နှံစုပ်ဂျပိုးကို ဘယ်အချိန်မှာ ကာကွယ်ရမှလဲ အနံ့ပေးယုံနဲ့ရနိုင်လား ဘာဈေးကိုအသုံးပြုသင့်လဲဗျာ
- မြေသြဇာ ကျွေးထား/မထား
- မကျွေးထား
- ဆေးဝါးဖြန်း/သုံးစွဲထားမှု
- မရှိ
တော့မာလာမြိုင်ဆိုက်ပါရယ်အာမိုမက်ဒယ်ရယ်ကော်ရေရောဖြန်းတယ်ဖြန်းပြီပြီးချင်းသေတယ်ညနေစောင်းနဲ့မနက်အစောပိုင်းဖြန်းပါ
♥ စပါးနှံစုပ်ပိုး ကာကွယ်ရန် အတွက် အသင့်လျော်ဆုံးအချိန်မှာ ဒေသအခေါ် စပါးပင်စည်လုံးချိန်၊ ဗိုက်ဖောင်းချိန်မှာ နှံစုပ်ပိုးဦးရေ အနည်းငယ် စတွေ့ချိန်မှာ ကာကွယ်ပက်ဖြန်းသင့်သော်လည်း ဆေးဖြန်းရန် အခက်အခဲကြောင့် မပက်ဖြန်းနိူင်ပါက ပန်းစပွင့်သည့်အချိန်မှ နို့ရည်ခဲအဆင့်အထိ မဖြစ်မနေ ပက်ဖြန်းရန်လိုအပ်ပါတယ်။ ♥ အနံ့ပေးရုံမျဖြင့် နှံစုတ်ပိုးအား မနှိမ်နင်း မတားဆီးနိူင်ပါဘူး။ ♥ ပိုးမွားကျ ရောက်မှုများပါက ~ ကားတက်ဟိုက်ဒရိုကလိုရိုဒ်၊ ~ အဆီဖိတ် + လန်ဘ်ဒါဆိုင်ဟာလိုသရင် + အဘာမက်တင် (Acephate + Lambda cyhalothrin + Abamectin) ~ ကာဘိုဆာလ်ဖန် (Carbosulfan) ~ ပိုင်မီထရိုဇိုင်း (Pymetrozine) ~ ပရိုဖီနိုဖော့စ် (Profenofos ) ~ သိုင်ယာမက်သိုဇမ် (Thiamethoxam ) ~ ဖစ်ပရိုနေးလ် ( Fipronil) ~ အဆီတာမီပရစ် (Acetamiprid တို့အား သီးသန့်(သို့) အရောများကို သတ်မှတ်နှုန်းထားများအတိုင်း ပက်ဖျန်း အသုံးပြုနိူင်ပါတယ်။
ဆက်စပ်မေးခွန်းများ
စပါးအခင်းထဲနှံစုပ်ပိုးကျတာဘယ်လိုပိုးသတ်ဆေးသုံးသင့်ပါသလဲခဗျာ။
ဖြေကြားချက် 3 ခု
ယခုစပါးသက်တမ်း ရက်၆၀ကျော်ပါပီနှံစုပ်ပိုးကိုဘလိုကြိုတင်ကာကွယ်နိုင်မလဲ စပါးအနှံထွက်ချိန်မှာဆေးဖျန်းဖို့အခတ်အခဲ...
ဖြေကြားချက် 1 ခု
စပါးခင်းမှာနှံစုပ် ပိုးတွေကျနေလို့ ငါးပုပ်နဲ့ထောင်တာလည်းမရဘူးဗျ ဘာဆေးဖြန်းရမလဲဗျ
ဖြေကြားချက် 5 ခု
ပေါ်ဆန်းစပါးထွက်တော့မယ်စပါးပင်ကိုမနက်စောစောအချိန်ညနေနေဝင်ချိန်ထွက်ကြည့်လိုက်ရင်နှံစုပ်ပိုးကောင်းတွေတွေ့ရတယ်ဘာ...
ဖြေကြားချက် 3 ခု
ရက်၉၀စပါး၅၀ရက်သားရှိပြီးမှိုရောဂါမကျအောင်ဆေးဖျန်းလို့ရလားနှံစုပ်ပိုးကိုရောဘယ်အချိန်လောက်ကျရင်ဖျန်းရမလဲ
ဖြေကြားချက် 4 ခု
ကြိုဆိုပါသည်
ဆက်လက်အသုံးပြုရန် ဝင်ရောက်ပါ
မတင်ဘဲ ထွက်မှာ သေချာပါသလား။
သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။