အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ဖြေလည်သော အဖြေရရှိပြီး
phyo
phyo 3,375
လွန်ခဲ့သော ၃ နှစ် က · ပျဉ်းမနား

ကျွန်တော်ဘူးပင်က အသီးမသိသေးလို့ ဘူးပင်ကအဖိုပင်ဆိုတာရှိလား အဖိုးပင်ရှိရင်ကော်အသီးသီးအောင် အသီးတင်အောင်ဘာတွေလုပ်ပေးသင့်သလဲ ဆရာတို့ပြေားပြပေးပါအုံး

ပိုးမွှားရောဂါ ဘူး
Post image

ဖြေကြားချက် ၇ ခု

ဦးကိုမင်း
ဦးကိုမင်း 2,265 လွန်ခဲ့သော ၃ နှစ် က
ဤအဖြေဖြင့် ပြေလည်

စိတ်မပျက်ပါနဲ ဘူးပင်ကသီးတော့မှာ ပင်မအနွယ်ကြီးဂွဆုံမှ အနွယ်လက်တံခွဲလေးများ ထွက်လာရင် သေချာကြည့်ပါ သီးကင်းလေးတွေပါလာမည် ၎င်းသီးကင်းလေး ခဲတံလုံးခန့်ရှိရင် သီးကင်းမှ 2-ဆစ်ကျော် အနွယ်ကို ဖြတ်ပေးပါ ။ ကောင်းကြိုး အသီးတင်ခြင်း အသီးကြီးခြင်း ကျန်အဆစ်များမှ အတက်ထွက်မြန်ပြီ သီးကင်းဖြိုင်နေအောင်သီးခြင်း ။

phyo
phyo 3,375 လွန်ခဲ့သော ၃ နှစ် က

ဝိုး တကယ်ကျေးဇူးတင်ပါတယ် အများကြီးကျေးဇူးတင်ပါတယ်ခုပဲပဖတ်လိုက်တော့မယ်

ဆုမြတ်နိုး
ဆုမြတ်နိုး 193,303 လွန်ခဲ့သော ၃ နှစ် က
phyo
phyo 3,375 လွန်ခဲ့သော ၃ နှစ် က

မသိသေးဘူးသူများပေးလို့စိုက်ထားတာပါ

မောင်စိုးသူ
မောင်စိုးသူ 7,041 လွန်ခဲ့သော ၃ နှစ် က

ပုံထဲကပင်ကဘာဘူးပင်လဲ

phyo
phyo 3,375 လွန်ခဲ့သော ၃ နှစ် က

ဟုက်ကဲ့ ကျေးဇူးတင်ပါတယ်ဆရာ

ဒို့ဦး​လေး
ဒို့ဦး​လေး အတည်ပြုပြီး 1,116,594 လွန်ခဲ့သော ၃ နှစ် က

အဖိုပင် အမပင်ရယ်လို့ မရှိပါဘူး။ အဖိုပွင့်၊အမပွင့် ရယ်လိူ့ရှိပါတယ်။ အဖိုပွင့် နဲ့အမပွင့် တခြားစီပွင့်တာမို့ ပျား၊ပိတုန်း​လေး​တွေက ဝတ်မှုန်ကူး​ပေးမှ ​အောင်ပါတယ်။ အပွင့်ပွင့်ချိန်မှာ မနက်ခင်းပွင့်တဲ့ အဖိုပွင့် ဝတ်မှုံ​လေး​တွေကို ဂွမ်းစ​လေးနဲ့ တို့ယူပြီး အမပွင့် ဝတ်မှုံခံတိုင်​ပေါ် တိူ့​ပေးရပါတယ်။

You
Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

ဆက်စပ်မေးခွန်းများ

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။