အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ဒို့ဦး​လေး

ဒို့ဦး​လေး

အတည်ပြုပြီး Greenovator

စိုက်ပျိုးရေးပညာရှင် · ပျဉ်းမနား

1,123,201
လွန်ခဲ့သော ၁၅ နာရီ က

တကြိမ်ပဲ ဖျန်းသေးတာဆိုရင်၊ ကော်ရည် ထည့်ပြီး နောက်တကြိမ် ဝင်နိုင်ပါသေးတယ်။နုန်းထားလျော့လို့တော့မရဘူး။ညနေချိန်ဖျန်းပါ။

ဆရာတို့ခင်ဗျာ ကျနော့မြေပဲခင်းမှာ စစိုက်ပြီး ၁၅ရက်သားတစ်ကြိမ် ၂၂ရက်သားမှာ တစ်ကြိမ် ပိုးက မ နိုင်တာ ၁လသားအရမှာ ပုံပါဆေးကို ၁ဇွန်းခွဲ ထည့်ပက်ထားတာ(ဆေးညွှန်းမှာ၁၀-၂၀စီစီ ထည့်ရန် ညွှန်းထား) ဆေးပက်ပြီး ၅ရက်အကြာမှာ ယာခင်းရဲ့ ၈၀%လောက် တော့ ရှင်းပြီး ကျန်တာက အဲ့အတိုင်းဖြစ်နေတာ ​ပေါင်းဆွယ်ပွင့်က စ နေပြီမို့ ​မြေပဲပင် ကြီးထွားမှုထိခိုက်မှာစိုးလို့ ကျနော် အဲ့ဒီဆေးပဲ သုံးရင်ရလား တခြားဆေး ပြောင်းသင့်လား ကျနော့် အကြံလေးတေ ပေးကြပါဦးခင်ဗျာ

လွန်ခဲ့သော ၁ ရက် က

trifloxystobin+ tebuconazole (ဟိုက်ဒြာ) ဆေးတပုံး/၂၀ဂရမ်

ရေနစ်ထားတာပါဆရာ ဘယ်မှိုဆေးသုံးရင်အကောင်းဆုံးဖြစ်မလဲခင်ဗျာ။အထိရောက်ဆုံးနဲ့အကောင်းဆုံးဖြစ်မဲ့ မှိုဆေးညွန်ပေးပါ ဆရာ အမြန်ကုသချင်လို့ပါ။

လွန်ခဲ့သော ၂ ရက် က

အခုတလော၊ငရုတ်ခင်းတွေ၊ပဲခင်းတွေ၊ရေများ၊အစိုများပြီး အမြစ်လေးတွေ ရေငုံရာမှတဆင့် အစာ‌ေကြာ၊ရေကြောပိတ်ပြီး ညှိုးသေ‌ေတွေ့ရတယ်။ အရင်ဆုံး အမြစ်လေးတွေ လေရှူနိုင်အောင်ဖွင့်ပေးပါ။ပြာဖြူးခြင်း၊ဂျစ်‌ဆန်၊ကေဟူးမစ် ဖြူးခြင်း အရင်ပြုလုပ်ပါ။ အပင်မှိုင်နေတုန်း အားဆေးဖျန်းခြင်း၊မှိုဆေးဖျန်းခြင်းမပြုလုပ်ပါနဲ့။ မြေဖန့်လာရင် အပေါ်ယံ‌ေမြကြော ဖွင့်ပေးပါ။အမြစ်မထိခိုက်ပါစေနဲ့။ အားလုံးပြီးလို့ အပင်၊အညွန့်လေးတွေလန်းလာမှ၊fosetyl ဖျန်းပါ။metalaxyl တမျိုးတည်း နုန်းထားအမြင့်မဖျန်းပါနဲ့။

ငရုတ်ပင် အမြစ်စွဲ အကိုင်းအခက်လုပ်ပီးမှ တခင်းလုံးမဟုတ်ပဲကွက်ကြားကွက်ကြား အပင်စိမ်းညိုးပီးသေနေလို့ပါ

လွန်ခဲ့သော ၂ ရက် က

ရက်၂၀-၂၅ရက်သား ဖျန်းသင့်တာပါ။

ဆရာခင်ဗျ 24d ပေါင်းသတ်ဆေးဂျုံခင်းမှာဖြန်းချင်လို့ပါဂျုံနှံလေးတွေထွက်နေပြီမို့ဖြန်းလို့အဆင်ပြေနိုင်မလားခင်ဗျ

လွန်ခဲ့သော ၂ ရက် က

ပိုးဆေးနဲ့ အားဆေး အတူရောပက်လို့ရပါတယ်ဗျ။

ပိုးသတ်ဆေးနဲ့အားဆေးအတူပတ်ရလားဆရာခဗျ

လွန်ခဲ့သော ၃ ရက် က

ဓာတုနဲ့ ဇီဝ မရောရပါဘူး။သုံးချင်ရင် အကြိမ် ခွဲခြားသုံးပါ။

ဘိုကာရှီနဲ့အာမို15ပတ်လည်နှပ်ထားတဲ့ထဲကိုထရိုင်ကိုဒါးမားပါရောထည့်လို့ရလားဗျ။သိချင်လို့ပါ

လွန်ခဲ့သော ၃ ပတ် က

ပုံ က မရှင်းဘူး။ခါးရိတယ်ဆိုရင်တော့ ‌အဇိုဇီစထရိုဘင်+ဖို့စတိုင်း ဖျန်းပါ။

ခရမ်းချဉ်ပင်လေးများခါရိပြီးမတ်တပ်သေသလိုဖြစ်လို့ဘာဆေးသုံးသင့်ပါသလဲ

လွန်ခဲ့သော ၃ ပတ် က

၃၅ရက် သားမှာ၊ပုလဲတအိတ်၊ယူရီးယားတအိတ်ဆိုတာ အတူတူဖြစ်နေတယ်။ ကျန်တာ သင့်တော်ပါတယ်။

ရက်၉၀စပါး၂.၅ဧကအတွက် ၁၅ရက်သားဖြစ်သွားရင်မြေသြဇာ ယူးရီးယား၂၅kgအိပ်ဝက်နဲ့ပုလဲ၁၅ပတ်လည်၅၀kgတစ်အိပ်ကြွေးပီး ရက်၃၅ရက်ကြရင်ပုလဲတစ်အိပ်ယူးရီးယားတအိပ်ကြွေးပီးစပါးဖုံးချိန်အနှံစထွက်ချိန်ကြရင်ပိုတက်တစ်အိပ်နဲ့ယူးရီးယား၂၅kgအိပ်ဝက်ကြွေးရင်သင့်တော်လား အကြံပေးပါဦး

လွန်ခဲ့သော ၃ ပတ် က

ရိုးပြတ်ကြားထဲမှာ ပိုးတွေ ခိုအောင်းပြီး၊ညမှာတက်စားတတ်ပါတယ်။ ငမြောင်တောင်အုပ်စု၊ကျိုင်းအုပ်စု တခုခုဖြစ်နိုင်ပါတယ်။ည‌ေနပိုင်းအချိန် ပိုးသတ်ဆေး ဖျန်းပါ။

humic acid(potassium humic) နဲ့ ငါးအမိုင်နို ဖျန်းတာ တစ်ရက်ရှိပါပြီ ပုံပါအတိုင်း ပိုးပေါက်အရွက်နဲ့ ပိုးတစ်ချို့တွေ့လို့ ဘာပိုးလဲ ဘယ်လိုလုပ်သင့်လဲ သိချင်ပါတယ်ခင်မျ

လွန်ခဲ့သော ၃ ပတ် က

အီမာမက်တင်/ကလိုရမ် ထရာနိလိပရိုး၊အုပ်စု တခုခုကို၊ ကတော့ထဲ ဆေးဝင်အောင်ဖျန်းပါ။

ပြောင်းပင်ဖူးတန်ထွက်ခါနီးပိုးစားလို့ဘယ်လိုပိုးသတ်ဆေးသုံးသင့်ပါသလဲ

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။