အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ဖြေလည်သော အဖြေရရှိပြီး
2,754
လွန်ခဲ့သော ၄ နှစ် က

မင်္ဂလာပါခင်ဗျာ ကျနော်အရင်ကတော့ ဂျုံကို စိုက်ပါတယ် အရှုံးပေါ်ခဲ့တဲ့အတွက် ဂျုံမစိုက်တာ နှစ် အတော်တော်ကြာပါပြီ။...

မင်္ဂလာပါခင်ဗျာ ကျနော်အရင်ကတော့ ဂျုံကို စိုက်ပါတယ် အရှုံးပေါ်ခဲ့တဲ့အတွက် ဂျုံမစိုက်တာ နှစ် အတော်တော်ကြာပါပြီ။ သည်နှစ် ဂျုံပြန်စိုက်ချင်လို့ပါဗျ။မနှစ်ကတော့ ဂျုံပေါ်ချိန် ဂျုံစျေးကွက်က ၁တင်း ၃၅၀၀၀လောက် စျေးကွက်ရှိခဲ့ပါတယ်။သည်နှစ်ကော ဂျုံပေါ်ချိန် စျေးကွက်မှာ အဲ့သည်စျေးလောက်နဲ့ စျေးကွက်ဖွင့်နိုင်မလားဆိုတာ ဆရာတို့ရဲ့ သုံးသပ်ချက်လေး သိပါရစေ။မြေဆီအနေနဲ့ဆို ဘာမြေဆီခံ စိုက်သင့်ပါသလဲဆရာ။မျိုးစေ့အနေနဲ့ဆို ဘာမျိုးသုံးတာ အဆင်ပြေနိုင်မလဲဗျ။ဆရာတို့ရဲ့ ပြန်လည်ဖြေကြားမှုကို မျှော်လင့်နေပါတယ်ခင်ဗျာ။

စိုက်ပျိုး ဗဟုသုတ ဂျုံ
3

ဖြေကြားချက် ၃ ခု

အတည်ပြုပြီး 1,116,062 လွန်ခဲ့သော ၄ နှစ် က
ဤအဖြေဖြင့် ပြေလည်

စျေးကွက်ကတော့ ပြည်တွင်းစျေးကွက်မှာဘဲ ငွေဖောင်းပွနေတာ့ကား...စျေးကတော့ ရေမြင့်၊ကြာမြင့်မှာပေါ့ဗျာ

အတည်ပြုပြီး 1,116,062 လွန်ခဲ့သော ၄ နှစ် က
ဤအဖြေဖြင့် ပြေလည်

မြေခံကို ၁၅ ပတ်လည်ခံပါ။မတတ်နိုင်ရင် အခုကတည်းက နွားချေးကြ ​က်ချေး များများချထားပါ။

အတည်ပြုပြီး 1,116,062 လွန်ခဲ့သော ၄ နှစ် က

မျိုး ဂျုံသီးနှံကို တောင်ပေါ်ဒေသနှင့် မြေပြန့်နှစ်မျိုးလုံးတွင် စိုက်ပျိုးလျက်ရှိရာ ဒေသအလိုက် သင့်တော်သောမျိုးကို ရွေးချယ်စိုက်ပျိုးနိုင်ရန် သုတေသနပြု ထုတ်ဝေထားသော မျိုးများကို ဖော်ပြလိုက်ပါသည်။ ➤ဇလုပ်ဖြူ (၁)  အပင်အမြင့် ၉၀ မှ ၉၅ စင်တီမီတာရှိပြီး အသက် ၉၅ ရက်မှ ရက် ၁၀ဝ ဖြင့် ရိတ်သိမ်းနိုင်သည်။ တစ်နှံပါအစေ့ ၄၂ စေ့ရှိပြီး အစေ့အရောင်မှာ အဖြူရောင်ဖြစ်သည်။ နနွင်းရောဂါဒဏ် ခံနိုင်သည်။ မြေပြန့်ဒေသတွင် စိုက်ပျိုးသင့်သောမျိုး ဖြစ်ပါသည်။ ➤ဇလုပ်ဖြူ (၂)  အသက် ၁၀၅ ရက် မှ ရက် ၁၁၀ ဖြင့် ရိတ်သိမ်းနိုင်သည်။ အပင်အမြင့် ၁၀ဝ စင်တီမီတာရှိပြီး တစ်နှံပါအစေ့ ၄၅ စေ့ရှိသည်။ အစေ့အရောင်မှာ ပယင်းဖြူရောင်ဖြစ်သည်။ နနွင်းရောဂါဒဏ် ခံနိုင်သည်။ မြေပြန့်ဒေသတွင် စိုက်ပျိုးသင့်သောမျိုး ဖြစ်ပါသည်။ ➤ဇလုပ်ဖြူ (၄) အပင်အမြင့် စင်တီမီတာ ၁၁၀ ရှိပြီးအသက် ၁၀၅ ရက်မှ ရက် ၁၁၀ ဖြင့် ရိတ်သိမ်းနိုင်သည်။ တစ်နှံပါအစေ့ ၅၄ စေ့ရှိပြီးအစေ့အရာင်မှာ အဖြူရောင်ဖြစ်သည်။နနွင်းရောဂါဒဏ်ခံနိုင်သည်။ မြေပြန့်ဒေသတွင် စိုက်ပျိုးသင့်သောမျိုး ဖြစ်ပါသည်။ ➤ရေဆင်းဂျုံ (၈)  အသက် ၁၁၅ ရက်မှ ရက် ၁၂၀ ဖြစ်သည်။ အပင်အမြင့် ၈၀ မှ ၈၅ စင်တီမီတာရှိသည်။ တစ်နှံပါအစေ့ ၃၁ စေ့ ရှိပြီး အစေ့အရောင်မှာ ပယင်းဖျော့ရောင် ဖြစ်သည်။ဂျုံနနွင်းရောဂါဒဏ် ခံနိုင်ကာ ဂျုံမှုန့်အရည်အသွေးကောင်းမွန်သည်။ တောင်ပေါ်မြေပြန့်ဒေသအားလုံး စိုက်နိုင်သောမျိုး ဖြစ်ပါသည်။ ➤ရေဆင်းဂျုံ (၉) အပင်အမြင့် ၈၅ မှ ၉၀ စင်တီမီတာရှိသည်။ အသက် ၉၅ ရက်မှ ရက် ၁၀ဝ ဖြစ်သည်။ တစ်နှံပါအစေ့ ၅၂ စေ့ရှိပြီးအစေ့အရောင်မှာပယင်းဖျော့ရောင် ဖြစ်သည်။ တောင်ပေါ် မြေပြန့်ဒေသအားလုံး စိုက်နိုင်သောမျိုး ဖြစ်ပါသည်။ ဂျုံနနွင်းရောဂါဒဏ်ခံနိုင်သည်။ အစေ့ထုတ်ပြောင်းအပြီးနှင့် စပါးအပြီး သီးထပ်စိုက်ရန် အထူးသင့်တော်ပါသည်။ ➤ရေဆင်းဂျုံ (၁၀)  အသက် ၁၀၅ ရက် မှ ရက် ၁၁၀ဖြစ်သည်။ အပင်အမြင့် ၉၀ မှ ၉၅ စင်တီမီတာရှိသည်။ တစ်နှံပါအစေ့ ၅၀ ရှိပြီး အစေ့အရောင်မှာပယင်းဖျော့ရောင်ဖြစ်သည်။ဂျုံနနွင်းရောဂါဒဏ် ခံနိုင်ကာ ရေငတ်ဒဏ်လည်း ခံနိုင်သည်။ တောင်ပေါ်၊ မြေပြန့်ဒေသအားလုံးစိုက်ပျိုးနိုင်သောမျိုးဖြစ်သည်။ ရှမ်းပြည်နယ်မြောက်ပိုင်း ရာသီဥတုတွင် အထူးသင့်လျော်ပါသည်။

You

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။