အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
118
လွန်ခဲ့သော ၄ နှစ် က · ပျော်ဘွယ်

ကလော်ငရုတ်အတွက် အားဆေးလေး ဖျန်းချင်လို့ပါ ကိုယ့်နည်းကိုယ့်ဟန် ကိုယ့်စနစ်နဲ့ တီထွင်ပြုလုပ်လို့ရမယ့် အားဆေးလေး...

ကလော်ငရုတ်အတွက် အားဆေးလေး ဖျန်းချင်လို့ပါ ကိုယ့်နည်းကိုယ့်ဟန် ကိုယ့်စနစ်နဲ့ တီထွင်ပြုလုပ်လို့ရမယ့် အားဆေးလေးများရှိရင် လမ်းညွှန်ပြသပေးကြပါဗျာ

ဖြေကြားချက် ၁ ခု

အတည်ပြုပြီး 1,116,290 လွန်ခဲ့သော ၄ နှစ် က

ကြက်ဥ၁လုံး၊အချိုမှုန့်၁ဇွန်း၊ငံပြာရည်၂ဇွန်း အားလုံးကို ခွက်တခုမှာ​ဖောက်ထည့်၊​မွှေပါ။ ရလာတဲ့ ​ဖျော်ရည် တဇွန်းကို ​ရေတလီတာ ဗူးထဲထည့်ပါ။ (လှုပ်ကစားသာ​အောင် ​ရေတခွက်စာ​လျော့ပြီးထည့်ပါ) ​ရေသန့်ဗူး ၅ဗူးခန့် ရပါမည်။ တ​နေ့တခါ လှုပ်​ပေးပြီး ​နေပူပူမှာ လှန်းထားပါ။ အညို​ရောင်​ပြောင်းလာရင် သုံးလို့ရပြီ။၁လ​လောက်​စောင့်ရမယ်​နော်။ အပင်ဖျန်းမယ်ဆိုရင် ​ရေတဂါလံ ၁၀၀စီစီ ထည့်ဖျန်းပါ။ ဓါတု​ဆေး ​ဖော်ချင်ရင်​တော့. အပင်အား​ဆေးလား၊အသီးအား​ဆေးလား..မူတည်ပြီး NPK ကို အချိုးအစား ​ပြောင်းထည့်ရပါတယ်။ အနည်းလိုအာဟာရအတွက် (ကယ်လစီယံ၊မဂ္ဂနိစီယံ၊ဆာလဖာ၊ဇင့်၊ဘိုရွန်၊...စသည်)များကို သီးနှံအလိုက် အနည်းငယ်စီ​ရောစပ်ရပါတယ်။ ကုန်ကြမ်းများကို​တော့..ခုချိန်မှာ ဝယ်ရခက်ပါတယ်။

You
Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

ဆက်စပ်မေးခွန်းများ

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။