အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
Thar Po

Thar Po

အတည်ပြုပြီး Greenovator

စိုက်ပျိုးရေးပညာရှင် · ပျဉ်းမနား

36,048
လွန်ခဲ့သော ၁ ရက် က

စပါးပင် ၂၀-၂၅ရက်သားအရွယ်(ပေါင်းပင် ၂-၄ရွက်)အစိုဓာတ်ကောင်းချိန်၊Bentazone ကို အညွှန်းအတိုင်းဖျန်းပါ

ပုံပါမြက်ကိုနိုင်သော‌ေရွးခြယ်ဆေး ကိုညွှန်ပြပေးပါခင်ဗျာ။

လွန်ခဲ့သော ၁ ရက် က

ဒီနှစ်ရာသီဥတု ဖောက်ပြန်မှုတွေကြောင့်၊ ငရုတ်အထွက်ကောင်းဖို့ လုပ်ရခက်သလို၊ဈေးနူန်းလည်းကောင်းမယ်လိူ့ခန့်မှန်းရပါတယ်။

ဒီနှစ် ငရုပ်စျေးနဲ့ပြောင်းစျေးလေး ကောင်းနိုင်လားရှင့် မနှစ်က ငရုပ်စျေးလေးလောက်ရှိရင်အဆင်ပြေပါတယ် စျေးကောင်းရနိုင်လား ရှင့်မိတ်ဆွေတို့

လွန်ခဲ့သော ၁ ရက် က

ရိတ်ဖို့ တလလိုသေးရင် တကြိမ်ဖျန်းသင့်ပါသေးတယ်။ Tricyclazole အုပ်စု ဖျန်းရပါတယ်။ ကာကွယ်ကုသ နိုင်ပါတယ်။

မင်္ဂလာပါ စိုက်ပျိုးရေးပညာရှင်များခင်ဗျာ။ ကျွန်တော့်စပါးခင်းမှာ ဂုတ်ကျိုးရောဂါ ဝင်နေပါတယ်။ လက်ရှိ စပါးက နို့ရည်ဝင်အဆင့်တော့ကျော် ဖြစ်ပါတယ်။ ရိတ်သိမ်းဖို့ ရက် ၂၅ခန့် လိုပါသေးတယ်။ စပါးခင်းတစ်ခင်းလုံး ရောဂါပျံ့နှံ့နေပါတယ်။ စပါးနှံ ၃၀% ခန့် ဂုတ်ကျိုးပြီး ဖြူခြောက်နေပါတယ်။ ရောဂါကလည်း နေ့စဉ် တိုးလာနေပါတယ်။ မေးချင်တာက— ၁။ ဒီအချိန်မှာ မှိုသတ်ဆေး ဖျန်းသင့်ပါသလား။ ၂။ ဖျန်းသင့်တယ်ဆိုရင် ဘယ်ဆေးအမျိုးအစား သုံးသင့်ပါသလဲ။ ၃။ ရိတ်သိမ်းဖို့ ရက် ၃၀ သာလိုတော့တဲ့အတွက် ဘယ်ဆေးက သင့်တော်ပါသလဲ။ ၄။ ကျန်ရှိနေတဲ့ စပါးနှံတွေကို ရောဂါမထပ်ပြန့်အောင် ကာကွယ်နိုင်ပါသလား။ အခုပုံက ရိုက်ထားတာ ၂ရက်ရှိပါပီဗျာ အကြံဉာဏ်ပေးကြပါဦးခင်ဗျာ။ ကျေးဇူးတင်ပါတယ်။

လွန်ခဲ့သော ၂ ရက် က

ပဲခူးတိုင်း၊သနပ်ပင်၊ကဝ နယ် ဖက်ဆိုရင်တော့၊‌ေမြမပြင်မီ pH အရင်တိုင်းစေချင်ပါတယ်။ဖြစ်နိုင်ရင် မြေနမူနာယူပြီး မြေဆီလွှာ စမ်းသပ်စစ်ဆေးစေချင်ပါတယ်။စမ်းသပ်ချက်၊သုံးသပ်အကြံပြုချက် ထွက်လာတဲ့အတိုင်း ပြုပြင်စေချင်ပါတယ်။

သဲဆန်သောမြေကို ဘယ်လိုပြုပြင်ရမလည်း

လွန်ခဲ့သော ၄ ရက် က

ဟုတ်ပါတယ်၊အောက်က အစိုများလို့ပါ။

မတ်ပဲ (TBl) အပေါဘက်ကညှိုပြီး ကုတ်ကျတာပါ အမြစ်ကတော့ မြစ်ဖုလိုက်တယ် ဘာဖြစ်တာလဲ မိုးများပြီးအစိုစာတ်များတာလား

လွန်ခဲ့သော ၄ ရက် က

ပေါင်းအုပ်ဆေး Pre emergents သုံးမယ်ဆိုရင်၊Pendimethlin ရတယ်။Metolachlor/S-metolachlorကို အညွှန်းပါအတိုင်းသုံးနိုင်ပါတယ်။‌ကောင်းလည်းကောင်းပါတယ်။

မတ်ပဲပေါင်းအုပ်ဆေးက ဘယ်နှစ်ရက်သားမှာ အသုံးပြုရတာလဲဗျ ဘယ်ဆေးက ကောင်းလဲ လမ်းညွှန်ပေးပါအုံး

လွန်ခဲ့သော ၅ ရက် က

https://www.greenwaymyanmar.com/posts/tomato_suck_bug_control_and_prevention_methodဒီဆောင်းပါးလေး ဖတ်ကြည့်ပါဦး။ ခရမ်းချဉ်မှာ အညွန့်လေးတွေကျိုးကျအောင်ဖျက်ဆီးတယ်။ မိတ်ဆွေဘူးပင်မှာ ဘယ်လိုဖျက်ဆီးသလဲ ပြောပြစေချင်ပါတယ်။

အားလုံးပဲ့မဂ်လာပါခင်ဗျ၊ကျွန်တော့်ရဲ့ postလေးမြင်ရင် ကျော်မသွားဘဲ ရှင်းပြပေးခဲ့ပါလို့ တောင်းဆိုပါတယ်၊ဒီဘူးပင်တွေမှာ အဲလို ပိုးတွေ အုပ်လိုက်နေတာ ဘာပိုးအမျိုးအစားလည်း ဘယ်ဆေးAiနှင့် နှိမ်နင်းနိုင်လည်းဆိုတာကိုလည်း မသိသေးပါဘူး ခုမှ ဟင်းသီးဟင်းရွက်တွေကို စစိုက်တာပါ green wayက စိုက်ပျိုးရေးပညာရှင်များ ရှင်းပြပေးခဲ့ပါခင်ဗျာ။

လွန်ခဲ့သော ၆ ရက် က

ဆံပင် ကြက်တောင်စည်းသလို၊ စပါးပင်တွေကို လက်တဆုပ်စာ စုစည်းပေးနိုင်ရင် ကောင်းပါတယ်။သူ့အလိုလို မထောင်နိုင်တော့ပါဘူး

မိုးကြောင့်စပါးပင်တွေကလဲနေပါတယ်အနှံကမစုံတက်သေးပါဘူး ပျက်စီးနိုင်ပါလား အပင်တွေကပြန်လည်ထောင်နိုင်ပါလား

လွန်ခဲ့သော ၆ ရက် က

ပုလဲ မပက်လိုက်နဲ့ဦး၊မိုးရွာပြီး၊နေပူရင် ပိုဆိုးသွားမယ်။k Humic လို ဟူးမစ်အက်ဆစ်၊ဆာလဖာ အရင်ဖျန်းပါ။တပတ်လောက် ပြီးမှ အပွင့်အသီးအားဆေး+ပိုဆေးဖျန်းစေချင်တယ်။

မတ်ပဲ စိုက်ပီးသား ၁လခွဲလောက်ရှိပီး မိုးရွာတော့ အားဆေး မထိုးတတ်ဘူး ဖစ်နေတယ် ဓာတ်ဆား ပတ်လို့ အဆင်ပြေပါ့မလားဗျ

လွန်ခဲ့သော ၁ ပတ် က

ရာသီဥတုကြောင့်သော်လည်းကောင်း၊အာဟာရကြောင့်သော်လည်းကောင်း၊ကွမ်းရက်လေးတွေသေးနေရင်၊ငါးအမိုင်နို+အီးအမ် အချိုးကျရောပြီး ၇/၁၀ရက် ၁ကြိမ်ဖျန်းပေးနိုင်ပါတယ်။နေပူချိန်မဖျန်းပါနဲ့။ ဒီနည်းလမ်း အသေးစိပ် သိလိုပါက၊ဦးဝင်းနိုင်(မုံရွာ)ကွမ်းဆရာကြီးနဲ့ ဆက်သွယ်ပါ။ ပစ္စည်းတွေလည်း ဖြန့်ဖြူးပေးပို့နေပါတယ်။

ဆရာဒို့ဦးလေးခင်ဗျာ ဆရာနဲ့ ဆရာစိုးမိုးဂျူလှိုင် ကွမ်းအကြောင်း ဆွေးနွေးခန်းမှာ ကွမ်းရွတ်ကို emနဲငါးအမိုင်နိုပဲသုံးပြီး အကြီးအသေး လိုသလို ဖန်တီးနိုင်တယ်လို့ ပြောသွားတာကို နားထောင်လိုက်ရပါတယ် အဲဒါ ဘယ်လို လုပ်ရပါသလဲခင်ဗျာ

Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

ရေပန်းစားသော အကြောင်းအရာများ

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။