အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
Tun Win
Tun Win 1,751
လွန်ခဲ့သော ၃ နှစ် က · တပ်ကုန်း

ဆရာခမျာ အိန္ဒိယက လာတဲ့ ဘာစမာတီ စပါးမျိုးက ကျွန်တော်တို့ နိုင်ငံ ရေမြေ သဘာဝနဲ့ ကိုက် ညီမှုရှိပါသလား ခမျာ ကျွန်းတော် ဘာစမာတီ စပါး ပြီးခဲ့တဲ့ မိုးစပါးမယ်ကြဲတာ စပါးကထွက်တယ် ဆရာ ဆန်မယ် အကြိုးများပြီ ဆန်အရောင်က ဧရာပဒေသာ (ခေါ် )ဧရာမင်းဆန် လောက် ဆန်ရိုး မလှဘူး ဆရာ အိန္ဒိယကလာ ဆန်အရည်သွေး မှီအောင် လုပ်လို့ရပါသလား ဆရာ ဗဟုသုတ အဖြစ်ပြေားပေးပါ ဆရာ

ဖြေကြားချက် ၃ ခု

ဒို့ဦး​လေး
ဒို့ဦး​လေး အတည်ပြုပြီး 1,116,604 လွန်ခဲ့သော ၃ နှစ် က

၀၉၂၆၅၀၄၁၉၉၆

Tun Win
Tun Win 1,751 လွန်ခဲ့သော ၃ နှစ် က

ဆရာ ဖုန်းNoပေးပါအုံးခမျာ

ဒို့ဦး​လေး
ဒို့ဦး​လေး အတည်ပြုပြီး 1,116,604 လွန်ခဲ့သော ၃ နှစ် က

ဘာစမာတီစပါးခင်းကို လက်​တွေ့​တော့ မစိုက်ဖူး​သေးဘူးဗျ။ သို့​ပေမယ့်.ဆန်အရည်အ​သွေး ​ကောင်းခြင်း မ​ကောင်းခြင်းက အာဟာရ အပိုင်းရယ်၊စိုက်ချိန် ၊စိုက်ရက် ​စောခြင်း၊​နောက်ကျခြင်း(​နေ့တာတို/ရှည်၊အပူချိန်..)စတာ​တွေနဲ့ဆိုင်မယ်ထင်ပါတယ်။ ​နောက်ပြီး ​အောက်ခံ​မြေဆီလွှာ က၊ နုံးဆန်​သော​မြေ​စေး​မြေ(အစိုဓါတ်ထိန်း​အေား​ကောင်းပြီး သစ်​ဆွေးဓါတ်ကြ့ယ်ဝ​သော​မြေ)ကို ပိုကြိုက်ပါတယ်။ ဓါတ်​မြေသြဇာ အလံအ​လောက်​ကျွေးတာခြင်းတူ​ပေမယ့်၊​အောက်ခံ​မြေဆီလွှာဖွဲ့စည်းပုံကွာတာနဲ့ ဆန်အရည်အ​သွေးကွာပါတယ်။ ဥပမာ.. ​ပေါ်ဆန်း​ဘေးကြား မျိုးမှာ၊ဧရာဝတီတိုင်းနဲ့ စစ်ကိုင်း(​ရွှေဘို) မတူပါဘူး။ ​ရွှေဘို ​ဘေးကြားချင်းအတူတူ.. သီးလုံး ရွာက ​ဘေးကြားစပါးကို ပွဲစား​တွေက ပိုကြိုက်ကြတာဟာ၊​မြေခံ မတူလို့ပါ။

You
Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

ဆက်စပ်မေးခွန်းများ

ဆရာကြီးခမျာ ကျွန်တော်တို့ရွာက တောင်သူတွေက အထွက်ကောင်းတဲ့ စပါးမျိုးလိုချင်ပါတယ် ဂျပန်နိုင်ငံက တစ်ဧကစပါး3/4ရာ...

ဖြေကြားချက် 2 ခု

ကျွန်တော်က နေပြည်တော်တပ်ကုန်က ဆင်သေဆည်ရေးသောက်ပါ ခမျာ ဆည်ရေက အခု15.1.2023ရေစပေးမှာဖြစ်ပါတယ် ပြီခဲ့တဲ့နှစ်က အ...

ဖြေကြားချက် 2 ခု

မှော်ဘီကောက်ညှင်းစပါးကို ပျိုးထောင်စိုက်ပျိုးလျှင် ပျိုးပင်သက်တမ်း ဘယ်‌လောက်တွင်ရွှေ္ပြောင်းစိုက်ပျိုး၍ ကောက်...

ဖြေကြားချက် 1 ခု

မိချောင်သွယ်ဆိုတဲ့စပါး စိုက်ပျိုးရေးဌာနတွေက ထုတ်ပါသလား၊မျိုးသန့်ဘယ်မှာဝယ်လို့ရနှိုင်ပါသလဲသိချင်ပါတယ်

ဖြေကြားချက် 3 ခု

GW 3 စပါးမျိုးအကြောင်းလေးသိချင်လို့ပါ ရွှေဘိုနယ်မှာစိုက်ချင်လို့အဆင်ပြေနိုင်လားခဗျ။ ထွက်နှုန်းလေးနဲ့ ပြုစုနည်း...

ဖြေကြားချက် 2 ခု

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။