ဖြေကြားချက် ၁ ခု
အုန်းမျိုးရွေးချယ်နည်း အုန်းပင်သည် နှစ်ရှည်ပင်ဖြစ်သောကြောင့် အစကောင်း၍ အနှောင်းသေချာစေရန် မျိုးရွေးချယ်ပျိုး ထောင်ခြင်းသည် အဓိကဖြစ်ပါသည်။ အုန်းမျိုးရွေးချယ်ရာတွင် အဆင့်လေးဆင့်ရှိပါသည်။ ၁။ အုပ်စုလိုက်ရွေးချယ်ခြင်း ၂။ အမိမျိုးပင်ရွေးချယ်ခြင်း ၃။ မျိုးအုန်းသီးရွေးချယ်ခြင်း ၄။ ပျိုးအုန်းပင်ရွေးချယ်ခြင်း မြေပြင်ခြင်း အုန်းပင်မစိုက်မီ ဇန်နာဝါရီ၊ ဖေဖော်ဝါရီလများတွင် တောခုတ်၍ မတ်လတွင် မီးရှို့ကျွန်းခွေရပါသည်။ ဧပြီလတွင် ခြံကာ၍ အကွက်ချခြင်း၊ ကျင်းတူးခြင်းကို ၃၀ × ၃၀ ပေ အကွာအဝေးထား၍ မစိုက်မီ တစ်လကြိုတင်၍ ၃ပေပတ်လည်ကျင်းကို တူးထားရပါမည်။ မေလတွင် ကျင်းအတွင်းသို့ အပေါ်ယံမြေလွှာ၊ သစ်ရွက်ဆွေး၊ နွားချေးဆွေး နှင့် ခြံမီးရှို့၍ရသော ပြာများကို ပြန်ဖို့ပေးရပါမည်။ ပျိုးထောင်ခြင်း အုန်းသီးကို သဲတစ်ဝက်ခန့်ရောထားသော ပျိုးဘောင်ပေါ်မှာ အလျားလိုက်လှဲ၍ အညှာဘက်ကို ထောင်ပြီးမြုပ်၍ ပျိုးထောင်ရပါသည်။ သဲလွှာတွင် စနစ်တကျ မြုပ်၍ ပျိုးထောင်ခြင်းသည် အကောင်းဆုံးဖြစ်ပါသည်။ သဲလွှာကို ခြောက်လက် မထူအောင်ခင်း၍ မျိုးအုန်းပင်ကို ပင်ကြားတန်းကြား ၉ × ၁၈ လက်မစီ တန်းချပြီး သဲကို လေးလက်မ ထပ်ထည့်ပေးရ မည်။ ပျိုးပင်ကို အစိုဓာတ်မပြတ်စေရန် ရေမှန်မှန်လောင်းပေးခြင်း၊ လိုအပ်လျှင် အရိပ်ပေးခြင်း၊ အစိုဓာတ်ဆုံးရှုံးမှု နည်းပါးစေရန် အတန်းကြားတွင် ကောက်ရိုးဖုံးပေးရန် လိုအပ်ပါသည်။ စိုက်ပျိုးခြင်း ပျိုးသက် တစ်နှစ်သားရှိလျှင် ပြောင်းရွှေ့စိုက်ပျိုးရန် အကောင်းဆုံးဖြစ်သည်။ ဇွန်၊ ဇူလိုင်လတို့တွင် ပြောင်းရွှေ့စိုက်ပျိုးရပါ မည်။ စိုက်ချိန်တွင် ပျိုးပင်သည် အရင်းတုတ်၍ သန်စွမ်းလျှက် အရွက်ဖားပြီး ပျိုးပင်၏ အလက်ရင်းများ၌ အရွက်ကွဲစ ပြုနေသော အခြေအနေမျိုး ရှိရပါမည်။ စိုက်သောအခါ ကျင်းအလယ်တည့်တည့်၌ ပျိုးပင်ကို ဖြောင့်မတ်စွာထား၍ တွဲလျက်ရှိသော ပျိုးအုန်းသီး ၏ အပေါ်လွှာကို သုံးပုံတစ်ပုံခန့်ဖော်၍ စိုက်ရပါမည်။ မစိုက်မီ အမြစ်များကို ဓားပြတ်ပြတ်ဖြင့် ခေါင်းတုံးရိတ်ပေးရပါသည်။ အပင်ရှည်ပါက ငုတ်စိုက်၍ ချည်ထားရပါမည်။ မြေသြဇာကျွေးခြင်း မိုးဦးကျစ ဇွန်လတွင် မြေသြဇာ အပြီးကျွေးရပါသည်။ မီးဖိုပြာ၊ နှမ်းဖတ် ပုတ်ရည်၊ နွားချေးဆွေး စသည်တို့ ထည့်ပေးနိုင်သည်။ စိုက်ပျိုးနည်းအပြည့်အစုံကိုအောက်ပါLInkတွင်ဝင်ရောက်လေ့လာနိင်ပါတယ်။ https://greenwaymyanmar.com/posts/coconut_cultivation
ဆက်စပ်မေးခွန်းများ
ကျူးဘားအုန်းပင်တွေ အရွက်တွေဝါပြီးခြောက်ကုန်ပါတယ် ဘာဆေးကျွေးပြီးဘယ်လိုပြုစုသင့်ပါသလဲရှင့် လားရှိုးကပါ
ဖြေကြားချက် 1 ခု
အုန်းပင်ကအသီးထွတ်လိုက်တိုင်းမကြီးဘူးခြောက်သွားတယ်ဘာဖြစ်လိုလဲဘယ်လိုလုပ်ရမှလဲ
ဖြေကြားချက် 2 ခု
ယိုဒယားမျိုးအုန်းချိုမွေးက 3နှစ်ဖြင့်အသီး စသီးတယ်လို့ သိရပါတယ် အုန်းကြီးမျိုး(အုန်းနို့။မုန့်လုပ်သည့် အုန်း)က...
ဖြေကြားချက် 1 ခု
အုန်းပင် စိုက်ချင်ပါတယ်ဘယ်လပိုင်းမြေချစိုက်ရင်အသင့်တော်ဆုံးဖြစ်မလဲသိချင်ပါတယ်ခင်ဗျကြားညပ်သီးနှံအနေနဲ့သင်္ဘော...
ဖြေကြားချက် 1 ခု
ဆီအုန်းပင်တွေ ဒီလိုဖြစ်နေပါတယ် ဘယ်လို ပြုစုစောင့်ရှောက်မူ့တွေပြုလုပ်ရမှာလဲ အကြံ ပြုပေးကြပါ။
ဖြေကြားချက် 1 ခု