အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ချမ်းမြေ့အေး
လွန်ခဲ့သော ၃ နှစ် က · အောင်မြေသာဇံ

အင်ကြင်းပင်အကြောင်းလေးသိချင်လို့ပါ

စိုက်ပျိုးနည်း အိမ်တွင်းအလှစိုက်ပင်

ဖြေကြားချက် ၁ ခု

ဒို့ဦး​လေး
ဒို့ဦး​လေး အတည်ပြုပြီး 1,116,618 လွန်ခဲ့သော ၃ နှစ် က

ဝီကီပီးဒီးယား က ရှာပေးလိုက်ပါတယ်ဗျာ။ အင်ကြင်းပင်သည် အမြင့်ပေ ၈ဝ ခန့်အထိ ရှိ၍ ပင်စည်လုံးပတ်မှာ ငါးပေမှ ခြောက်ပေအထိရှိသည်။ အလွန်ခြောက်သွေ့၍ မြေဩဇာညံ့ဖျင်းသော ဒေသများတွင်မူ အင်ကြင်းပင်သည် သေးသိမ်ကြုံလှီလျက်ရှိသည်။ အင်ကြင်းပင်သည် သစ်ရာ၊ အင်၊ ကညင်၊ သင်္ကဒူး၊ ကောင်းမှု၊ သင်္ကန်း စသောအပင်တို့နှင့် မျိုးတူ ဖြစ်သည်။ ခြောက်သွေ့သော အရပ်ရှိသစ်တောများနှင့် အင်တိုင်းတောများ တွင် အင်ကြင်းပင်ကို အင်ပင်၊ သစ်ရာပင်တို့နှင့် ရော၍တွေ့နိုင် သည်။ အင်ကြင်းနှင့် သစ်ရာပင်တို့သည် အရွယ်တူနိုင်သော် လည်း အလေးချိန်တွင်မူ အင်ကြင်းသားက သစ်ရာသားထက် အနည်းငယ်ပို၍ပေါ့သည်။ အင်ကြင်း(Ingyin) ၏ ရုက္ခဗေဒ အမည်မှာ Pentacme Siamensis ဖြစ်သည်။ အင်ကြင်းပင်ကို သင်းသတ်နည်းဖြင့်မဟုတ်ဘဲ အပင်စို အတိုင်းခုတ်လှဲရသည်။ အင်ကြင်းသားသည် သစ်ရာသားနှင့် ဆင်၍ မာကျောခိုင်ခံ့သဖြင့် အလွန်အသုံးဝင်သည်။ ရှမ်းပြည် မြောက်ပိုင်း၌ အင်ကြင်းသားကို မီးရထားလမ်းများခင်းရန် ဇလီဖားတုံးများအဖြစ် အသုံးပြုသည်။ အထက်မြန်မာနိုင်ငံတွင် နေအိမ်များကို များသောအားဖြင့် အင်ကြင်းသားဖြင့် ဆောက်လုပ်ကြသည်။ နမ္မတ္တူ သတ္တုတွင်းနှင့် ဘီအိုစီရေနံတွင်းများတွင် စက်မှုဆိုင်ရာ အဆောက်အအုံများကို အင်ကြင်းသားများနှင့် များသောအားဖြင့် ဆောက်လုပ်ကြသည်။ အင်ကြင်းသစ်လုံးများကို သစ်ပိုးများဖျက်ဆီးလေ့ရှိသဖြင့် သစ်ပင်ခုတ်လှဲပြီးလျှင်ပြီး ခြင်း အခေါက်ကိုခွာပစ်ရသည်။ မိုးနည်းပိုင်းရှိ သစ်တောများတွင် အင်ကြင်းပင်ကို အများအပြားတွေ့ရသော်လည်း မိုးများ သော အောက်မြန်မာနိုင်ငံနှင့် မုတ္တမစသော တနင်္သာရီတိုင်းတွင် အင်ချင်းဟုခေါ်သော အပင်တူမျိုးကို တွေ့နိုင်လေသည်။ အင်ကြင်းနှင့် အမည်ချင်းဆင်သော်လည်း မျိုးမတူသော သစ်အယ်ကြင်း သို့မဟုတ် ကြံ့စာဟု ခေါ်သော သစ်ပင်မျိုးကို မြန်မာနိုင်ငံတွင် ပေ ၄ဝဝဝ ကျော်မြင့်သော တောင်ကုန်းဒေသများတွင် တွေ့ရသည်။ ထိုသစ်ပင်သည် ပေ ၈ဝဝ အထိမြင့်၍ ကြီးခဲသော အပင်မျိုးဖြစ်သည်။ ထိုအပင်သည် အမြဲစိမ်း အပင်မျိုး ဖြစ်သည်။ ထိုအပင်၏အရွက်များသည် လှံသွားသဖွယ် ခပ်သွယ်သွယ်ရှိ၍ အပင်ကိုထူထပ်စွာ ဖုံးအုပ်လျက် ရှိသည်။ သစ်အယ်ကြင်းသားကို မိုးကုတ်နယ်ရှိ ပတ္တမြားတွင်းများတွင် အဆောက်အအုံများ ဆောက်လုပ်ရာတွင် အသုံးပြုကြ သည်။ ဖေဖော်ဝါရီလနှင့်မတ်လ (တပို့တွဲနှင့်တပေါင်းလ)များတွင် အင်ကြင်းပင်မှ နီရဲနေသောရွက်ကျင် ရွက်ဟောင်းများ သည် ကြွေကျကုန်၍ ရွက်နုရွက်သစ်တို့နှင့်အတူ အညွန့်အဖူး တို့သည် ထွက်ပေါ်လာကြလေသည်။ ပန်းပွင့်များပွင့်ချိန်တွင် အင်ကြင်းပင်များသည် ကြက်ငှက်တို့၏ အတောင်များကဲ့သို့ အဝါရောင်ရှိသော ပန်းပွင့်တို့ပွင့်ကြသဖြင့် ဝေဆာတင့်တယ် ရှု ချင့်စဖွယ်ရှိလေသည်။ အင်ကြင်းပန်းတို့မှ သင်းပျံသော ရနံ့တို့ ဖြင့်လည်း တောလုံးကြိုင်လျက်ရှိလေသည်။ အင်ကြင်းသီး၏ ငှက်တောင်သဖွယ် အဖတ်ကြီးသုံးခုနှင့် အဖက်သေးနှစ်ခုပါရှိ လေသည်။ ထိုအသီးများသည် မေနှင့်ဇွန်လများတွင် မှည့်ကြပြီး လျှင် မြေပြင်သို့ အစေ့များ ကြွေကျကြသည်။ ပိုးကောင်များက အင်ကြင်းသီးနှင့် အစေ့များကို အလွန်ဖျက်ဆီးတတ်ကြသဖြင့် မအောင်မြင်သည်ကများသည်။ ပိုးကောင်များ အဖျက်အဆီး ကင်းသော အစေ့များသည်လည်း တစ်ရက် နှစ်ရက်အတွင်း အစို့များပေါက်လွယ်သဖြင့် ကြာရှည်သိမ်းဆည်းထား၍မရချေ။ အင်ကြင်းပင်သည် ဒစ်တာရိုကာပေစီအီး မျိုးရင်းတွင် ပါဝင်ပြီးလျှင် ရုက္ခဗေဒအလိုအားဖြင့် ယင်းကို ပင်တက်မီဆွာဗစ် ဟုခေါ်လေသည်။[၂]

You
Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

ဆက်စပ်မေးခွန်းများ

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။