အကိုင်းတစ်ကိုင်း အဖျားကနေ စခြောက်ပါတယ်။နေပူလာချိန် နောက် တစ်ပင်လုံး ညှိုးနွမ်းပြီး ညနေနေအေးချိန် ပုံမှန်ပြန်ဖြစ်ပါတယ်။ သုံးရက်လောက်အဲလိုဖြစ်ပြီးရင် တစ်ပင်လုံးညှိုးပြီး အပင်သေသွားပါတယ်။ ဘာဖြစ်တာလဲဗျာ ။ ဘာဆေးတွေကိုသုံးရမလဲ လမ်းညွှန်ပေးပါဦး။
ရေသောက်မြစ်ကိုမြေအောင်းပိုးကိုက်ခံထိတာ ဖြစ်နိုင်သလိုအပင်ခြေမှာ ဒဏ်ရာတခုခု ရှိပါလိမ့်မယ်။ ဆိုလိုတာက မြေအောက်ပိုင်းပြသနာကြောင့်ပါ။ အရင်ဆုံး.....သေတဲ့အပင်နုတ်ပြီး အမြစ်ပိုင်း ဘယ်လိုလဲကြည်ပါ။ ေမြထဲကိုလည်း ပိုးရှိမရှိရှာပါ။ ပိုးတမျိုးမျိုး ရှိပါက... သိုင်ယာမီသိုဇင်+လမ်ဘဒါ( တင်းဒါး.....)ကိုရေတဂါလံ ၁ဇွန်းနုန်းဖျော်ပြီအပင်ခြေလောင်းကြည့်ပါ။ အကယ်၍ ခါးရိဒဏ်ရာတွေ့ပါက.. ဖို့စတိုင်းအလူမီနီယံ(ဖိုးစီ/ဖို့ကပ်...)ကိုရေတဂါလံ / ၂ဇွန်းနုန်း အပင်ခြေ ဖျန်းပါ။
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
ဆက်စပ်မေးခွန်းများ
ငရုပ်ရွက်တေ အာ့လိုတေဖစ်ပီး ဝါကျကုန်တာ ဘာဖစ်တာလဲဆရာတို့
ဖြေကြားချက် 2 ခု
ကုလားအော်သီးစိုက်ထားတာ(၄)ရက်ရှိပြီ ည/မနက်ရေပုံမှန်လောင်းပါတယ် ပုံပါအတိုင်းဖြစ်နေလို့ ဘာလုပ်ရမလဲဗျ
ဖြေကြားချက် 2 ခု
ငရုပ် အပင်များ အစအဝါ ရောင်ပြောင်းလာကာ 1/2ရက်အတွင်း ညိုးလာက သေဆုံး။ အခင်းတိုင်း ဖြစ်ပွားနေသော ရောဂါ ဖြစ်ပါတယ်။...
ဖြေကြားချက် 1 ခု
အသီး မရင့်ခင်လေးမှာ ခြောက်သလိုဖြစ်တာ ဘာကြောင့်လဲဗျို့?
ဖြေကြားချက် 2 ခု
ငရုတ်ပင်အရွက်တွေ တွန်နေတယ် နောက်အပင်တွေကဝါလိုက်လာတယ် အပင်ကလည်မကြီဘူးဖြစ်နေတယ် ဘာဖြစ်လိုလဲ ဘာဆေးသုံးရမလဲ
ဖြေကြားချက် 3 ခု
ရေပန်းစားသော အကြောင်းအရာများ
ကြိုဆိုပါသည်
ဆက်လက်အသုံးပြုရန် ဝင်ရောက်ပါ
မတင်ဘဲ ထွက်မှာ သေချာပါသလား။
သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။