ်ဆောင်ရွက်ပါ။ • ယခင်စပါးသီးနှံက လမိုင်းစပါးများကို ထယ်ထိုးပြီး စပါးမစိုက်တဲ့ရာသီမှာ စပါးကြက်သွန်မြိတ်ပိုး လက်ခံပင်အားလုံးကို ဖယ်ရှားပါ။ • ဇီဝထိန်းချုပ်ပိုးမွှားတွေဖြစ်တဲ့ လောက်ကောင်တွေကို ကပ်ပါးပြုတဲ့ ပလက်တီဂက်စ်ထရစ်ဒ်၊ ယူပယ်လစ်နဲ့ တာရိုမားလစ်နဂျီတွေကိုစားတဲ့ ဖိုက်တိုစီးအစ်ဒ်မွှားနဲ့ အရွယ်ရောက်ကောင်တွေကိုစားတဲ့ ပင့်ကူတို့ကို ထိန်းသိမ်းပါ။ • အောက်ပါပိုးသတ်ဆေးတစ်မျိုးမျိုးကို ဆေးဘူး/အိတ်ပါ အညွှန်းစာအတိုင်း အသုံးပြုပါ။ ◦ အဆီဖိတ် (Acephate) ◦ ကာတက်ပ်ဟိုက်ဒြိုကလိုရိုဒ် (Cartap hydrochloride) ◦ ဒိုင်မီသိုအိတ် (Dimethoate) ဒေါက်တာကိုကို (စိုက်ပျိုးရေး) ဆောင်းပါးအပြည့်အစုံဖတ်ရန် - စပါးကြက်သွန်မြိတ်ပိုးကို ဘယ်လိုကာကွယ်နှိမ်နင်းမလဲ

You

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။