ဖြေကြားချက် ၂ ခု
ကာတက်ဟိုက်ဒြိုကလိုရိုဒ် သို့မဟုတ် ဒိုင်မီသိုအိတ် သုံးနိုင်ပါတယ်
- ကြိုတင်ကာကွယ်ခြင်းအနေနဲ့ကတော့ ရင့်မှည့်ချိန်နောက်ကျတဲ့ စပါးမျိုးတွေကိုစိုက်ပါ။ - ကွင်းထဲမှာ ပေါင်း၊ မြက်တွေကို ရှင်းရပါမယ်။ - မနက်ခင်းနဲ့ ညနေခင်းမှာ အင်းဆက်ဖမ်းပိုက် (သို့) လက်နဲ့ဖမ်းဆီးခြင်းတွေ ပြုလုပ်ပေးပါ။ - ပင့်ကူ၊ နဂျီ၊ လိပ်ခုံးကျိုင်းကောင်တွေက စပါးနှံစုပ်ပိုးရဲ့ ဥနဲ့အကောင်ကြီးအဆင့်ကို စားသောက်ကြလို့ မွေးမြူထိန်းသိမ်းထား သင့်ပါတယ်။ - တမာ ပိုးသတ်ဆေးလဲသုံးလို့ရပါတယ်။ - ပိုးသတ်ဆေးသုံးမယ်ဆိုရင်တော့ ဒိုင်မီသိုအိတ် စသော စျေးကွက်ရှိ ပိုးသတ်ဆေးတစ်မျိုးမျိုးကို အညွှန်းစာအတိုင်း စနစ်တကျအသုံးပြုပါ။ မှတ်ချက်။ ။ စပါးရုံ (၂၀)ရုံမှာ စပါးနှံစုပ်ဂျပိုး (၁၀)ကောင်အထက်တွေ့မှသာ ပိုးသတ်ဆေးများကို အသုံးပြုပါ။ ဒီဆောင်းပါးမှာလည်း အသေးစိတ်လေ့လာလို့ရပါတယ် စပါးအထွက်နှုန်းကိုထိခိုက်စေနိုင်တဲ့ နှံစုပ်ဂျပိုး (Rice earhead bug)
ဆက်စပ်မေးခွန်းများ
စပါး နှံစုပ်ပိုးကျတာ ဘယ်လိုဆေးဖျန်းရမလဲ ဘယ်အချိန်မှာဖျန်းသင့်လဲ သိချင်ပါတယ်ဗျာ
ဖြေကြားချက် 1 ခု
ဘာဆေးသုံးရမလဲ ဘယ်နှစ်ကြိမ်ဖျန်းရမလဲ ခင်ဗျာ
ဖြေကြားချက် 2 ခု
အဲ့ဒီကောင် ဘာကောင်လဲ
ဖြေကြားချက် 10 ခု
နံစုပ်ပိုးကိုဘာဆေးသုံးရမလဲ
ဖြေကြားချက် 1 ခု
နှံစုပ်ပိုးကျတာဘာဆေးဖျန်းရမလဲ အနှံမထွက်ခင် ကြိုဖျန်းလို့ရလား
ဖြေကြားချက် 4 ခု