အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ဦးလှမိုး
လွန်ခဲ့သော ၄ နှစ် က · မှော်ဘီ

တနိုင်တပိုင်စိုက်ပျိုးရေး‌ေလးလုပ်ပြီး ချဉ်ပေါင်၊ပင်စိမ်းနဲ့အညွှန့်စားပဲ လေးတွေစိုက်ထားပါတယ်။ခူးပြီးရောင်းတဲ့အခါ ခြံလာကောက်တဲ့ဈေးက အရမ်းနဲပြီး ဈေးနှိမ်ခံရလို့ စိုက်ပျိုးစရိတ်တောင် မကာမိလို့ပါ ဘယ်လိုရောင်းရင် အဆင်ပြေနိုင်လဲရှင့် အဖေကခြံစိုက်တာဝါသနာပါလို့ တစ်ဧက ခြံကွက်လေးထဲ တနိုင်တပိုင် ကိုယ်တိုင်စိုက်တာပါ။အခုက ချဥ်ပေါင်အရိုင်းစည်းကြီးတစ်စည်းမှ ၃၀၊၄၀ပဲ‌ေပးပြီး ပင်စိမ်းဆိုလည်း ၁၅ကျပ်ပဲ ပေးလို့ပါ အဲ့ဒါက ပုံမှန်ရတဲ့ခြံ‌ေကာက်ဈေးလားရှင့် ဝါသနာအရ အခုမိုးမှ ခြံစစိုက်တာမို့ပါ။ခြံလေးက မှော်ဘီမှာပါ။ ဈေးကွက်လဲနားမလည်လို့ပါရှင့် အဖေစိတ်ဓာတ်ကျသလိုဖြစ်နေလို့ အခုလိုမေးကြည့်တာပါ။မေးခွန်းကြောင့် အဆင်မပြေတာမျိုးဖြစ်ခဲ့ရင် တောင်းပန်ပါတယ်ရှင့်🙏

စိုက်ပျိုးစီးပွား ချဉ်ပေါင်ရွက်

ဖြေကြားချက် ၃ ခု

Aung.  Lin
Aung. Lin 350 လွန်ခဲ့သော ၄ နှစ် က

စိုက်ပျိုးရေးလုပ်တဲ့တောင်သူတွေအဆင်မပြေတာအဲလိုဈေးကွက်မရှိတာပါပဲ တက်နိုင်ရင်တော့ဈေးကွက်ထဲဝင်ရောက်ရောင်းသင့်ပါတယ် တနိုင်တပိုင်ဆိုရင်လည်းနီးစပ်ရာမိတ်ဆွေအပေါင်းအသင်းတွေကတစ်ဆင့်ဈေးကွက်ရအောင်ဖေါ ်ဆောင်သင့်ပါတယ်

ဦးလှမိုး
ဦးလှမိုး 116 လွန်ခဲ့သော ၄ နှစ် က

ဟုတ်ကဲ့ အခုလိုဖြေပေးတာ ကျေးဇူးတင်ပါတယ်ရှင့်

ဒို့ဦး​လေး
ဒို့ဦး​လေး အတည်ပြုပြီး 1,116,595 လွန်ခဲ့သော ၄ နှစ် က

စိုက်ပျိုးနည်းစနစ်ကို ​မေးတဲ့ ​မေးခွန်းမဟုတ်​တော့ ​ဖြေရတာ ​ကျေနပ်မှု ရမရ​တော့မသိပါ။ တခုခု​တော့ လွဲ​နေသလိုဘဲ။ အစည်းကြီးတစည်းမှ ၃၀၊၄၀ ဆိုတာ မဖြစ်သင့်တာ၊အမှန်ပါ။ စိုက်ရတဲ့သူက ပို ခံစားရပါတယ်။ ​စျေးကွက် မရှာတတ်တာ လို့ယူဆပါတယ်။ ကုန်​စျေးနုန်း​တွေ.ထိုးတက်​နေတဲ့အချိန်မှာ ​စျေးပိုရရမှာပါ။ ​စျေးကွက်​လေ့လာ​ရေး တရက်​လောက် အချိန်​ပေးကြည့်ပါ။ ကုန်စိမ်း​စျေးထဲကို ကိုယ်တိုင်ဝယ်ကြည့်ပါ။ တခုခု​တော့ အ​ဖြေရလာမှာပါ။

You

ဆက်စပ်မေးခွန်းများ

ကျွန်တော့်ချင်ပေါင်ပင်လေးတွေပုလဲကျွေးချင်လို့ပါအရည်ဖျော် ေကွျးရင်ေကာင်းမလားအလံုးလိုက်ပက်ေကွျးရင်ေကာင်းမလားဘယ်...

ဖြေကြားချက် 2 ခု

ချဉ်ပေါင်ပင်ကတစ်ပင်နဲ့တစ်ပင်တစ်လက်မခြားစိုက်ထားတာ ရလား နုတ်ပစ်ရမှာနှမြောနေလို့ပါ အပင်သက်တမ်းကနှစ်လပြည့်တော့မယ်

ဖြေကြားချက် 2 ခု

ချင်ပေါင်အပင်နှုတ်ကို၁၅ရက်သားပုလဲကျွေးလို့ရပီလားဗျ

ဖြေကြားချက် 4 ခု

ချဥ်ပါင်စိုက်မလို့ပါဗျသိတဲ့ေတာင်သူဦးကြီးများ၁ပြည်စိုက်ကိုအစီး ရေဘယ်လောက်ထွက်လဲသိချင်လို့ပါဖြေကြားပေးပါလား

ဖြေကြားချက် 1 ခု

ချဉ်ပေါက်ကိုကြဲတာနဲ့လိုင်းဖေါ်စိုက်တာဘယ်ဟာပိုကောင်းလဲဗျ

ဖြေကြားချက် 2 ခု

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။