ဖြေကြားချက် ၃ ခု
ရိုးရိုးပုပ်တာမျိုး ဆိုရင်တော့ မြေဆီအကျွေးများခြင်း၊ နည်းခြင်း၊ ဝတ်မုန်ကူးမအောင်မြင်ခြင်း၊ ရေဝပ်တာ စသည်တို့ကြောင့် ဖြစ်တက်ပါတယ်ခင်ဗျာ။ အသီးထဲကလောက်လိုအကောင်လေးတွေထွက် အပေါက်လေးတွေတွေတာမျိုး ဆိုရင်တော့ အသီးထိုးပိုးကြောင့်လို့ ယူဆရပါတယ်ခင်၊ဗျာ။ သေချာအောင် ဓာတ်ပုံလေး ရိုက်ပေးနိုင်ပါက ပိုကောင်းပါတယ်ခင်ဗျာ။
ဘူးသီး၊ဖရုံ၊မျိုးနွယ်တွေမှာ မကြာခဏေတွ့ရတတ်တဲ့အသီးကင်းပုပ်ရောဂါတခုပါ။အကြောင်းရင်းအမျိုးမျိုးရှိနိုင်ပါတယ်။မိှုရောဂါဝင်လို့ဖြစ်တာရှိသလို... အာဟာရချို့တဲ့လို့/ယူရီးယား(နိုက်ထြိုဂျင်) များလို့ ဖြစ်တာလဲရှိပါတယ်။ အပွင့်ပွင့်စဥ်မှာ အဖိုဝတ်မှုံရရှိမှုမလုံလောက်တာ(ဝတ်မှုံကူမှုမအောင်မြင်)လည်းရှိပါတယ်။နောက်ပြီး..အပွင့် ထဲရေဝင်တာ/ မိုးမိတာ စသဖြင့် အသီးကင်းပုပ်စေအကြောင်းအချက်တွေ များပါတယ်။လောက်ကောငကတော့ ပုပ်ပြီးမှနောက်ဆက်တွဲ ဝင်လာတာပါ။ ဝတ်မှုံကူးချိန် နံနက်ပိုင်းမှာ အဖိုပွင့်က ဝတ်မှုံကို အမပွင့်ဝတ်ဆံပေါ် လူကကူးပေးရပါတယ်။ဂွမ်းစ/နားကြပ်တစတာတွေနဲ့ တို့ပြီးကူပေးရပါတယ်၊ အသီးကြီးမှ ဖင်ပုပ်ရင်.. ကယ်လစီယမ် ပါတဲ့အရွက်ဖျန်းအားဆေးဖျန်းပေးရပါတယ်အပင်ခြေကို ဂျစ်ဆမ်ကျွေးပေးပါ။
ဆက်စပ်မေးခွန်းများ
ဗူးပင် အညွန့်တွေက ခုပုံထဲအတိုင်း နူသလိုဖြစ်ကုန်တယ်ဗျ။ အပင် ၂ ပင်လည်း ခုလိုဖြစ် အရိုးတံတွေမာပြီး နောက်ဆုံး သေ...
ဖြေကြားချက် 1 ခု
ဟင်းသီးဟင်းရွက်ပင်တေ. အသီးဝင်ခါနီးရင် ထုံးပက် ပြာအုံ လို့ပြောကြတယ် ပြာနဲ့ထုံး ဘယ်အချိုးလောက် စပ်ပြီး တစ်ပင်ကို...
ဖြေကြားချက် 1 ခု
စိုက်ပျိုးရေးအတွက် ဆင်ချေး အသုံးဝင်ပုံကိုပြောပြပါလားဗျ
ဖြေကြားချက် 6 ခု
အညွှန့်ဖြတ်ဘူးကိုမိုးရာသီမှာဘယ်လိုစိုက်သင့်လဲဆရာတို့
ဖြေကြားချက် 5 ခု
ဗူးပင်စိုက်ချင်လို့ ဘယ်လိုမျိုးစိုက်ရမလဲခင်ဗျ ဗူးစေ့ကိုရေစိမ်ထားရပါသလားဖြေကြာပေးပါခင်ဗျ
ဖြေကြားချက် 2 ခု