ဖြေကြားချက် ၆ ခု
စိုက်ပျိုးရေးဆေးကို စျေးတက်မှာ တစ်ခုထဲနဲ့ ကြိုတင်ဝယ်မလှောင်သင့်ပါဘူးခင်ဗျာ. ဘာကြောင့်လဲဆိုတော့ သီးနှံရာသီချိန်မှာ ဘာပိုးကျမယ် ဘာရောဂါ ဝင်မယ်ဆိုတာ အတိအကျမရှိလို့ပါ။ နောက်တစ်ခုက ဆေးရဲ့ သက်တမ်းပါ ကိုယ်ဝယ်ထားပြီး မသုံးရခင်မှာ သက်တမ်းကုန်နေတာမျိုးဖြစ်တတ်ပါတယ်။ စျေးနှုန်းဆိုတာ ပုံသေမှတ်ထားလို့မရပါဘူး ကိုယ့်စိုက်ခင်းထဲက ပိုး/ရောဂါ ကျရောက်မှု အခြေအနေကိုကြည့်ပြီး စျေးသက်သာတဲ့ ai တူဆေးမျိုးတွေကို လေ့လာပြီး ဝယ်သုံးပါ။ အရေးကြီးဆုံးကတော့ မိမိစိုက်ခင်းထဲမှာ ကျရောက်နေတဲ့ ပိုး/ရောဂါတွေ စဖြစ်ကာစမှာ သိရှိနိုင်အောင် စိုက်ခင်းထဲမှာ မျက်ခြေမပြတ်လေ့လာသင့်ပါတယ်။ ဘယ်ပိုးကျရင် ဘယ်ဆေးသုံးရမယ် နှုန်းထား ဘယ်လောက်သုံးရမယ်ဆိုတာ နားလည်နိုင်ဖို့ တောင်သူတိုင်းဟာ စာပေဗဟုသုတ ရှိဖို့လိုပါတယ်။
အခုတက်နေတဲ့ ဒေါ်လာဈေးနဲ့ ဈေးကျနိုင်ခြေမရှိပါ။ ဆေးသုံးဖို့ထက် ကိုယ်တိုင် အားဆေးလုပ်သုံးဖို့ပဲ အားပေးပါတယ်။ သီးနှံဈေးက ဘယ်လောက်ပေါက်မယ်မသိဘဲ ဈေးကြီးပေးပြီးရင်းမယ့်အစား ကိုယ်တိုင် အားဆေး၊ မြေဆွေး လုပ်ပြီး သုံးကြရအောင်ပါ။ အစိမ်းရောင်လမ်းမှာလည်း အကုန်တင်ပေးထားတာပဲ။ ကျွန်တော် ငါးအမိုင်နိုအက်စစ် စလုပ်နေပါပြီ။
ဆက်စပ်မေးခွန်းများ
အူပိုးဘယ်လိုသတ်မလဲ
ဖြေကြားချက် 2 ခု
လိုင်ချီးသီးကိုင်းကူးစိုက်မလို့ပါခင်ဗျ။ အသင့်သုံးသဘာဝမြေဩဇာ ဘယ်အမျိုးအစားအသုံးပြုပြီး ဘယ်လိုစိုက်ပျိုးနည်းက အ...
ဖြေကြားချက် 12 ခု
စပါးသက်သန်ဘယ်လောက်မှသီးအားပေးဝဲကြဲရမှာလည်
ဖြေကြားချက် 1 ခု
ငရုတ်ပင်ပျိုးနည်းလေးသိချင်လို့ပါနားလည်တဲ့ဆရာများပြောပြပေးကြပါဦးဗျအခုမှစစိုက်ကြည့်မလို့ပါ
ဖြေကြားချက် 1 ခု
မတ်ပဲရေဆင်းမျိုးဘယ်လိုမှာယူလို့ရပါလဲဗျ ကျွန်တော်သာယာဝတီမြို့နယ်ကပါ
ဖြေကြားချက် 1 ခု