ချဥ်ပေါင်ပင်မှာ အဲ့လိုပိုးကောင်တွေတွေ့လို့ ဘာပိုးကောင်လဲရှင့် သိသူများဖြေပေးကြပါရှင့် ဘယ်လိုဖြေရှင်းရမလဲရှင့်
ကာကွယ်နှိမ်နင်းနည်းများ • အကောင်းဆုံး ကာကွယ်နှိမ်နင်းနည်းမှာ ကြိုတင်ကာကွယ်နှိမ်နင်းနည်းဖြစ်ပါသည်။ • အားနည်းသော အပင်များသည် ကျန်းမာသန်စွမ်းသော အပင်များထက် မီလီဂျပိုး ကျရောက်မှုဒဏ်ကို ပိုမိုခံရဖွယ်ရှိသောကြောင့် အပင်များကို ကျန်းမာသန်စွမ်းအောင် ပြုလုပ်ပေးထားရပါမည်။ • သို့သော်လည်း ရေများအလွန်အကျွံပေးခြင်း၊ နိုက်ထရိုဂျင်မြေသြဇာများ အလွန်အကျွံ ပေးခြင်းကိုလည်း ရှောင်ရှားရပါမည်။ • အပင်များပေါ်တွင် မီလီဂျပိုးများကျရောက်နေသည်ကို စတွေ့လျှင် ကျရောက်နေသော အကိုင်းများကို ဖယ်ရှာပြီး မီးရှို့ဖျက်စီးပစ်ရပါမည်။ • စိုက်ခင်းအနီးပတ်ဝန်းကျင်တွင် မြက်ခြောက်၊ အမှိုက်ခြောက်၊ သစ်ကိုင်းခြောက် များကို လေတင်ဘက်က မီးရှို့၍ မီးခိုးမှိုင်းတိုက်ပေးနိုင်ပါသည်။ • ဘော်ဒိုဆေးရည်ကို အသီး၊ အပွင့်မရှိချိန် ကိုင်းများတစ်လျှောက် သုတ်လိမ်း၍ ကာကွယ် နိုင်ပါသည်။ စိုက်ခင်းနေရာအနှံ့ ထုံးမှုန့်များ ဖြူးထားပေးပါ။ • တမာပိုးသတ်ဆေးများကို အကောင်များစတွေ့တွေ့ချင်းဖျန်းပေးနိုင်ပါသည်။ ဓာတုပိုး သတ်ဆေးများကို လိုအပ်မှသာ အသုံးပြုပေးသင့်ပါသည်။ အဆင်ပြေပါစေ။
မီလီဂျပိုး ခေါ် ပိုးစေးနှဲပါခင်ဗျာ။ ယခု တွေ့မြင်နေရသော မီလီဂျပိုးများသည် အမများ ဖြစ်ပါသည်။ မီလီဂျပိုးအထီးများကို အပင်များပေါ်တွင် တွေ့ရသည်မှာ ရှားပါသည်။ အထီးများသည် တောင်ပံပါရှိပါသည်။ မီလီဂျပိုးအမများသည် အထီးများနှင့် မိတ်လိုက်ပြီး သောအခါတွင် အရွက်အောက်မျက်နှာပြင်များ၊ သစ်ကိုင်းခွကြားများ၊ အညွှန့်၊ အဖူးများ ပေါ်တွင် ဥများဥချခဲ့ပါသည်။ အမတစ်ကောင်သည် ဥပေါင်း ၃၀၀ မှ ၆၀၀အထိ ဥနိုင်ပါသည်။ ထိုဥလေးများသည် ဆယ်ရက်ခန့်အကြာတွင် ဥမှ အကောင်ပေါက်လာပြီး ထိုအကောင်လေး များသည် ပင်ရည်ကို စုပ်ယူစားသုံးပါသည်။ ထို့နောက်ပိုးတုံးလုံးအဆင့်သို့ရောက်သောအခါ အခြားအပင်များသို့ ကူးပြောင်း၍ ကျရောက်ဖျက်စီးးပါသည်။ ထို့နောက် ၄-၈ ပတ်ကြာသောအခါ အကောင်ကြီးဘဝသို့ ရောက်ရှိသွားပါသည်။
ဆက်စပ်မေးခွန်းများ
အရွက်တွေဝါနေလို့ပါ ခင်ဗျာ။ ဖြေပေးပါဦးဆရာတို့ရေ။
ဖြေကြားချက် 2 ခု
13ပတ်လည် 15ပတ်လည် 16ပတ်လည်ဆိုတာ ဘာလဲဗျ နားမလည်လို့ပါ ဘယ်လိုအကျိုးပြုပြီး ဘယ်လိုအသုံးပြုရတယ်ဆိုတာရှင်းပြပေးပါ
ဖြေကြားချက် 5 ခု
ခဝဲပင် 7ပင်စိုက်ထားတာ ကြွက်စားတာလား ခရုစားတာလား မသိဘူး အပင်တွေတစ်ပင်မှ မရှိတော့လို့ ဘယ်လိုပြုစုရမလဲ ဆိုတာလေ အ...
ဖြေကြားချက် 1 ခု
ချင်ပေါင်အပင်နှုတ်ကို၁၅ရက်သားပုလဲကျွေးလို့ရပီလားဗျ
ဖြေကြားချက် 4 ခု
ချဉ်ပေါင်ပင်ကတစ်ပင်နဲ့တစ်ပင်တစ်လက်မခြားစိုက်ထားတာ ရလား နုတ်ပစ်ရမှာနှမြောနေလို့ပါ အပင်သက်တမ်းကနှစ်လပြည့်တော့မယ်
ဖြေကြားချက် 2 ခု
ကြိုဆိုပါသည်
ဆက်လက်အသုံးပြုရန် ဝင်ရောက်ပါ
မတင်ဘဲ ထွက်မှာ သေချာပါသလား။
သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။