အုန်းပင်စိုက်ပျိုးနည်း

06/08/2018 16:30 PM တွင် စိုက်ပျိုးရေးဦးစီးဌာန စိုက်ပျိုးရေးဦးစီးဌာန မှ ရေးသား ပြီး စိုက်ပျိုးရေးဉီးစီးဌာန စိုက်ပျိုးရေးဉီးစီးဌာန မှ ပေးပို့ထားပါသည်။

၁။ စိုက်ပျိုးသည့်ဒေသ

တောင်ပေါ်မြေပြန့်မကျန် အောက်ရေပြင်နှင့် နီးသောနေရာတွင် ပေါက်ရောက်နိုင်ပြီး မြန်မာပြည်တွင် မြစ်ဝကျွန်းပေါ် ဒေသနှင့် ကမ်းရိုးတန်းတစ်လျှောက် အမြောက်အများ စိုက်ပျိုးဖြစ်ထွန်းပါသည်။

မြန်မာအမည် -

 

အုန်း

အင်္ဂလိပ်အမည် - COCONUT

ရုက္ခဗေဒအမည် - Cocos nucifera

မျိုးရင်းအမည် - PALMACEAE

၂။ မူရင်းဒေသ - အပူပိုင်းဒေသ

၃။ အုန်းမျိုးများ

သက်တမ်းကိုလိုက်၍သုံးမျိုးခွဲခြားထားသည်။

(က) အမြင့်မျိုး(အုန်းထရံ)

(ခ) အပုမျိုး(ဝက်မလွတ်)

(ဂ) လိမ္မော်ရောင်မျိုး(တော်ဝင်အုန်း၊ အုန်းပနီ)

၄။ ရေမြေရာသီဥတု

အသင့်တော်ဆုံးမြေသည် မြေဆီပေါများလျက် ရေအလွယ်တကူစိမ့်ဝင်နိုင်ပြီး ရေငွေ့ထိန်းအားရှိသော နုန်းတင်မြေနု၊ သဲ နုန်းမြေမျိုးဖြစ်ပါသည်။ သို့ရာတွက် အုန်းပင်သည် ရေအလွန်ကြိုက်သောအပင်ဖြစ်၍ နွေရာသီ၌ အောက်ခံရေနီးလျှင် (သို့) ရေအလွယ်တကူ ပေးသွင်းနိုင်သောနေရာဖြစ်လျှင် အလွန်စေးသောမြေနှင့် ကျောက်စရစ်ဆန်သော မြေမျိုးမှလွဲ၍ ကျန်မြေများတွင် ကောင်းစွာ စိုက်ပျိုးဖြစ်ထွန်းနိုင်သည်။ အပင်ခြေ ရေဝပ်ခြင်းကို လုံးဝမနှစ်သက်ပါ။ အနည်းဆုံး အပူချိန် ၂၇ ဒီဂရီစင်တီဂရိတ် ရှိပြီး မိုးရေချိန် ၃၀ - ၇၀ လက်မရွာသွန်းလျှင် စိုက်ပျိုးနိုင်ပါသည်။

၅။ အုန်းမျိုးရွေးချယ်နည်း

အုန်းပင်သည် နှစ်ရှည်ပင်ဖြစ်သောကြောင့် အစကောင်း၍ အနှောင်းသေချာစေရန် မျိုးရွေးချယ်ပျိုး ထောင်ခြင်းသည် အဓိကဖြစ်ပါသည်။ အုန်းမျိုးရွေးချယ်ရာတွင် အဆင့်လေးဆင့်ရှိပါသည်။

၁။ အုပ်စုလိုက်ရွေးချယ်ခြင်း

၂။ အမိမျိုးပင်ရွေးချယ်ခြင်း

၃။ မျိုးအုန်းသီးရွေးချယ်ခြင်း

၄။ ပျိုးအုန်းပင်ရွေးချယ်ခြင်း

၆။ မြေပြင်ခြင်း

အုန်းပင်မစိုက်မီ ဇန်နာဝါရီ၊ ဖေဖော်ဝါရီလများတွင် တောခုတ်၍ မတ်လတွင် မီးရှို့ကျွန်းခွေရပါသည်။ ဧပြီလတွင် ခြံကာ၍ အကွက်ချခြင်း၊ ကျင်းတူးခြင်းကို ၃၀ × ၃၀ ပေ အကွာအဝေးထား၍  မစိုက်မီ တစ်လကြိုတင်၍ ၃ပေပတ်လည်ကျင်းကို တူးထားရပါမည်။ မေလတွင် ကျင်းအတွင်းသို့ အပေါ်ယံမြေလွှာ၊ သစ်ရွက်ဆွေး၊ နွားချေးဆွေး နှင့် ခြံမီးရှို့၍ရသော ပြာများကို ပြန်ဖို့ပေးရပါမည်။

၇။ ပျိုးထောင်ခြင်း

အုန်းသီးကို သဲတစ်ဝက်ခန့်ရောထားသော ပျိုးဘောင်ပေါ်မှာ အလျားလိုက်လှဲ၍ အညှာဘက်ကို ထောင်ပြီးမြုပ်၍ ပျိုးထောင်ရပါသည်။ သဲလွှာတွင် စနစ်တကျ မြုပ်၍ ပျိုးထောင်ခြင်းသည် အကောင်းဆုံးဖြစ်ပါသည်။ သဲလွှာကို ခြောက်လက် မထူအောင်ခင်း၍ မျိုးအုန်းပင်ကို ပင်ကြားတန်းကြား ၉ × ၁၈ လက်မစီ တန်းချပြီး သဲကို လေးလက်မ ထပ်ထည့်ပေးရ မည်။ ပျိုးပင်ကို အစိုဓာတ်မပြတ်စေရန် ရေမှန်မှန်လောင်းပေးခြင်း၊ လိုအပ်လျှင် အရိပ်ပေးခြင်း၊ အစိုဓာတ်ဆုံးရှုံးမှု နည်းပါးစေရန် အတန်းကြားတွင် ကောက်ရိုးဖုံးပေးရန် လိုအပ်ပါသည်။

၈။ စိုက်ပျိုးခြင်း

ပျိုးသက် တစ်နှစ်သားရှိလျှင် ပြောင်းရွှေ့စိုက်ပျိုးရန် အကောင်းဆုံးဖြစ်သည်။ ဇွန်၊ ဇူလိုင်လတို့တွင် ပြောင်းရွှေ့စိုက်ပျိုးရပါ မည်။ စိုက်ချိန်တွင် ပျိုးပင်သည် အရင်းတုတ်၍ သန်စွမ်းလျှက် အရွက်ဖားပြီး ပျိုးပင်၏ အလက်ရင်းများ၌ အရွက်ကွဲစ ပြုနေသော အခြေအနေမျိုး ရှိရပါမည်။

စိုက်သောအခါ ကျင်းအလယ်တည့်တည့်၌ ပျိုးပင်ကို ဖြောင့်မတ်စွာထား၍ တွဲလျက်ရှိသော ပျိုးအုန်းသီး ၏ အပေါ်လွှာကို သုံးပုံတစ်ပုံခန့်ဖော်၍ စိုက်ရပါမည်။ မစိုက်မီ အမြစ်များကို ဓားပြတ်ပြတ်ဖြင့် ခေါင်းတုံးရိတ်ပေးရပါသည်။ အပင်ရှည်ပါက ငုတ်စိုက်၍ ချည်ထားရပါမည်။

၉။ မြေသြဇာကျွေးခြင်း

မိုးဦးကျစ ဇွန်လတွင် မြေသြဇာ အပြီးကျွေးရပါသည်။ မီးဖိုပြာ၊ နှမ်းဖတ် ပုတ်ရည်၊ နွားချေးဆွေး စသည်တို့ ထည့်ပေးနိုင်သည်။ 

၁၀။တစ်ဧကအပင်ရေ

၃၀×၃၀ ပေ စိုက်လျှင် တစ်ဧက ဝင်ဆံ့ပင်ရေ ၄၈ ပင်။

၁၁။ ရေသွင်းခြင်း

မြောင်းသွယ်၍ ပင်ခြေရင်းဝိုင်းပေးသော ရေသွင်းနည်းသည် အကောင်းဆုံး ဖြစ်ပါသည်။ အုန်း၏ အဓိကလိုအပ်ချက်မှာ နွေရာသီမှာ ရေလုံလောက်အောင်ပေးနိုင်ရေး ဖြစ်ပါသည်။

၁၂။ အပင်ပြုစုခြင်း

မိုးရာသီ၌ အပင်တန်းကြား နှစ်ကြိမ်ခန့် ထယ်ထိုးခြင်း၊ အုန်းပင်ရင်းတွင် အပိုင်းလိုက် ပေါင်းရှင်းခြင်းနှင့် မြေတောင် မြှောက်ပေးခြင်း၊ မြေနိမ့်သောခြံများ ရေမဝပ်စေရန် ရေနုတ်မြောင်းများ ပြုလုပ်ထားရန်လိုအပ်ပါသည်။

၁၃။ ပိုးမွှားရောဂါများ

၁။ အပင်ငယ်စဉ် ခြ၊ ပုရွက်ဆိတ်၊ ကြွက်များ ကျရောက်တတ်သည်။

၂။ အပင်ကြီးလာလျှင် ရွက်စားပိုး၊ ခြယံ၊ ပိုးကြံ့ကောင်များ ကျရောက်သည်။

ရောဂါများ

အမြစ်ပုပ်ရောဂါ၊ အညွှန့်ညိုးရောဂါများ ကျရောက်သည်။

၁၄။ အထွက်နှုန်း

အမြင့်မျိုးသည် အပင်သက်တမ်း ၇-၁၀ နှစ်တွင် လည်းကောင်း၊ အပုမျိုးသည် ၃-၅ နှစ်တွင် လည်း ကောင်း၊ လိမ္မော် ရောင်မျိုးသည် ၅-၇ နှစ်တွင်လည်းကောင်း စတင်သီးပါသည်။ စတင် သီးသောနှစ်တွင် တစ်ပင်လျှင် ငါးလုံး၊ အသီးမှန် သွားသောနှစ်တွင် တစ်နှစ်လျှင် တစ်ပင်မှ အလုံး ၅၀ နှုန်း သီးပါသည်။ တစ်ဧကလျှင် ပျမ်းမျှ အလုံး ၂၅၀၀ ထွက်ရှိပါ သည်။

Source - သစ်သီးဝလံစိုက်ပျိုးနည်း

 


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ဦးကြီးတို့ရဲ့ မြေကြီးက ရွှေသီးဖို့ပဲ ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ စပါးခင်းထဲ ရွှေခရုရောက်လာပြီဆိုရင်တော့ မြေကြီးက ရွှေသီးဖို့ကို အနှောင့်အယှက် ကောင်းကောင်းကြီးပေးပါလိမ့်မယ်။ မြန်မာ့မျိုးရင်းခရုမဟုတ်တဲ့ တောင်အမေရိကမျိုးစိတ်ဖြစ်ပြီး မြန်မာနိုင်ငံကို ကျူးကျော်လာတဲ့ မျိုးစိတ်ဖြစ်တာကြောင့် အကောင်ပွားနှုန်းကလည်း အဆမတန် မြင့်တက်လာပါတယ်။ ခရုအမ တစ်ကောင်က တစ်ခါ ဥ မယ်ဆိုရင် ဥအရေအတွက် ၁၀၀ ကနေ ၁၀၀၀ အထိ အတွဲလိုက်ဥကြပြီး တစ်နှစ်မှာ ၃ ကြိမ်အထိ မျိုးပွားနိုင်ပါတယ်။ စပါးခင်းတွေမှာ ရွှေခရုကျပြီဆိုရင် ပန်းရောင် ဥ တွေ ကို စပါးပင်တွေမှာ တွေ့ရနိုင်ပါတယ်။ ဒီရွှေခရုတွေကို ရှင်းပစ်ဖို့အတွက်ကတော့ မာလာမြိုင်ရဲ့ ခရုဘုရင် ရှိနေပါပြီ။ ခရုဘုရင်က စားသေအစွမ်းနဲ့ အဆိပ်ငွေ့အာနိသင်ရှိတာကြောင့် ရွှေခရုတွေကို အထိရောက်ဆုံး ရှင်းပေးနိုင်မှာပါ။ အစွမ်းရှိပစ္စည်းဖြစ်တဲ့ Niclosamide -olamine 83.1% WP ပါဝင်ပြီး Chloronitrophenol ဆေးအုပ်စုထဲ ပါဝင်ပါတယ်။ ရေဖျော်ဆေးမှုန့်အမျိုးအစားဖြစ်လို့ ရေ ၂၀ လီတာဝင်တဲ့ဆေးဖျန်းပုံး တစ်ပုံးမှာ ၄၀ ကနေ ၅၀ ဂရမ်အထိ အသုံးပြုနိုင်ပါတယ်။ နှုန်းထားကိုတော့ တစ်ဧကမှာ ၁၅၀ ကနေ ၂၀၀ ဂရမ်နဲ့ တွက်ချက်ပေးထားပါတယ်။ သတိပြုရမှာတော့ ဆေးဖျန်းပြီးနောက်ပိုင်း စပါးခင်းအတွင်းမှာရှိတဲ့ ရေကို ၅ စင်တီမီတာနဲ့ ၃ ရက်ထားဖို့ လိုအပ်ပါတယ်။ ဆေးဖျန်းပြီး ၅၂ ရက်ကြာမှ ရိတ်သိမ်းသင့်ပါတယ်။ ခရုဘုရင်နဲ့ဆို စပါးခင်းကို ဒုက္ခပေးတဲ့ ရွှေခရုတွေကို ရှင်းလင်းနိုင်ပြီး မြေကြီးက ရွှေသီးနိုင်ပြီပေါ့ဗျာ။
Read more Facebook Page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်