အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ဖြေလည်သော အဖြေရရှိပြီး
Htet Akar Soe
Htet Akar Soe 354
လွန်ခဲ့သော ၃ နှစ် က · ဇေယျာသီရိ

N ကို အပင်ရဲ့ဘယ်အရွယ် ၊ P ကိုအပင်ရဲ့ဘယ်အရွယ်၊ K ကိုအပင်ရဲ့ဘယ်အရွယ်တွေမှာကျွေးရလဲ ခင်ဗျ။ သူတို့ပါ၀င်တဲ့ အားဆေးနာမည်လေးတေကော ပြောပြပေးလို့ရမလားခင်ဗျ။

စိုက်ပျိုး ဗဟုသုတ ကန်စွန်းရွက်

ဖြေကြားချက် ၇ ခု

ဒို့ဦး​လေး
ဒို့ဦး​လေး အတည်ပြုပြီး 1,116,595 လွန်ခဲ့သော ၃ နှစ် က
ဤအဖြေဖြင့် ပြေလည်

pကို​မြေခံထည့်ပါ။ Nကို အပင်ကြီးသည်အထိ အရွက်အ​ရောင်ကြညွ်ပြီး​ကျွေးပါ။ Kကို​တော့ N​ကျွေးတိုင်း နည်းနည်းစီထည့်​ပေးပါ။

ဆုမြတ်နိုး
ဆုမြတ်နိုး 193,303 လွန်ခဲ့သော ၃ နှစ် က

ပို့စ်တစ်ခုတင်မေးလိုက်ပါလားရှင့် ဆရာမြင်ဖို့ခက်ခဲသွားနိုင်တာကြောင့်ပါ ကို Kaung Lay

Kaung Lay
Kaung Lay 1,744 လွန်ခဲ့သော ၃ နှစ် က

ကျွန်တော်တစ်ခုတစ်ခုလောက်မေးချင်ပါတယ်ခင်ဗျ၊လက်ရှိစျေးကွက်ထဲမှာရှိနေတဲ့pတွေအရင်တုန်းကမြေသြဇာpနဲ့ကွားခြားချက်များရှိနေပါတယ်၊အရင်ကpမြေသြဇာကမြေခံမှာထည့်ထားရင်၁၄ရက်၁၅ရက်ဆိုရင်အပင်မှစတင်စားသုံးနိုင်ပါတယ်၊pမြေသြဇာစေ့များကလည်းနောင်နှစ်တွေအထိအစေ့သေးသွားသော်လည်းကျန်ရှိနေပါတယ်၊ယခုpမြေသြဇာများမှာတော့အရှေ့မှာမြေခံကြဲနေတုန်းအနောက်သို့ပြန်ကြည့်လိုက်ပါကအစေ့များပျော်ကွဲနေပြီးအဖြူဆံလေးသာကျန်နေပါတယ်၊ထိုခြားနားချက်ကြောင့်pမြေသြဇာမှာ ရေမှာအလွယ်တကူမပျော်ဝင်နိုင်ဘဲရေရှည်အပင်မှစားသုံးနိုင်သောpနှင့်ရေမှာအလွယ်တကူပျော်ဝင်စေနိုင်ပြီးအပင်မှအလွယ်တကူစားသုံးနိုင်ပြီးတာရှည်မခံတဲ့pဆိုပြီးကွာခြားချက်များရှိပါကသိချင်ပါတယ်ခင်ဗျ၊သေချာလေးရှင်းပြပေးနိုင်ပါကရှင်းပြပေးနိုင်ရန်လေးစားစွာအကြံပြုတောင်ခံအပ်ပါတယ်။

အေးအေးမြင့်
အေးအေးမြင့် 7,221 လွန်ခဲ့သော ၃ နှစ် က

Pနှင့်Kကိုမြေခံမှာထည့်ပြီးNကိုတော့သီးနှံကြီးထွားချိန်အတွင်းခွဲကျွေးရင်ကောင်းပါတယ်

Htet Akar Soe
Htet Akar Soe 354 လွန်ခဲ့သော ၃ နှစ် က

ကျေးဇူးပါခင်ဗျာ

ဒို့ဦး​လေး
ဒို့ဦး​လေး အတည်ပြုပြီး 1,116,595 လွန်ခဲ့သော ၃ နှစ် က

မျိုး​စေ့က အ​စေ့တွင်းစာကုန်ချိန် စတင်​ကျွေးရပါတယ်။ အပင်သက်တမ်း တ​လျောက်လုံးအတွက်၊အရွက်အ​ရောင်ကြည့်ပြီး၊အပင်ပ​နေထားကြည့်ပြီး လိုအပ်သလို​ကျွေးရပါတယ်။ အသီးချိန်မှာမို့Nလုံးဝမလိုဘူးလို့ ​ပြောလို့မရပါ။ အပင်အ​ခြေအ​နေကြည့်ပြီး စီမံရပါတယ်။

Htet Akar Soe
Htet Akar Soe 354 လွန်ခဲ့သော ၃ နှစ် က

N ကို ကျွေးမယ်ဆို အပင်စပေါက်ပီး ဘယ်နှစ်ရက်သားအရွယ်မာ စကျွေးလို့ရပီလဲ ။ အရွက်အရောင်ကြည့်ပီးကျွေးတာကကော ဘယ်အချိန်ထိကျွေးရမှာလဲ ခဗျ။ အသီးအပွင့်တွေမသီးပွင့်ခင်အထိလား ။

You
Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။