အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
2
လွန်ခဲ့သော ၄ နှစ် က · ရွှေဘို

ရွှေခရုကာကွယ်နိမ့်နင်းနည်းခြင်းနဲ့သုံးစွဲသည့်ဆေးအမျိုးအစားသိချင်ပါတယ်

ပိုးမွှားရောဂါ စပါး ရွှေခရု

ဖြေကြားချက် ၃ ခု

အတည်ပြုပြီး 217,423 လွန်ခဲ့သော ၄ နှစ် က

မဆုမြတ်ရေးတာ အရမ်းအဆင်ပြေပါတယ်၊ အသေးစိတ်သိချင်ရင်တော့ ဒီဆောင်းပါးလေးမှယ ဖတ်ရှုလေ့လာနိုင်ပါတယ်၊ ဆေးအနေနဲ့ တော့ ခရုအရမ်းများပြီးဆိုးမှသာ သုံးပေးပါ နိုင်တဲ့ဆေး အေအိုင်ကတော့ မက်တယ်ဒီ ဟိုက်ဒ် ဖြစ်ပါတယ်၊ ဈေးကွက်အမည် မော့စတော့၊ စီပူတော့ (မာလာမြိုင်)

100,154 လွန်ခဲ့သော ၄ နှစ် က

နည်းနည်းပါးပါးအကူညီဖြစ်စေလိုတဲ့ရည်ရွယ်ချက်နဲ့ သိထားတာကို ဝင်ပြီးဖြေပေးလိုက်ပါတယ်ရှင် ဒီထက်ပိုပြည့်ပြည့်စုံစုံကိုတော့ ဆရာတွေဖြေပေးပါလိမ့်မယ်ရှင့်

100,154 လွန်ခဲ့သော ၄ နှစ် က

ရွှေခရုတွေကို နှိမ်နင်းဖို့ဆိုရင် အရင်ဆုံးလုပ်သင့်တာက ဥတွေကို ထောင်ပြီးဖျက်ဆီးပစ်တာပါ ခရုရဲ့ သဘာဝအရဆိုရင် ဥတွေကို အမြင့်တွေ တိုင်တွေမှာဥတတ်ပါတယ် အဲ့ဒါကြောင့် လယ်ကွက်ထဲမှာ ကျပမ်းအနေနဲ့ ဝါးတိုင် သစ်သားတိုင်တွေ လိုက်ထောင်လိုက်ပါ ဥတွေလာဥတဲ့အခါကျရင် ဖျက်ဆီးပစ်ပါ သူတို့က ဥနှုန်းရော ပေါက်နှုန်းရော အတော်ကောင်းလို့ ဥတွေကိုတော့ မဖြစ်မနေဖျက်ဆီးဖို့လိုပါတယ် ပြီးတော့ ဘဲမွေးထားတယ်ဆိုရင် ဘဲတွေလွှတ်ကျောင်းပေးပါ နောက်တစ်ခုက လယ်ကွင်းထောင့်တွေမှာ ကျင်းတူးပြီး အရည်ရွှမ်းတဲ့အသီးအနှံတွေကို ချထားပါ ချတဲ့အခါမှာ မနက်စောစောနဲ့ ညနေပိုင်းမတိုင်ခင် ကြိုပြီးထည့်ပါ သူတို့က အဲ့အချိန်တွေဆိုရင် ကျက်စားကြလို့ အဲ့အချိန်မတိုင်ခင်ထောင်ဖမ်းမှ တစ်စုတစ်စည်းတည်းဖမ်းနိုင်မှာပါ နောက်တစ်ခုလုပ်နိုင်တာကတော့ နိုင်သလောက် လက်နဲ့ကောက်တာပါ ဒီကောင်တွေက တစ်ကောင်တွေ့ရင်တောင် နည်းသေးတယ်ဆိုပြီး ချန်မထားသင့်တဲ့အကောင်တွေပါ တွေ့တာနဲ့ ဖျက်ဆီးပစ်ပါ နောက်ဆုံးအဆိုးဆုံးအဆင့်ရောက်ပြီဆိုရင်တော့ ခရုသတ်ဆေး သုံးပါ

You

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။