အခုနွေစပါးကို ငွေတိုးရင်ဆိုတဲ့ စပါးကို ထည့် ချင်တယ် ဗျ အဆငိပြေလား သိချင်ပါတယ် အသက်က ၁၃၀လို့တော့ပြောကြပါတယ်...... အချို့က မထွက်နိုင်ဘူးလို့ပြောလို့ပါ
- မြေသြဇာ ကျွေးထား/မထား
- မကျွေးထား
- ဆေးဝါးဖြန်း/သုံးစွဲထားမှု
- မရှိ
ငွေတိုးရင် လို့ ခေါ်တာက နတ်တလင်း၊ ပေါင်းတည်၊ သဲကုန်း နယ်တို့ရှိ တောင်သူအမည်ပေးသာဖြစ်ပြီး မည်သည့်မျိုးကို အမည်ပေးထားတယ်ဆိုတာ သေချာမသိရသေးပါဘူး။ ဒါကြောင့် သက်တမ်း ၁၃၀ အတူတူ ဆင်းသုခ၊ မှော်ဘီ ၃ တို့ကိုစိုက်တာကမှ တော်ပါသေးတယ်။ ယခုအချိန်အထိ နွေစပါးမစိုက်ရသေးဘူးဆိုလျင် ၁၃၀ ရက်သက်တမ်းစပါးများကို မစိုက်သင့်တော့ဘဲ ရက် ၁၀၀ ဝန်းကျင် စပါးများကိုသာ စိုက်ပါလို့အကြံပြုလိုပါတယ် ၁၃၀ ရက်စပါးစိုက်ပါက ဩဂုတ်လ ကုန်ခါနီး ဖြစ်သွားပါလိမ့်မည် ဖြစ်ကြောင်း သတိပေးအပ်ပါတယ်။
ဆက်စပ်မေးခွန်းများ
ဆရာခဗျ ဧရာပဒေသာ အသက်ရက်နဲ့ အထွက်နှုံးလေးသိချင်ပါတယ်။
ဖြေကြားချက် 4 ခု
မိုးစပါးအတွက်မလဲတဲ့မျိူးစပါးလေးများရှိရင်လမ်းညွှန်ပေးပါဦးဗျရေနက်ကွင်းမို့လို့ပါ
ဖြေကြားချက် 2 ခု
ဧရာမင်းစပါးအကြောင်း
ဖြေကြားချက် 2 ခု
ရွှေဧရာစပါးအသက်ရက်နဲ့ထွက်နှုံးလေးသိချင်ပါတယ်။
ဖြေကြားချက် 5 ခု
မင်းဧရာစပါးအကြောင်းစုံစုံလင်လင်သိချင်လို့ပါကျေးဇူးပြုပြီးဖြေကြားပေးပါခဗျာ
ဖြေကြားချက် 1 ခု
ကြိုဆိုပါသည်
ဆက်လက်အသုံးပြုရန် ဝင်ရောက်ပါ
မတင်ဘဲ ထွက်မှာ သေချာပါသလား။
သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။