စပါးကြက်သွန်မြိတ်ပိုးကို ဘယ်လိုကာကွယ်နှိမ်နင်းမလဲ

04/03/2020 12:30 PM တွင် ဒေါက်တာကိုကို ဒေါက်တာကိုကို မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

ဖျက်ဆီးပုံလက္ခဏာများ

    စပါးကြက်သွန်မြိတ်ပိုးဟာ ကြက်သွန်ရွက် ဒါမှမဟုတ် ငွေရောင်ညွန့်လို့ခေါ်တဲ့ စပါးရွက်အိမ် ရှည်ထွက်တာကိုဖြစ်စေကာ ပင်ပွားတွေရဲ့ အောက်ခြေမှာ ပြွန်ပုံစံ ဖုလုံးလေးတွေကို ဖြစ်ပေါ်စေပါတယ်။

    အာရှကြက်သွန်မြိတ်ပိုးကို စပါးသီးနှံရဲ့ ပင်ပွားအဆင့်အတောအတွင်း ရေသွင်းလယ် ဒါမှမဟုတ် မိုးရေသောက်လယ်တွေမှာ တွေ့ရပါတယ်။ ၄င်းဟာ ယာမြေနဲ့ ရေနက်ကွင်းလယ်တွေမှာလည်း အတွေ့ရများပါတယ်။ အရွယ်ရောက်ကောင်တွေဟာ ညထွက်ကောင်တွေဖြစ်ကြပြီး အလင်းရောင်ထောင်ချောက်ကို အသုံးပြုပြီး အလွယ်တကူ ကောက်ယူနိုင်ပါတယ်။

    ခြောက်သွေ့ရာသီအတောအတွင်း ဒီပိုးဟာ ရုပ်ဖုံးအဆင့်နဲ့ ငုတ်လျှိုးနေပါတယ်။ ၄င်းတို့ဟာ မိုးရွာပြီး စပါးစတင်စိုက်တာနဲ့ ပြန်လည်တက်ကြွလာကြပါတယ်။

    အာရှကြက်သွန်မြိတ်ပိုးရဲ့ အကောင်ဦးရေ သိပ်သည်းဆကို မိုးအုံ့တဲ့ ဒါမှမဟုတ် မိုးရွာတဲ့ ရာသီဥတု၊ ပင်ပွားများတဲ့စပါးမျိုးကို စိုက်ပျိုးတာ၊ ပိုးသတ်ဆေး အလွန်အကျွံသုံးစွဲတာနဲ့ ကပ်ပါးပြုမှုနည်းတာတွေက အခွင့်အလမ်းပေးပါတယ်။ 

အမျိုးအစားခွဲခြားခြင်း

    စပါးကြက်သွန်မြိတ်ပိုး ဖျက်ဆီးပုံလက္ခဏာတွေမှာ အောက်ပါတို့ ပါဝင်ကြပါတယ်။

    • ဖျက်ဆီးခံထားရတဲ့ စပါးပင်ပွားရဲ့အခြေမှာ ဟောင်းလောင်းပေါက်အခန်း ဒါမှမဟုတ် ပြွန်ပုံစံ အဖုဖြစ်ပေါ်ခြင်း ဖြစ်ပေါ်လာတဲ့အဖုဟာ အကျယ် (၁) စင်တီမီတာရှိပြီး အရှည် (၁၀ − ၃၀) စင်တီမီတာရှိတဲ့ ငွေဖြူရောင် ဟောင်းလောင်းပေါက်ပြွန် ဖြစ်ပါတယ်။ 

    • ဖျက်ဆီးခံရတဲ့ စပါးပင်ပွားတွေဟာ အရွက်ကြီးထွားမှု ဟန့်တားခံရပြီး စပါးနှံမထွက်နိုင်တော့ပါဘူး။ 

    • ပုံပျက်ပြီး၊ ညှိုးနွမ်းကာ လိပ်နေတဲ့အရွက်တွေကို တွေ့ရခြင်း

    • ကြက်သွန်ရွက် ဒါမှမဟုတ် ငွေရောင်ညွန့်လို့လည်းခေါ်တဲ့ ရွက်အိမ်ရှည်ထွက်လာခြင်း 

    • စပါးပင်ပုသွားခြင်း

    စပါးပင်ပုခြင်းနဲ့ စပါးရွက်ပုံပျက်ခြင်း၊ ညှိုးနွမ်းခြင်းနဲ့ ရွက်လိပ်ခြင်းတို့ဟာ ရေငတ်ခြင်း၊ ပိုတက်ဆီယမ်ဓါတ်ချို့တဲ့ခြင်း၊ မြေငန်ခြင်း၊ ပင်ပုဗိုင်းရပ်စ်ရောဂါ၊ လိမ္မော်ရောင်စပါးရွက် ဗိုင်းရပ်စ်ရောဂါနဲ့ တန်ဂရိုဇိုင်းရပ်စ်ရောဂါတို့မှာလည်း တွေ့ရပါတယ်။

    လိပ်နေတဲ့စပါးရွက်တွေဟာ စပါးသရစ်ပိုးကြောင့်ဖြစ်တဲ့ လက္ခဏာနဲ့လည်း ဆက်နွယ်မှုရှိပါတယ်။ ပြဿနာဖြစ်ရတဲ့အကြောင်းရင်းကို အတည်ပြုဖို့ စပါးကြက်သွန်မြိတ်ပိုး ရှိမရှိ စစ်ဆေးပါ။ အထူးသဖြင့် ဖွံ့ဖြိုးနေတဲ့ အညှောင့်တွေကို စားနေကြတဲ့ ရှည်မျောမျော ပြွန်ပုံစံဥတွေနဲ့ ယင်လောက်ကောင်ပုံစံ လောက်ကောင်တွေဖြစ်ကြပါတယ်။ 

စီးပွားရေးအရအရေးကြီးပုံ

    အာရှကြက်သွန်မြိတ်ပိုးဟာ သီရိလင်္ကာနိုင်ငံနဲ့ အိန္ဒိယနိုင်ငံတို့လို အချို့ဧရိယာတွေမှာ အထွက် ၃၀ − ၄၀% လောက် ဆုံးရှုံးပါတယ်။

ကာကွယ်နှိမ်နင်းခြင်း

    • ကြက်သွန်မြိတ်ပိုး ခံနိုင်ရည်ရှိတဲ့ စပါးမျိုးများကို စိုက်ပါ။ ရနိုင်တဲ့ ခေတ်မီစပါးမျိုးများအတွက် ဒေသဆိုင်ရာ စိုက်ပျိုးရေးရုံးတွေနဲ့ ဆက်သွယ်ဆောင်ရွက်ပါ။

    • ယခင်စပါးသီးနှံက လမိုင်းစပါးများကို ထယ်ထိုးပြီး စပါးမစိုက်တဲ့ရာသီမှာ စပါးကြက်သွန်မြိတ်ပိုး လက်ခံပင်အားလုံးကို ဖယ်ရှားပါ။

    • ဇီဝထိန်းချုပ်ပိုးမွှားတွေဖြစ်တဲ့ လောက်ကောင်တွေကို ကပ်ပါးပြုတဲ့ ပလက်တီဂက်စ်ထရစ်ဒ်၊ ယူပယ်လစ်နဲ့ တာရိုမားလစ်နဂျီတွေကိုစားတဲ့ ဖိုက်တိုစီးအစ်ဒ်မွှားနဲ့ အရွယ်ရောက်ကောင်တွေကိုစားတဲ့ ပင့်ကူတို့ကို ထိန်းသိမ်းပါ။ 

    • အောက်ပါပိုးသတ်ဆေးတစ်မျိုးမျိုးကို ဆေးဘူး/အိတ်ပါ အညွှန်းစာအတိုင်း အသုံးပြုပါ။

        ◦ အဆီဖိတ် (Acephate)

        ◦ ကာတက်ပ်ဟိုက်ဒြိုကလိုရိုဒ် (Cartap hydrochloride)

        ◦ ဒိုင်မီသိုအိတ် (Dimethoate)

ဒေါက်တာကိုကို (စိုက်ပျိုးရေး)

ဒေါက်တာကိုကို၏စိုက်ပျိုးရေးဆောင်းပါးများလေ့လာရန်

 


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ဦးကြီးတို့ရဲ့ မြေကြီးက ရွှေသီးဖို့ပဲ ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ စပါးခင်းထဲ ရွှေခရုရောက်လာပြီဆိုရင်တော့ မြေကြီးက ရွှေသီးဖို့ကို အနှောင့်အယှက် ကောင်းကောင်းကြီးပေးပါလိမ့်မယ်။ မြန်မာ့မျိုးရင်းခရုမဟုတ်တဲ့ တောင်အမေရိကမျိုးစိတ်ဖြစ်ပြီး မြန်မာနိုင်ငံကို ကျူးကျော်လာတဲ့ မျိုးစိတ်ဖြစ်တာကြောင့် အကောင်ပွားနှုန်းကလည်း အဆမတန် မြင့်တက်လာပါတယ်။ ခရုအမ တစ်ကောင်က တစ်ခါ ဥ မယ်ဆိုရင် ဥအရေအတွက် ၁၀၀ ကနေ ၁၀၀၀ အထိ အတွဲလိုက်ဥကြပြီး တစ်နှစ်မှာ ၃ ကြိမ်အထိ မျိုးပွားနိုင်ပါတယ်။ စပါးခင်းတွေမှာ ရွှေခရုကျပြီဆိုရင် ပန်းရောင် ဥ တွေ ကို စပါးပင်တွေမှာ တွေ့ရနိုင်ပါတယ်။ ဒီရွှေခရုတွေကို ရှင်းပစ်ဖို့အတွက်ကတော့ မာလာမြိုင်ရဲ့ ခရုဘုရင် ရှိနေပါပြီ။ ခရုဘုရင်က စားသေအစွမ်းနဲ့ အဆိပ်ငွေ့အာနိသင်ရှိတာကြောင့် ရွှေခရုတွေကို အထိရောက်ဆုံး ရှင်းပေးနိုင်မှာပါ။ အစွမ်းရှိပစ္စည်းဖြစ်တဲ့ Niclosamide -olamine 83.1% WP ပါဝင်ပြီး Chloronitrophenol ဆေးအုပ်စုထဲ ပါဝင်ပါတယ်။ ရေဖျော်ဆေးမှုန့်အမျိုးအစားဖြစ်လို့ ရေ ၂၀ လီတာဝင်တဲ့ဆေးဖျန်းပုံး တစ်ပုံးမှာ ၄၀ ကနေ ၅၀ ဂရမ်အထိ အသုံးပြုနိုင်ပါတယ်။ နှုန်းထားကိုတော့ တစ်ဧကမှာ ၁၅၀ ကနေ ၂၀၀ ဂရမ်နဲ့ တွက်ချက်ပေးထားပါတယ်။ သတိပြုရမှာတော့ ဆေးဖျန်းပြီးနောက်ပိုင်း စပါးခင်းအတွင်းမှာရှိတဲ့ ရေကို ၅ စင်တီမီတာနဲ့ ၃ ရက်ထားဖို့ လိုအပ်ပါတယ်။ ဆေးဖျန်းပြီး ၅၂ ရက်ကြာမှ ရိတ်သိမ်းသင့်ပါတယ်။ ခရုဘုရင်နဲ့ဆို စပါးခင်းကို ဒုက္ခပေးတဲ့ ရွှေခရုတွေကို ရှင်းလင်းနိုင်ပြီး မြေကြီးက ရွှေသီးနိုင်ပြီပေါ့ဗျာ။
Read more Facebook Page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်