ဖြေကြားချက် ၃ ခု
ဆေးရွက်ကြီးရည်ဖျန်းတယ်ဆိုတာ ပိုးကောင်တွေသေဖို့ မဟုတ်ပါဘူးရှင့်။ ပိုးပြေးဆေးပါ။ ဖြစ်လာကာမှ ဖျန်းခြင်းက ထိန်းချုပ်ဖို့ခက်ပါတယ်ရှင့်။ ဘက်ပေါင်းစုံနည်းတွေနဲ့ကြိုတင်ကာကွယ်ရပါတယ်။ ကျွန်မလည်းမုန်ညင်းစိုက်ပါတယ်။ ဘေးနားကပေါင်းမြက်တွေကိုရှင်းပါတယ်။ ကြက်သွန်ပင်တွေနဲ့ရောစိုက်ပါတယ်။ ဆေးရွက်ကြီးစိမ်ရည်ကို မကြာခဏလေးပုံမှန်ဖျန်းရပါတယ်ရှင့်။ ဖျက်ပိုးတွေမနိုင်ဘူးဆိုတာ သဘာဝမှာ သူတို့ကိုနိုင်တဲ့ ပိုးကောင်တွေမရှိကြတော့လို့ပါ။ ပန်းပင်တွေစိုက်ပေးတာတို့ ဆေးအပြင်းတွေသိပ်မသုံးတာတို့လုပ်ပြီး သဘာဝကို ထိန်းသိမ်းရပါတယ်။ အချိန်အတိုလေးနဲ့ ပိုးမမြင်ချင်ရင်တော့ ဆေးဖိုးနဲ့ ဟင်းရွက်ရောင်းရတဲ့တန်ဖိုးနဲ့က မကိုက်ဘူးမို့ ရေရှည်ကောင်းမယ့်နည်းတွေကိုပဲ သုံးပါတော့တယ်။ ကျွန်မခြံမှာ ဒုတိယနှစ်တော့ အဲ့ပိုးတွေနည်းသွားပါတယ်။ ဘာဆေးအပြင်းမှမသုံးပါဘူး။ ခြုံတွေရှင်းတယ်၊ အပွင့်ပန်းလေးနည်းနည်းစိုက်ပေးတယ်။ ဆေးရွက်ကြီးစိမ်ရည်တို့ ငါးအမိုင်နိုတို့ ပုံမှန်လေးဖျန်းပါတယ်။
ဆက်စပ်မေးခွန်းများ
မြန်မာပြည်အောက်ပိုင်း မိုးရာသီ ဘာစိုက်လို့အဆင်ပြေမလဲခဗျ
ဖြေကြားချက် 1 ခု
ဘားအံမှာနွေရာသီ မုန်ညင်း ဆလပ်စိုက်လို့ဖြစ်လား ခဗျ
ဖြေကြားချက် 2 ခု
ဘာအတွက်သုံးတာလဲ ဆေးဝယ်တာမှားလို့ အပင်ရောဖြန်ရလာခဗျာ
ဖြေကြားချက် 1 ခု
မုန့်ညှင်းခင်းမှာခွေးေလးသန်းကြနေတာဘာဆေးသုံးရလဲဗျ
ဖြေကြားချက် 2 ခု
ဆီထွက်မုန်ညင်း အဝါရောင်ပန်းပွင့်တဲ့ ကာနိုလာစေ့ ဝယ်လို့ရနိုင်တဲ့ နေရာလေး လမ်းညွှန်ပေးကြပါ စီးပွါးဖြစ်စိုက်ရန်မ...
ဖြေကြားချက် 1 ခု