အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
Ko aie nyein moe
လွန်ခဲ့သော ၈ နှစ် က · ချမ်းမြသာစည်

အလှစိုက်ကပ် ဖြစ်သော ဂျပန်မြက် ဘဲစားမြက်နဲ့ ပတ်သက်ပြီ နည်းပညာ ဗဟုသုတ တစ်ချို့ သိချင်လို့ပါခင်ဗျာ။ No.1 ဂျပန်မြက် နဲ့ ဘဲစားမြက် ဘယ်မြက် က ပို၍အကြမ်းခံပါသလဲခင်ဗျာ။ No.2 ဂျပန်မြက်နဲ့ ဘဲစားမြက် မည်သည့်က ပို၍လှပြီ အိမ်ခြံဝန်းအတွင်း စိုက်ပျိုးရန် သင့်တော်ပါသလဲခင်ဗျာ။ No.3 မြက်၂ မျိုး လုံး အရန်သင့်ကပ်ရန် အချပ်လိုက်ဝယ်ယူပြီပါက မြက်မကပ်ခင် မည်သို့ မြေအနေအထားပြင်ပေးရမလဲခင်ဗျာ။ No.4 မြက်များ မကပ်ခင် မည်သည့်များ အဆင့်ဆင့် အလွှာလိုက် ထားပေးရမလဲခင်ဗျာ။ No.5 မြက်များ အမြဲ အာဟာရဓါတ်ရနေအောင် မည်သို့ပြုစု စောင့်ရှောက်ပေးရန် လိုပါသလဲခင်ဗျာ။ No.6 မြက်များ ကို ကပ်တဲ့အခါ ကော်ကို သုံးရတာလား သံချောင်းကို သုံးရတာလား အချပ်လိုက်ဘဲ တင်ထားရုံးဘဲ လားခင်ဗျာ။ No.7 မြက်များကို တစ်နေ့ ဘယ်နှကြိမ်းရေဖြန့်ပေးသင့်သလဲခင်ဗျာ။ No.8 mandalay မှာ ဈေးသင့်ပြီ ဆက်ဆံရေးကောင်းတဲ့ ဂျပန်မြက် ဘဲစားမြက် ရောင်းတဲ့ဆိုင် လည်း ညွှန်းပေးပါအုံး။ No.9 တစ်ခြား သိထားသင့်တဲ့ မြက်နဲ့ဆိုင်တဲ့ အကြောင်းအရာလေးတွေလည်း ဝေမျှပေးပါအုံးခင်ဗျာ။ Thanks. အခုမှ အိမ်ခြံထဲ မြက်ကိုယ်တိုင်းစိုက်ကြည့်ချင်လို့ပါ ။မြက်စိုက်နည်း fb ကနေ ရှာတာမတွေ့လို့ပါ။ ကျေးဇူး ပြု၍ လမ်းညွှန်ပေးပါခင်ဗျာ။ လေးစားစွာဖြင့်

စိုက်ပျိုးနည်း စပါး စပါးပင်နှင့်ပေါင်းမြက်
2

ဖြေကြားချက် ၂ ခု

Thein Soe Min
Thein Soe Min အတည်ပြုပြီး 324,026 လွန်ခဲ့သော ၈ နှစ် က

၁) ဂျပန်မြက် >< ဘဲဇားမြက် ဘဲစားမြက်က အကြမ်းခံပါတယ် (မြက်အမျိုးအစားချင်း ယှဉ်ကြည့်ဂင် ဘဲစားမြက်က maintenance လုပ်ရသက်သာပါတယ်) ၂) အိမ်ခြံဝန်းအတွင်း စနစ်တကျ စိုက်ပျိုး ထိန်းသိမ်းနိုင်တယ်ဆိုရင် ဂျပန်မြက်ကို ပိုသုံးသင့်ပါတယ် (မြက်စိုက်မည့် နေရာ အရိပ်များများ ကျရောက်နေတယ်ဆိုရင်တော့ ဘဲစားမြက် စိုက်သင့်ပါတယ် . ဂျပန်ထက် ဘဲစားက အရိပ်မှာ ပိုဖြစ်ထွန်းနိုင်လို့ပါ) ၃) မည့်သည့်မြက် စိုက်ပျိုးရန်ဖြစ်စေ မြေပြင်ကို ညီနေအောင် ပြင်ရပါတယ် ... rolling landscape မြေပြင်အနိမ့်အမြင့် တောင်ကုန်း တောင်ပူစာလေးတွေ ဖန်တီးချင်ရင်လည်း ရပါတယ် ... အရေးအကြီးဆုံးက မြေပြင်ညီအရင်ပြင်ဆင်ရခြင်း အလုပ်ပါ (မြေစီးမြေဖြစ်ပါက မြေပြင်ရ လွယ်စေရန် သဲ+ဖွဲပြာ ရောစပ် ပြုပြင်နိုင်) ၄) မြက်မစိုက်မီ မြေပြင်ရာတွင် အိမ်ခြံဝန်း ဧရိယာအပေါ်မူတည်ပြီး Drainage ပိုက်များ မြှုပ်ပေးခြင်း သဲတစ်လွှာခင်းခြင်း (geotextile ခေါ် အဝတ်စကဲ့သို့ ပစ္စည်းများ သုံးခြင်း ရေပိုက်များ မြှုပ်ခြင်းဖြင့် drainage layer များ ထည့်သွင်းတည်ဆောက်ရတာ ရှိပါတယ် - ဥပမာ ဘောလုံးကွင်း အားကစားကွင်း တည်ဆောက်ခြင်းနေရာများသာ) သာမန် home garden အနေနဲ့ ဆို မလိုအပ်ပါ ၅) မြက်များ အဟာရ ကျွေးရာတွင် ယူရီးယား ဓါတ်မြေသြဇာ နှင့် ၁၅:၁၅:၁၅ compound fertiliser စသည်များ ကျွေးမွေးပြုစုနိုင်ပါတယ် ... မြေသြဇာကျွေးခြင်းထက် အခြားပေါင်းများ ထွက်လာခြင်း ပုံမှန် နှုတ်ယူဖယ်ရှားပေးရန် / ပုံမှန်မြက်ဖြတ်ပေးခြင်းများ က ပို အရေးကြီးပါတယ် ၆) အချပ်လိုက်ကပ် စိုက်ရတွက် မြက်ကပ်ပြီး Roller ဖြင့်လှိမ့်ပေးခြင်းဖြင့် မူရင်းမြေနှင့်မြက်အချပ်များ ကပ်သွားစေရပါမယ် (roller မရှိက ဂျမ်းရိုက်ခြင်းလည်း အလွယ်လုပ်နိုင်ပါတယ်) ကိုထွန်းနေအောင်ရဲ့ ဖြေဆိုချက်ဖြစ်ပါတယ်။

Thein Soe Min
Thein Soe Min အတည်ပြုပြီး 324,026 လွန်ခဲ့သော ၈ နှစ် က

အဲဒီအပိုင်းကို ထဲထဲဝင်ဝင်လုပ်နေတဲ့ ပညာရှင်တစ်ယောက်ကို ဆက်သွယ်ထားပါတယ်။ အဖြေရတာနဲ့ အမြန်ဆုံးဖြေကြားသွားပါမယ်ဗျ။

You

ဆက်စပ်မေးခွန်းများ

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။