စပါးကြက်သွန်မြိတ်ပိုးကို ဘယ်လိုကာကွယ်နှိမ်နင်းမလဲ
ဖျက်ဆီးပုံလက္ခဏာများ
စပါးကြက်သွန်မြိတ်ပိုးဟာ ကြက်သွန်ရွက် ဒါမှမဟုတ် ငွေရောင်ညွန့်လို့ခေါ်တဲ့ စပါးရွက်အိမ် ရှည်ထွက်တာကိုဖြစ်စေကာ ပင်ပွားတွေရဲ့ အောက်ခြေမှာ ပြွန်ပုံစံ ဖုလုံးလေးတွေကို ဖြစ်ပေါ်စေပါတယ်။
အာရှကြက်သွန်မြိတ်ပိုးကို စပါးသီးနှံရဲ့ ပင်ပွားအဆင့်အတောအတွင်း ရေသွင်းလယ် ဒါမှမဟုတ် မိုးရေသောက်လယ်တွေမှာ တွေ့ရပါတယ်။ ၄င်းဟာ ယာမြေနဲ့ ရေနက်ကွင်းလယ်တွေမှာလည်း အတွေ့ရများပါတယ်။ အရွယ်ရောက်ကောင်တွေဟာ ညထွက်ကောင်တွေဖြစ်ကြပြီး အလင်းရောင်ထောင်ချောက်ကို အသုံးပြုပြီး အလွယ်တကူ ကောက်ယူနိုင်ပါတယ်။
ခြောက်သွေ့ရာသီအတောအတွင်း ဒီပိုးဟာ ရုပ်ဖုံးအဆင့်နဲ့ ငုတ်လျှိုးနေပါတယ်။ ၄င်းတို့ဟာ မိုးရွာပြီး စပါးစတင်စိုက်တာနဲ့ ပြန်လည်တက်ကြွလာကြပါတယ်။
အာရှကြက်သွန်မြိတ်ပိုးရဲ့ အကောင်ဦးရေ သိပ်သည်းဆကို မိုးအုံ့တဲ့ ဒါမှမဟုတ် မိုးရွာတဲ့ ရာသီဥတု၊ ပင်ပွားများတဲ့စပါးမျိုးကို စိုက်ပျိုးတာ၊ ပိုးသတ်ဆေး အလွန်အကျွံသုံးစွဲတာနဲ့ ကပ်ပါးပြုမှုနည်းတာတွေက အခွင့်အလမ်းပေးပါတယ်။
အမျိုးအစားခွဲခြားခြင်း
စပါးကြက်သွန်မြိတ်ပိုး ဖျက်ဆီးပုံလက္ခဏာတွေမှာ အောက်ပါတို့ ပါဝင်ကြပါတယ်။
• ဖျက်ဆီးခံထားရတဲ့ စပါးပင်ပွားရဲ့အခြေမှာ ဟောင်းလောင်းပေါက်အခန်း ဒါမှမဟုတ် ပြွန်ပုံစံ အဖုဖြစ်ပေါ်ခြင်း ဖြစ်ပေါ်လာတဲ့အဖုဟာ အကျယ် (၁) စင်တီမီတာရှိပြီး အရှည် (၁၀ − ၃၀) စင်တီမီတာရှိတဲ့ ငွေဖြူရောင် ဟောင်းလောင်းပေါက်ပြွန် ဖြစ်ပါတယ်။
• ဖျက်ဆီးခံရတဲ့ စပါးပင်ပွားတွေဟာ အရွက်ကြီးထွားမှု ဟန့်တားခံရပြီး စပါးနှံမထွက်နိုင်တော့ပါဘူး။
• ပုံပျက်ပြီး၊ ညှိုးနွမ်းကာ လိပ်နေတဲ့အရွက်တွေကို တွေ့ရခြင်း
• ကြက်သွန်ရွက် ဒါမှမဟုတ် ငွေရောင်ညွန့်လို့လည်းခေါ်တဲ့ ရွက်အိမ်ရှည်ထွက်လာခြင်း
• စပါးပင်ပုသွားခြင်း
စပါးပင်ပုခြင်းနဲ့ စပါးရွက်ပုံပျက်ခြင်း၊ ညှိုးနွမ်းခြင်းနဲ့ ရွက်လိပ်ခြင်းတို့ဟာ ရေငတ်ခြင်း၊ ပိုတက်ဆီယမ်ဓါတ်ချို့တဲ့ခြင်း၊ မြေငန်ခြင်း၊ ပင်ပုဗိုင်းရပ်စ်ရောဂါ၊ လိမ္မော်ရောင်စပါးရွက် ဗိုင်းရပ်စ်ရောဂါနဲ့ တန်ဂရိုဇိုင်းရပ်စ်ရောဂါတို့မှာလည်း တွေ့ရပါတယ်။
လိပ်နေတဲ့စပါးရွက်တွေဟာ စပါးသရစ်ပိုးကြောင့်ဖြစ်တဲ့ လက္ခဏာနဲ့လည်း ဆက်နွယ်မှုရှိပါတယ်။ ပြဿနာဖြစ်ရတဲ့အကြောင်းရင်းကို အတည်ပြုဖို့ စပါးကြက်သွန်မြိတ်ပိုး ရှိမရှိ စစ်ဆေးပါ။ အထူးသဖြင့် ဖွံ့ဖြိုးနေတဲ့ အညှောင့်တွေကို စားနေကြတဲ့ ရှည်မျောမျော ပြွန်ပုံစံဥတွေနဲ့ ယင်လောက်ကောင်ပုံစံ လောက်ကောင်တွေဖြစ်ကြပါတယ်။
စီးပွားရေးအရအရေးကြီးပုံ
အာရှကြက်သွန်မြိတ်ပိုးဟာ သီရိလင်္ကာနိုင်ငံနဲ့ အိန္ဒိယနိုင်ငံတို့လို အချို့ဧရိယာတွေမှာ အထွက် ၃၀ − ၄၀% လောက် ဆုံးရှုံးပါတယ်။
ကာကွယ်နှိမ်နင်းခြင်း
• ကြက်သွန်မြိတ်ပိုး ခံနိုင်ရည်ရှိတဲ့ စပါးမျိုးများကို စိုက်ပါ။ ရနိုင်တဲ့ ခေတ်မီစပါးမျိုးများအတွက် ဒေသဆိုင်ရာ စိုက်ပျိုးရေးရုံးတွေနဲ့ ဆက်သွယ်ဆောင်ရွက်ပါ။
• ယခင်စပါးသီးနှံက လမိုင်းစပါးများကို ထယ်ထိုးပြီး စပါးမစိုက်တဲ့ရာသီမှာ စပါးကြက်သွန်မြိတ်ပိုး လက်ခံပင်အားလုံးကို ဖယ်ရှားပါ။
• ဇီဝထိန်းချုပ်ပိုးမွှားတွေဖြစ်တဲ့ လောက်ကောင်တွေကို ကပ်ပါးပြုတဲ့ ပလက်တီဂက်စ်ထရစ်ဒ်၊ ယူပယ်လစ်နဲ့ တာရိုမားလစ်နဂျီတွေကိုစားတဲ့ ဖိုက်တိုစီးအစ်ဒ်မွှားနဲ့ အရွယ်ရောက်ကောင်တွေကိုစားတဲ့ ပင့်ကူတို့ကို ထိန်းသိမ်းပါ။
• အောက်ပါပိုးသတ်ဆေးတစ်မျိုးမျိုးကို ဆေးဘူး/အိတ်ပါ အညွှန်းစာအတိုင်း အသုံးပြုပါ။
◦ အဆီဖိတ် (Acephate)
◦ ကာတက်ပ်ဟိုက်ဒြိုကလိုရိုဒ် (Cartap hydrochloride)
◦ ဒိုင်မီသိုအိတ် (Dimethoate)
ဒေါက်တာကိုကို (စိုက်ပျိုးရေး)
ဒေါက်တာကိုကို၏စိုက်ပျိုးရေးဆောင်းပါးများလေ့လာရန်
ဆက်စပ်အကြောင်းအရာ၊ မေးခွန်းများနှင့် ဆောင်းပါးများကို ဆက်လက်ဖတ်ရှုနိုင်ပါသည်။
အကြောင်းအရာ 1
စပါးကြက်သွန်မြိတ်ပိုး
အသုံးပြုနိုင်သည့် သွင်းအားစုများ (ကြော်ငြာ)
ကောင်လေး
လွန်ခဲ့သော ၄ ရက် ကဆေဖျန်းလိုရပါမလား
နည်းပညာမိတ်ဖက်အဖွဲ့
Greenovator
ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။
နည်းပညာမိတ်ဖက်အဖွဲ့ အားလုံးဆက်စပ်မေးခွန်းများ
ဘာရောဂါဖြစ်တာလဲ သိပါစေ ကာကွယ်နည်းလဲသိပါရစေ
U Maung • ဖြေကြားချက် 1 ခု
ဆရာတို့ရေ ဂန္ဓမာပန်းခင်းမှာအခုလိုပုံမှာတင်ထားတဲ့အတိုင်း ဖြစ်နေလို့ပါ။ဘာဆေးဖျန်းရမလဲ အကြံဉာဏ်ပေးကြပါအုံးဗျာ
Ko Myo Tint • ဖြေကြားချက် 2 ခု
ခုလိုမျိုး ၂ပင်လောက် ဖြစ်နေတယ်ခဗျာ အစားကျွေးထားတာ၅ရက်ရှိပါပြီး အမိုင်နိုဆေးဖြန်းထားပါတယ် အစားကျွေးတာများလို့ခဗျာ ဖြေကြားပေးပါ။🙏
bominthu • ဖြေကြားချက် 2 ခု
မဂ်လာပါ ပန်းအရွက်လိပ်ပီးအထဲမှာပိုးရှိနေပါတယ်ဘာဆေးဖျန်းရမလဲဖြေကြားပေးပါ။🙏
bominthu • ဖြေကြားချက် 5 ခု
အဲ့ဆေး၂မျုိးကိုဘယ်လိုဖြန်းသင့်လဲဗျာ ကွမ်းပင်၃လသားမှာပင်ခြေကနေ အဖြူရောင်အလုံးလုံးလေးတွေနဲ့ပုတ်သေတာ
JohnSaw • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
ကိုယ်တိုင်ပြုလုပ်နိုင်တဲ့ homemade ကော်ဖီ scrub
30/09/2026
အစိမ်းရောင်လမ်း Viber (09-5053570) ကို ဆက်သွယ်ထားသော မိတ်ဆွေများသို့
30/09/2026
GIS နည်းပညာက ခေတ်သစ်စိုက်ပျိုးရေးကို ဘယ်လိုတိုးတက်ပြောင်းလဲစေနိုင်သလဲ?
30/09/2026
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၅)
29/09/2026
မုန်တိုင်းငယ်၏ တိုက်ရိုက် သက်ရောက်မှုကြောင့် ၇ ရက်အတွင်းဖြစ်ပေါ်မည့် မိုးလေဝသအခြေအနေ
29/09/2026
More from ဒေါက်တာကိုကို
အားလုံး
နှမ်း ဖျူစေရီယမ်ပင်ညှိုးရောဂါ
09/12/2021
ပဲတီစိမ်းတွင်ကျရောက်တတ်သော ပိုးမွှားရောဂါဆောင်းပါးစုစည်းမှု
08/12/2021
စိုက်ပျိုးရေးနှင့် စားနပ်ရိက္ခာထောက်ပံ့ရေးအပေါ် ရာသီဥတု၏သက်ရောက်မှုများ
20/01/2021
အသံ
ဗီဒီယို
ဘက်စုံနည်းဖြင့်ကာကွယ်မယ် စပါးဖြုတ်ပိုးအန္တရာယ်
15/01/2021
ပြောင်းဖူးတွင်ကျရောက်တတ်သော အင်းဆက်ဖျက်ပိုးများနှင့် ကာကွယ်နှိမ်နင်းနည်းများ
10/12/2020