အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ဇွဲခန့် ပိုင်
လွန်ခဲ့သော ၃ နှစ် က · ကျုံပျော်

ဝက်ချေးသီသီး ကို EM နဲ့ရောပြီး မြေဆွေး လုပ်ချင်လို့ပါ။ လုပ်လို့ ရ/မရ၊ ပြီးတော့ EM ဘယ်လောက်ရောသင့်ပါ သလဲ၊ ဖြေကြားပေးစေချင်ပါတယ်

အပင်အာဟာရ ငှက်ပျော

ဖြေကြားချက် ၄ ခု

စိုင်း ထွန်း ကြိုင်
စိုင်း ထွန်း ကြိုင် 638 လွန်ခဲ့သော ၃ နှစ် က

EMဖေျာ်ရည်လုပ်နည်း သိချင်ပါတယ်..

ဇွဲခန့် ပိုင်
ဇွဲခန့် ပိုင် 4,902 လွန်ခဲ့သော ၃ နှစ် က

ဒီ ညနေ ပဲ ချေးကို EMနဲ့ ရောစပ်လိုက်ပါပီ၊ အခုမှ သိတော့ မတတ်နိုင် တော့ဘူး၊

U Nyunt Ngwe
U Nyunt Ngwe 116 လွန်ခဲ့သော ၃ နှစ် က

အကိုဆူသုံးပါ

ဒို့ဦး​လေး
ဒို့ဦး​လေး အတည်ပြုပြီး 1,123,114 လွန်ခဲ့သော ၃ နှစ် က

ဝက်​ချေးထည့်ပြီးသုံးပါ။ အီးအမ်ဘိုကာရှီမြေဆွေးပြုလုပ်နိုင်သည့်နည်းများ *********************************************** ဘိုကာရှီ (BOKASHI) ဆိုသည်မှာ အီးအမ် (EM) ကိုလယ်ယာထွက်စွန့်ပစ်ပစ္စည်းများ၊ တိရစ္ဆာန်ချေးများနှင့် စနစ်တကျရောနှောပြီး မွေးမြူခြင်းဖြင့်ရရှိလာသော မြေဆွေးဖြစ်သည်။ လယ်ယာထွက်ပစ္စည်းများဖြစ်သည့် ကောက်ရိုး၊ ပဲမှော်၊ ပဲရိုး၊ ပြောင်းရိုး၊ မြက်စို၊ မြက်ခြောက်၊ ဗေဒါ၊ သစ်ရွက်ဆွေး၊ အမှိုက်ဆွေးစသည်တို့နှင့် တိရစ္ဆာန်ချေး၊ တင်လဲရည်၊ ရေနှင့် အီးအမ် (EM) ဖျော်ရည်တို့ကို ရောမွှေမွေးမြူခြင်းဖြင့် တစ်ပတ်၊ နှစ်ပတ်ခန့်အတွင်း ဘိုကာရှီမြေဆွေး ရရှိပါသည်။ ဘိုကာရှီမြေဆွေးနှင့် ရိုးရိုးမြေဆွေးကွာခြားချက်မှာ ဘိုကာရှီမြေဆွေးတွင် လယ်ယာထွက်စွန့်ပစ်ပစ္စည်းများကို အမြန်ဆွေးမြေ့စေပြီး မြေဆီသြဇာ ထက်သန်စေသော အကျိုးပြုအဏုဇီဝများ အီးအမ် (EM) ပိုမိုပါဝင်ခြင်းဖြစ်သည်။ ရိုးရိုးအီးအမ်ဘိုကာရှီမြေဆွေးပြုလုပ်နည်း ----------------------------------- (၁) အရိပ်အောက်တွင် အီးအမ်ဘိုကာရှီမြေဆွေး       ပြုလုပ်နည်း - စည်ပိုင်းပြတ်ထဲသို့ ရေဂါလံ (၂၀) ထည့်ပါ။ - အသင့်သုံး အီးအမ် (EM) ဖျော်ရည် နို့ဆီခွက် (၃) ခွက်     တင်လဲရည် ု(၃) ခွက်လောင်းထည့်၍ တုတ်ဖြင့်မွှေပါ။       (နို့ဆီခွက် (၃) ခွက် = ၁ လီတာ) - အရိပ်အောက်တွင် လယ်ယာစွန့်ပစ်ပစ္စည်းများကို      အလျား (၆ ပေ)၊ အနံ (၃ ပေ)၊ ထု (၆ လက်မ) ရှိအောင်     တစ်လွှာပုံပါ။ - လယ်ယာထွက်စွန့်ပစ်ပစ္စည်းများ တစ်လွှာချင်းပေါ်တွင်    ရေရောစပ်ပြီး အီးအမ် (EM) ဖျော်ရည် (၃) ဂါလံကို     ဖျန်းပေးရပါမည်။ - နွားချေးနှင့်ဖွဲနုရောပြီး (၈) ပြည်ထပ်၍ဖြူးပါ။ - ဤကဲ့သို့ အလွှာခြောက်လွှာထိ ထပ်၍ပုံပါ။ - အပေါ်မှ ပလတ်စတစ်ဖြင့် လုံအောင်ဖုံးပါ။ (သို့မဟုတ်)    စွန့်ပစ်ပစ္စည်းတစ်ခုခုဖြင့် လုံအောင်ထူထူဖုံးပါ။ - (၄-၅) ရက်ကြာလျှင် မြေဆွေးပုံအတွင်း လက်ဖြင့်စမ်း     ကြည့်၍ တအားပူနေလျှင် အထပ်အောက်လှန်ပေးပါ။     ခြောက်နေလျှင် ရေဖျန်းပေးပါ။ - အဖြူရောင်မှိုမျှင်များတွေ့လျှင်ဆွေးမြေ့နေကြောင်း     သိရှိနိုင်ပါသည်။

You
Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

ဆက်စပ်မေးခွန်းများ

ရေပန်းစားသော အကြောင်းအရာများ

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။